Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 17th March 2010

နိုင်ငံပိုင် သတင်းစာများတွင် မနက်ဖြန်တွင် ကြေညာမည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဆိုင်ရာ နည်းဥပဒေများတွင် ပါတီမှတ်ပုံတင်ကြေး၊ ကိုယ်စားလှယ်လောင်းအတွက် ခွင့်ပြု အသုံးစရိတ်တို့ ပါဝင်ကြောင်း ဧရာဝတီက ရရှိခဲ့သော နည်းဥပဒေ မိတ္တူ အရ သိရှိရသည်။

နည်းဥပဒေ အခန်း(၂)  အပိုဒ် ၇ (ခ) အရ ''ဤ ဥပဒေ၏ အခန်း ၅ (က) နှင့် ကိုက်ညီ၍ ကော်မရှင်၏ အတည်ပြုမှုကို ရရှိသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ကြေး ၃၀၀,၀၀၀ ကျပ်နှင့် (ဒေါ်လာ ၃၀၀) နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်နိုင်သည်'' ဟု ဖော်ပြထားသည်။

အခန်း (၂၁) အရ မည့်သည့် လွှတ်တော် ရွေးကောက်ပွဲကို မဆို ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၏ စည်းရုံး မဲဆွယ်မှုအတွက် ကျပ်ငွေ ၁၀ သန်း (ဒေါ်လာ ၁၀,၀၀၀) ကို အသုံးစရိတ် အဖြစ် နိုင်ငံရေး ပါတီက သုံးစွဲနိုင်ခွင့် ရှိပြီး၊ ပါတီ ရန်ပုံငွေ (သို့) ကိုယ်စားလှယ်လောင်း၏ တရားဝင် ဝင်ငွေမှ ထုတ်နုတ် သုံးစွဲရမည်ဟု ဆိုသည်။

ဤသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ နည်းဥပဒေ အရ ခွင့်ပြုခဲ့သော မဲဆွယ် စရိတ် ၇၀,၀၀၀ ကျပ် (၁၉၉၀ ငွေလှဲနှုန်း အရ ဒေါ်လာ ၁၅၀၀ ) နှင့် အလွန်ပင် ကွာခြားနေသည်။

ထို့အပြင် လတ်တလော ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေ အရ NLD အနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခြင်း မရှိပါက ပါတီဖျက်သိမ်းပေးရမည် ဖြစ်သည်။

NLD အနေနှင့် ရွေးကောက်ပွဲ ဝင်၊ မဝင် ကိစ္စကို မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု CEC အဖွဲ့ဝင်များထံမှ သိရှိရသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို နိုင်ငံပိုင် ရုပ်သံက ယနေ့ကြေညာခဲ့ပြီး အသေးစိတ် စည်းကမ်းချက်များကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသွားမည် ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment