Transparency Myanmar

transparency.myanmar@gmail.com

DVB News, By Francis Wade, 9th April 2010

လတ်တလော မြန်မာနိုင်ငံတွင် အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ရောက်ရှိနေသော နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး Gry Larsen က နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျက်စိထဲတွင် မြန်မာနိုင်ငံသည် သဘော မတွေ့စရာ အများဆုံး ရှိသော နိုင်ငံ အဖြစ် ရှိနေဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံကို နိုင်ငံတကာ နှင့် ဆက်ဆံရေး ဖြစ်လာအောင် ထောက်ခံ ကူညီသူ တစ်ဦး ဖြစ်သည်။ Larsen သည် ဧပြီလ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ အရောက် ပြောကြားရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ မူဝါဒတွင် စီးပွားရေးနှင့် ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်မှုများသည် အမှန်တကယ် ဖွင့်ပေးမှု ရှိမရှိ သေချာစွာ စစ်ဆေးသင့်သည်ဟု ဆိုသည်။

နော်ဝေ အစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများကို ငွေရေးကြေးရေးအရရော ပြောင်ကျကျ ပြောဆို၍ လည်းကောင်း ထောက်ပံ့ ကူညီနေသူ ဖြစ်သည်။ နော်ဝေသည် မြန်မာနိုင်ငံ ပြင်ပ မီဒီယာများနှင့် လူ့အခွင့်အရေး အဖွဲ့များကို ငွေကြေး ထောက်ပံ့သူများတွင် ထိပ်ဆုံးနေရာ၌ ရှိသည်။

နော်ဝေသည် ၁၉၈၈ ခုနှစ် အရေးအခင်း အပြီး မြန်မာနိုင်ငံမှ ထွက်ပြေးပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းသူများကို လက်ခံခဲ့သော ပထမဆုံး တိုင်းပြည် ဖြစ်သည်။

ယခု Larsen ၏ ခရီးစဉ်သည် မြန်မာ့ အတိုက်အခံများကို ဗြောင်ကျကျ ထောက်ပံ့သည့် နိုင်ငံ၏ ကိုယ်စားလှယ် အနေဖြင့် ရှားရှားပါးပါး သွားရောက်သော ခရီးစဉ် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား အများစုသည် လက်တစ်ဆုပ်စာသာ ရှိသော မြန်မာအစိုးရ မဟာမိတ် နိုင်ငံများမှသာ ဖြစ်သောကြောင့် ဖြစ်သည်။

စောင့်ကြည့် လေ့လာသူများက ပြောကြားရာတွင် မနှစ်က အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ လာရောက်မှု စသည့် နိုင်ငံတကာ ကိုယ်စားလှယ်များ လာရောက်ရန် ကန့်သတ်ထားမှုများကို ဖြေလျော့ပေးခြင်းသည် ကျင်းပမည့် ရွေးကောက်ပွဲကို တရားဝင်စေရန် ပြသလို၍ ဖြစ်မည် ထင်ကြောင်း ပြောကြားခဲ့ကြသည်။

Larsen သည် သူမ၏ ခရီးစဉ် အတွင်း အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လည်းကောင်း၊ ဒီမိုကရေစီ လှုပ်ရှားသူ ကိုယ်စားလှယ်များနှင့် လည်းကောင်း တွေ့ဆုံခဲ့ရာ၊ ဆင်းရဲ မွဲတေမှုနှင့် ချမ်းသာမှု တိုးတက်လာစေရေးကို ပြောကြားရန် အခွင့်အလမ်း အတွက်ကိုသာ အာရုံပြု သွားမည်ဟု သူမက ပြောခဲ့သည်။ သူမသည် ကမ္ဘာ့ခေါင်းဆောင်များက ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအား ရှုတ်ချ ကန့်ကွက်မှုအား ပြောပြခဲ့ပြီး၊ အကယ်၍ အစိုးရ အနေဖြင့် လမ်းကြောင်းမှန်ကို သွားပါက နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ကမ်း ကြိုဆိုမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

"မြန်မာ အာဏာပိုင်တွေ အနေနဲ့ လမ်းဆုံ လမ်းခွကို ရောက်နေပါပြီ။ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းကို ရွေးမယ် ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းက နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ပြီး အင်အား ကောင်းလာအောင် ပြုလုပ်ပေးပါလိမ့်မယ်" ဟု သူမက ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံ အနေဖြင့် ချမ်းသာမှု၊ ဆင်းရဲမှုနဲ့ သဘောမတူစရာ တွေကတော့ ရှိနေဦးမှာပါပဲ။ ဒါပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်ကိုတော့ ပြည်တွင်းကပဲ ဆုံးဖြတ်ရမှာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့တော့ နိုင်ငံကို အဓိက မောင်းနှင်နေသူတွေနဲ့ ထိတွေ့ ဆက်ဆံမှုကို ရှောင်ရှားနေလို့ မရပါဘူး" ဟု သူမက ပြောခဲ့သည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံကို အချိန် ကြာမြင့်စွာ ပစ်ထားခဲ့ရာမှ ပြီးခဲ့သည့် စက်တင်ဘာလက စပြီး ဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရက တိုးတက်မှု တစ်စုံတစ်ရာ မရှိသဖြင့် စိတ်ဆိုးမှုကို မကြာသေးမီက ဖော်ပြခဲ့သည်။

 မြန်မာ အစိုးရသည် စက်တင်ဘာလ ကတည်းက အမေရိကန် နိုင်ငံသား တစ်ဦးအား မမှန်ကန်သော အချက်အားအရ ဖမ်းဆီးခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အသနားခံစာအား ပယ်ချခြင်း၊ အကြီးအကျယ် သဘောမတူမှုများကို ဖြစ်စေသော ရွေးကောက်ပွဲ ဥပဒေတို့ကို ထုတ်ပြန်ခဲ့ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။

သို့သော် အမေရိကန် ပြည်ထောင်စု အနေဖြင့် ဗိုလ်ချုပ်များနှင့် ဆက်၍ စကားပြောမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းမှာ ဆယ်စုနှစ် နှစ်ခုခန့် မဆက်ဆံဘဲ ပစ်ထားခြင်း၏ ရလဒ် မကောင်းသောကြောင့်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment