Transparency Myanmar

transparency.myanmar@gmail.com

www.monstersandcritics.com, 26 Apr 2010

         မြန်မာဝန်ကြီးချုပ်နှင့် အခြားဝန်ကြီး၊ ဒုဝန်ကြီး အနည်းဆုံး ၁၇ ဦးခန့်သည် ၎င်းတို့၏ စစ်ဖက်ရာထူးများကို တနလာင်္နေ့က စွန့်လွှတ်ခဲ့ကြခြင်းသည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ရယ်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ပုံရကြောင်း စစ်ဖက်သတင်းရပ်ကွက်က ပြောကြားပါသည်။

          "ဝန်ကြီးချုပ်က တပ်မတော် ဗိုလ်ချုပ်ကြီးရာထူးကို စွန့်လွှတ်လိုက်ပြီးဆိုတော့ အခု ဦးသိန်းစိန် ဖြစ်သွားပြီးပေါ့" ဟု အမည်မဖော်လိုသော သတင်းရပ်ကွက်က ဆိုပါသည်။

          ရက်မသတ်မှတ်ရသေးသော ယခုလာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် စစ်ဖက် အရာရှိများ၏ ကြိုတင်ပြင်ဆင်မှု ဖြစ်ဖွယ်ရှိသော အုပ်စုလိုက် စစ်ရာထူး စွန့်မှုကို နိုင်ငံပိုင်မီဒီယာများက လတ်တလော အတည်ပြု ကြေငြာခြင်းမရှိပါ။

         မြန်မာစစ်ဖက်အုပ်ချုပ်သူများက ၎င်းတို့၏ အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန်မြေပုံအရ ယခုနှစ်အတွင်း တချိန်ချိန်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကတိပေးထားပါသည်။

          အဓိက အတိုက်အခံ NLD ပါတီအား ၎င်းတို့၏ ပါတီခေါင်းဆောင်ကို ထုတ်ပယ်ရန် အတင်းအကျပ် ဖိအားပေးထားသော ရွေးကောက်ပွဲဝင် ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေကို မတ်လက ထုတ်ပြန်ခဲ့သည်။

          NLD ပါတီကမူ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန်သာ ရွေးချယ်ခဲ့သည်။ လက်ရှိပြစ်ဒဏ် ကျခံနေရသူများအား ပါတီဝင်အဖြစ်ပင် ခွင့်ပြုခြင်းမရှိသည့် ဥပဒေများသည် နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခြင်းဖြစ်ပုံရပါသည်။

          စစ်ဖက်ရုံးက ၎င်းတို့၏ တပ်မတော် အရာရှိဟောင်းများ ဦးဆောင်မည့် ကိုယ်ပိုင်ပါတီကို မကြာမီ မှတ်ပုံတင်ရန် မျှော်လင့်ထားပါသည်။ စစ်ဖက်ရာထူး ဆက်ယူထားမည့် သူများမှာမူ ရွေးကောက်ပွဲဝင်ခွင့်ရမည် မဟုတ်ပါ။

          ရွေးကောက်ပွဲများသည် စစ်ဖက်လိုလားသော အရွေးကောက်ခံ အစိုးရကို အာဏာရရှိစေမည် ဖြစ်ကာ ၁၉၆၂ ကပင် တိုင်းပြည်ကို အုပ်ချုပ်လာသည့် စစ်အာဏာရှင်များ၏ နိုင်ငံအပေါ် ချုပ်ကိုင်ထားမှုကို ခိုင်မာစေလိမ့်မည်ဟု အကဲခတ်များက ယုံကြည်ထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment