Transparency Myanmar

transparency.myanmar@gmail.com

Inner City Press, 17th March 2010

မြန်မာ့ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေ အပေါ် ဝေဖန်ပြစ်တင်နေမှုများနှင့် အတူ မတ်လ ၂၅ ရက်နေ့တွင် ကုလသမဂ္ဂ၌ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မိတ်ဆွေနိုင်ငံများ အုပ်စုသည် မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးကြမည်ဟု Inner City Press ၏ အဆိုအရ သိရသည်။

အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက နယူးယောက်မြို့တွင် အရေးပေါ် အစည်းအဝေး ကျင်းပရန် တောင်းဆိုသည့် စာကို အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပေးပို့ခဲ့သည်ဟု ပြောကြားခဲ့ပြီး မတ်လ ၁၆ ရက်တွင် Inner City Press က ဘန်ကီမွန်းထံ ''ပေးစာကို လက်ခံရရှိပါသလား၊ အစည်းအဝေး ကျင်းပပါမည်လား'' ဟု မေးမြန်းခဲ့သည်။

ယူကေ နိုင်ငံမှ ပေးစာကို မရရှိပါ။ သို့သော် မိတ်ဆွေနိုင်ငံများ အဖွဲ့၏ အစည်းအဝေးကို ကျင်းပပါမည်ဟု မစ္စတာ ဘန်ကီမွန်းက ပြန်ကြားသည်။

ကုလသမဂ္ဂဆိုင်ရာ ယူကေနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် Mark Lyall Grant အား အင်္ဂါနေ့ မနက် လုံခြုံရေး ကောင်စီ အစည်းအဝေးသို့ အသွားတွင် Press က မြန်မာနိုင်ငံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းက မှတ်ချက်ပေးခြင်း မရှိသလို ဗုဒ္ဓဟူးနေ့ လုံခြုံရေး ကောင်စီ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။

၎င်း၏ လက်ထောက်  Philip Parham  ရောက်လာသော်လည်း သြစတြေးလျ သံအမတ်ကြီးနှင့် လမ်းခွဲကာ Press သတင်းထောက်များကို ရှောင်၍ အစည်းအဝေးခန်းထဲသို့ ဝင်သွားသည်။ သြစတြေးလျ သံအမတ်ကြီးက မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ Inner City Press သို့ ပြောကြားရာတွင် ယမန်နေ့က အကြောင်းအရာထက်  ပို၍ မသိရသေးဟု ပြောဆိုခဲ့သည်။

သို့ရာတွင် ဗုဒ္ဓဟူး နေ့လယ်၌ Inner City Press က ရရှိခဲ့သော သတင်း အရ မတ်လ ၂၅ ရက် မိတ်ဆွေနိုင်ငံများ၏ အစည်းအဝေး ကျင်းပရန် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံက မဟန့်တားနိုင်ဟုလည်း သိရှိရသည်။ အဆိုပါ သတင်းကို ယူကေ မစ်ရှင်ထံမှ ရရှိခြင်း မဟုတ်ပါ။ မိတ်ဆွေနိုင်ငံများသည် ဘန်ကီမွန်း တောင်းဆိုသည့် အချိန်တွင် တွေ့ဆုံ စည်းဝေးကြမည်ဟု ဆိုသည်။

ဂေါ်ဒွန်ဘရောင်း၏ ပေးစာမရခင် (သို့) ၎င်းစာ အကြောင်း မသိရခင်ကပင် ဘန်ကီမွန်းက မြန်မာနိုင်ငံအရေး ဆွေးနွေးရန် စီစဉ်ထားခဲ့ခြင်း ဟုတ်/ မဟုတ် မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အထူးသဖြင့် လှုပ်ရှားဆောင်ရွက်မှု မရှိသေးသည့် အချိန်တွင် အချိန်ကို ကြိုက်သလို ရွေးချယ်နိုင်သည်။

မစ္စတာ ဘန်ကီမွန်း၏ နေ့လည်ခင်း သတင်းစာ ရှင်းလင်းပွဲ အပြီး အင်္ဂါနေ့တွင်မူ ဗြိတိန် သံအမတ်ကြီး Lyall Grant က ဂေါ်ဒွန်ဘရောင်း၏ ပေးစာကို နောက်ဆုံးတွင် ဘန်ကီမွန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု Inner City Press က သိရှိရသည်။

ဘန်ကီမွန်းသည် ဘရောင်း၏ ပေးစာ အကြောင်း ကြားသိရသဖြင့် ရှေ့သို့ ထွက်ရပ်ရန် ဆုံးဖြတ်ခဲ့ခြင်းလား (သို့မဟုတ်) ခင်မင်ရင်းနှီးသော စိတ်ဖြင့် ညီတူမျှတူ ခံယူ လုပ်ဆောင်ခဲ့ခြင်းလား သေချာ မသိနိုင်ခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment