Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 13th March 2010

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ် လက္ခဏာ တစ်ရပ် အဖြစ် မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်သော သတင်းများနှင့် အငြင်းပွားဖွယ်ရာ ဆောင်းပါးများကို ဆင်ဆာဖြတ်ကြောင်း၊ ရန်ကုန် အခြေစိုက် သတင်းစာ ဆရာများ၏ အဆိုအရ သိရှိရသည်။

"ရွေးကောက်ပွဲ ဥပဒေ ကြေညာ ပြီးပြီးချင်း နိုင်ငံရေး ပါတီ ပေါင်းစုံက ပါတီဝင်တွေရဲ့ သဘောထား ထင်မြင်ချက်ကို အင်တာဗျူး လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သတင်းတွေကို ဆင်ဆာ ဘုတ်တင်တဲ့အခါကျတော့ ဖော်ပြခွင့် မပြုဘူးလို့ အပိတ်ခံရပါတယ်" ဟု ရန်ကုန်မှာ အယ်ဒီတာ တစ်ဦးက ပြောကြားသည်။

ထို့အပြင် ဂျာနယ်များသည် အတိုက်အခံ ပါတီခေါင်းဆောင်ကို ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရန် ငြင်းဆန်ပါက ပါတီ ဖျက်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသော NLD ပါတီ၏ အနေအထားနှင့် ပတ်သက်၍လည်း သတင်း မဖော်ပြရန် တားမြစ်ခြင်းခံရသည်။

"နိုင်ငံပိုင် သတင်းစာ တွေမှာ ပတ်သက်နေရတဲ့ သတင်းတွေ နဲ့ ခပ်ဆင်ဆင် အကောင်းမြင် သတင်းမျိုးကလွဲလို့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြား သတင်းတွေ ရေးခွင့်မပေးဘူး" ဟု အဆိုပါ အယ်ဒီတာက ပြောကြားသည်။

"ဒီမှာက အစိုးရ ဘက်တော်သား ပါတီရယ်၊ အတိုက်အခံ ပါတီတွေရယ် ဆိုပြီး ၂ မျိုး ရှိပါတယ်။ အစိုးရ ဘက်တော်သား ပါတီတွေရဲ့ အာဘော်ကိုပဲ ဖော်ပြခွင့်ပေးမယ်ဆိုရင် တရားမျှတတယ်လို့ မပြောနိုင်ပါဘူး" ဟု ရန်ကုန် သတင်းထောက် တစ်ဦးက ပြောဆိုသည်။

ရွေးကောက်ပွဲ ကာလ အတွင်း စာပေ စီစစ်ရေး အဖွဲ့၏ လုပ်ငန်းများကို ကြီးကြပ်ရန် အထူး အဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း ရန်ကုန် သတင်းရပ်ကွက်မှ သိရှိရသည်။ စာပေ စိစစ်ရေး ဘုတ်အဖွဲ့သည် ယခုအခါ ပုံနှိပ်ထုတ်ဝေမည့် စာစောင်မူကြမ်းများကို ဗိုလ်ချုပ်မှူးကြီးနှင့် ရင်းနှီးသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ပါဝင်သော အထူးလုံခြုံရေး တပ်ဖွဲ့သို့ တင်ပြရမည်ဟု ဆိုသည်။

The Myanmar Times, Biweekly Eleven, Mordern နှင့် 7 Days News တို့ အပါအဝင် ရန်ကုန်ထုတ် အပတ်စဉ် ဂျာနယ်များမှာ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အထိမခံသော ကိစ္စများကို ဖော်ပြခဲ့သဖြင့် စာပေစိစစ်ရေး အဖွဲ့က ၎င်းဆောင်းပါးများကို ပယ်ဖျက်ခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment