Transparency Myanmar

transparency.myanmar@gmail.com

The Nation, 9th April 2010

          အာဆီယံ ခေါင်းဆောင်များက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား ၎င်းတို့၏ အတွေ့အကြုံများ မျှဝေခြင်း၊ မဲပေးပွဲ လေ့လာသူများ စေလွှတ်ပေးခြင်းဖြင့် ကူညီရန် ယနေ့မနက်တွင် ကမ်းလှမ်းလိုက်သည်။

          ညီလာခံတွင် ဝန်ကြီးချုပ် အဘီဆစ်ပဲ့ဂျာဂျီဗား ကိုယ်စား တက်ရောက်သော နိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြက "မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြည့်ဝ၍ လေးစား ယုံကြည်ထိုက်သော ရွေးကောက်ပွဲများ ကျင်းပသည်ကိုသာ အာဆီယံက မြင်တွေ့လိုသည်" ဟု ပြောကြားခဲ့သည်။ အာဆီယံ အပေါ် အများက ရှုမြင်ပုံနှင့် စည်းလုံး ခိုင်မာမှုသည် ရွေးကောက်ပွဲနှင့် ဆက်နွယ် နေသည်ဟု ကာဆစ်က နေးရှင်း သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားသည်။

          မြန်မာနိုင်ငံက ရင်ဆိုင်နေရသော အကန့်အသတ်များ၊ ဖိအားများကို အာဆီယံ ခေါင်းဆောင်များက သဘောပေါက် နားလည်သော်လည်း ရွေးကောက်ပွဲများ လွတ်လပ် မျှတ၍ ပါတီအားလုံး ပါဝင်ခွင့် ရစေရန်အတွက် သဘောထား ပျော့ပြောင်းမှု ပိုမို ပြသရန် ၎င်းတို့အားလုံးက မြန်မာအစိုးရအား တိုက်တွန်းခဲ့ကြသည်။

          မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ထောင်ကာစ၌သာ ရှိသေးသည်ဟု ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ပြောကြားချက်ကို ကာဆစ်က ပြန်လည် ပြောကြားခဲ့သော်လည်း အသေးစိတ် ရှင်းလင်းခဲ့ခြင်း မရှိပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment