Transparency Myanmar

transparency.myanmar@gmail.com

Straitimes news, 25th March 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ တွင် ယခုနှစ် အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများ အကြောင်း ဆွေးနွေးရန် မျှော်လင့်ထားသော အာဆီယံ ညီလာခံကို ဟနွိုင်းတွင် မကျင်းပမီ အတောအတွင်း၊ နောက်လတွင် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရှိရသည်။

ဧပြီ ၂ မှ ၄ရက် အတွင်း လာရောက်မည့် ခရီးစဉ်တွင် ငုယင်တန်ဒေါင်းသည် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် တွေ့ဆုံ မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ငုယင်ဒေါင်းက ပြောကြားသည်။

မြန်မာအစိုးရ ကတိပေးထားသော ရွေးကောက်ပွဲများနှင့် ပတ်သက်၍ အဓိက ဆွေးနွေးဖွယ်ရှိသည့် ဟနွိုင်းညီလာခံ မတိုင်မီ ၄ရက် အလိုတွင် ယခု ခရီးစဉ်ကို စီစဉ်ထားခြင်း ဖြစ်သည်။

အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပရန် မျှော်လင့်ထားကြသော ရွေးကောက်ပွဲများ အပေါ် မြန်မာအစိုးရက ပြင်းထန်စွာ တင်းကြပ်မှုများ ပြုလုပ်ခဲ့ပြီး အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိထိရောက်ရောက် ဖယ်ထုတ်ထားသည့် အတွက် နိုင်ငံတကာ၏ ပြစ်တင် ရှုတ်ချခြင်းခံနေရပါသည်။

ဗီယက်နမ် ဝန်ကြီးချုပ်သည် မြန်မာခေါင်းဆောင်များနှင့် ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးခြင်း ပြု/ မပြု ကိုမူ ငုယင်ဖွန်ငံ ကပြောကြားခြင်း မရှိပါ။ ယခု ခရီးစဉ် သည် ဗီယက်နမ် နှင့် မြန်မာ အကြား ချစ်ကြည်မှု ခိုင်မြဲရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေးကိုသာ ရည်ရွယ်သည်ဟု သူမက ပြောကြားသည်။ ဝန်ကြီးချုပ်သည် နှစ်နိုင်ငံ အကြား ရင်းနှီး မြှုပ်နှံမှု တိုးမြင့်ရေး အစည်းအဝေး ကိုလည်း တက်ရောက်လိမ့်မည် ဟု ဆိုသည်။

ယခင်နှစ်က မြန်မာနှင့် ဗီယက်နမ် အကြား သွင်းကုန်၊ ပို့ကုန် စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ မပြည့်ပါ။ နိုင်ငံပိုင် ဗီယက်နမ် လေကြောင်းသည် ဟနွိုင်းနှင့် ရန်ကုန် အကြား ပျံသန်း ဝန်ဆောင်မှုကို ယခုလတွင် စတင်ခဲ့သည်။ ကွန်မြူနစ် ဗီယက်နမ် နိုင်ငံသည် ယခုနှစ် အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ကိုယူထားပြီး အာဆီယံ ထိပ်သီး ညီလာခံကို ဟနွိုင်းတွင် ဧပြီ ၈ ရက်၌ လက်ခံကျင်းပမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment