Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By William Boot, 10th April 2010

          ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် ကုန်သွယ်ရေး ဆိပ်ကမ်းများနှင့် အဆက်အသွယ် တိုးချဲ့ရေး အတွက် ဒေါ်လာ ၁၁ သန်း သုံးစွဲမည် ဟု သိရသည်။

          ထိုင်းအစိုးရ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အဆိုပါငွေကို ထိုင်းနိုင်ငံ ကချာနာပူရီမှ ထားဝယ်ဆိပ်ကမ်းသို့ ဆက်သွယ်သော လမ်းဖောက်လုပ်ရာတွင် အသုံးပြုမည် ဖြစ်ပြီး၊ Prachuap Khiri Khan တောင်ဖက်တွင် အမြဲတမ်း နယ်စပ်ဖြတ်ကျော်ရေး စခန်းတစ်ခု ပြုလုပ် ဖွင့်လှစ်မည် ဖြစ်သည်။

          အဆိုပါ လုပ်ငန်းများကို ဟွာဟင်းတွင် ကျင်းပ ပြုလုပ်သော မဲခေါင်မြစ် ကော်မရှင် ကွန်ဖရင့်၏ အရန် အစည်းအဝေးတွင် ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးရာ၌ သဘောတူညီပြီး ဖြစ်ကြောင်း ထိုင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

          အဆိုပါ လုပ်ငန်းနှစ်ခု ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်များနှင့် ပင်လယ်ထွက်ကုန်များ သယ်ယူ ပို့ဆောင်ရာတွင် စရိတ် လျှော့ချရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

          ဘန်ကောက်သည် ထားဝယ်နှင့် ကချာနာဘူရီမှ အဖြောင့်တိုင်းလျှင် ကီလိုမီတာ ၃၀၀ သာ ဝေးပြီး အဆိုပါ လုပ်ငန်းများကို ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်ဟု ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment