Transparency Myanmar

transparency.myanmar@gmail.com

The New York Times, By Neil Mac Farquhar, 24th March 2010

မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ရာ တရုတ် နှင့် ဗြိတိန် နိုင်ငံတို့မှ ဆန့်ကျင်ဘက် အမြင်များ ထွက်ပေါ်လာခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် ကိုယ်စားလှယ် အသစ် Li Baogong က ရွေးကောက်ပွဲသည် ပြည်တွင်းရေး ကိစ္စ ဖြစ်ပြီး၊ နိုင်ငံရေး ပြန်လည် ပေါင်းစည်းမှု နှင့် ဒီမိုကရေစီ အတွက် အရေးကြီးသော ခြေလှမ်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဗြိတိသျှ သံအမတ်ကြီး Mark Lyall Grant က သတင်းထောက်များသို့ ပြောကြားရာတွင် ယခု ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်သော လွတ်လပ်၍ တရားမျှတသော လုပ်ငန်းစဉ် အတွက် လိုအပ်ချက်များ ရှိနေကြောင်း ပြောကြားခဲ့သည်။

ဗြိတိန် နိုင်ငံသည် ယခု အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ဥပဒေကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့် မရအောင် ရည်ရွယ် ရေးဆွဲထားကြောင်း စွပ်စွဲခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ်တွင် ပြောကြားခဲ့ရာ၌ သူမ၏ ပါတီအား မှတ်ပုံတင်ရန် ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ သူမ၏ အဆိုပါ မှတ်ချက်မှာ တရားရုံးချုပ်က သူမ၏ ပါတီမှ ရွေးကောက်ပွဲ ဥပဒေ ငါးခုအား တရားစွဲရန် တင်ပြချက်ကို ငြင်းပယ်ခဲ့ပြီး နာရီပိုင်း အတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment