Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၊ မြို့တော်သစ် နေပြည်တော်တွင် ကျင်းပမည့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် မြန်မာစစ်အစိုးရက CNN သတင်းဌာန၏ အာရှပစိဖိတ် ဒေသဆိုင်ရာ သတင်းထောက် Dan Rivers ကို တရားဝင် ဖိတ်ကြားခဲ့သော်လည်း နောက်ဆုံးတွင် အခမ်းအနားသို့ တက်ရောက်ခွင့် မပြုခဲ့ကြောင်း သိရသည်။

သတင်းထောက် Dan Rivers သည် တပ်မတော်နေ့ မတိုင်မီ မတ်လ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်မြို့သို့ ဂျာနယ်လစ် ဗီဇာဖြင့် ရောက်ရှိလာခဲ့သည်။

"ကျွန်တော် အင်မတန် အံ့အားသင့်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တစ်ခေါက် မြန်မာပြည်ကို လာတုန်းက ကျွန်တော့်ကို ပြည်နှင်ဒဏ် ပေးခဲ့ကြလို့ပါ။ အခုလည်း သူတို့ပဲ ဝင်ခွင့်ပေးပြန်တယ်" ဟု မစ္စတာ Dan Rivers က ပြောသည်။ မစ္စတာ Rivers သည် ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းသတင်းကို ရယူရန် ခရီးသွား (တိုးရစ်) ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ရောက်လာခဲ့ဖူးသည်။

ထိုစဉ်က မြန်မာ စစ်အစိုးရသည် နာဂစ်ဆိုင်ကလုန်း ကယ်ဆယ်ရေးဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကို ဗီဇာ ထုတ်ပေးခြင်း မပြုခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရသည်။ နိုင်ငံခြား သတင်းစာဆရာများကို ဗီဇာထုတ်ပေးလေ့ မရှိသည်မှာ စစ်အစိုး၏ ထုံးစံပင်ဖြစ်သည်။ ပြည်တွင်း သတင်းစာဆရာ များကိုသာ အခါအားလျော်စွာ တရားဝင် ဖိတ်ကြားပြီး သတင်းရယူခွင့် ပေးလေ့ ရှိသည်။ သို့သော် ယင်းသို့ ခွင့်ပြုသည်မှာလည်း စစ်အစိုးရက နိုင်ငံရေးအရ သတင်း ထုတ်ပြန်လိုသော အခါမျိုးတွင်သာ ဖြစ်သည်။

CNN သတင်းထောက် Dan Rivers ကို ပထမပိုင်းတွင် စစ်အစိုးရက ၆၅ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက် သတင်း ရယူနိုင်ရန် ဂျာနယ်လစ်ဗီဇာ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အခမ်းအနား မတိုင်မီမှာပင် ၎င်းအား အကြောင်းပြချက် တစ်စုံတရာ မပေးဘဲ ရန်ကုန်မြို့သို့ အစောင့်အရှောက်များဖြင့် ပြန်ပို့လိုက်သည်ဟု ဆိုသည်။

"အထူးထောက်လှမ်းရေး ပုဂ္ဂိုလ် တစ်ယောက်က သူ့ကို တပ်မတော်နေ့ အခမ်းအနား တက်ရောက်ခွင့် မပြုနိုင်ဘူးလို့ လာပြောတယ်။ ပြီးတော့ လေဆိပ်ကို ခေါ်သွားတယ်" ဟု မျက်မြင် သက်သေတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကျင့်သုံးခဲ့သည်မှာ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်သည်။ ယခုနှစ်တွင်း ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကတိပေး ပြောဆိုခဲ့သည်။ သို့သော် လူအနည်းငယ်ခန့်ကသာ အဆိုပါ ရွေးကောက်ပွဲ တရားမျှတမှု ရှိလိမ့်မည်ဟု ဟောကိန်းထုတ်ကြသည်။

Monster Sand Critics မှသတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment