Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 10th April 2010

          ၾသစေၾတးလ် အစုိးရက မြန်မာနိုင်ငံအပေါ် ၂၀၀၇ မှစ၍ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထား သော်လည်း လွန်ခဲ့သည့် နှစ်အတွင်း သြစတြေးလျနှင့် မြန်မာအကြား ကုန်သွယ်ရေးသည် ၁၆၀ % ကြီးထွားလာခဲ့သည်ဟု လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က စွပ်စွဲလိုက်သည်။

          အဓိက ကုန်သွယ်ရေး မြင့်တက်မှုမှာ အမျိုးသမီးဝတ် အထည်အလိပ်များ၊ ဆက်သွယ်ရေးနှင့် နည်းပညာ ကိရိယာများနှင့် ငါးလုပ်ငန်း ဖြစ်ပြီး နိုင်ငံပိုင်ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံမှုများ မပါဝင်ဟု Burma Campaign Australia (BCA) က  ယခုအပတ်တွင် ပြောကြားခဲ့ သည်။

          သြစတြေးလျနှင့် မြန်မာအကြား ကုန်သွယ်ရေးသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း သိသိသာသာ ဖွံ့ဖြိုးလာခဲ့ပြီး လွန်ခဲ့သော တစ်နှစ်အတွင်း၌ပင် ၁၆၀ % အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု BCA ပြောရေးဆိုခွင့် ရှိသူ Zetty Brake က ပြောကြားသည်။

          ကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်လာမှု၏ အသေးစိတ် အကြောင်းအရာများကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

          သိမ်းကြုံး ခြုံငုံ ပိတ်ဆို့ အရေးယူမှုများကို သြစတြေးလျက မြန်မာအပေါ် ချမှတ်ထားခြင်း မဟုတ်သော်လည်း မြန်မာငွေကြေး အာဏာပိုင်များနှင့် အစိုးရ ခေါင်းဆောင်များအပေါ် သီးသန့် ပစ်မှတ်ထားသော အရေးယူမှုများကိုမူ သြစတြေးလျ အစိုးရက ၂၀၀၇ မှစ၍ တွန်းအားပေး ဆောင်ရွက်ခဲ့သည်။

          မြန်မာအစိုးရဘက်မှ ပြောင်းလဲလာသည် အထိ အလုံးစုံ ကုန်သွယ်ရေး ပိတ်ဆို့မှု ပြုလုပ်ရန် အစိုးရ ထောက်ခံမှု ရရှိရေးနှင့် အစိုးရက လက်ရှိ ချမှတ်ထားသော ပစ်မှတ်ထား ပိတ်ဆို့မှုများကို တိုးချဲ့ရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟု BCA က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment