Transparency Myanmar

transparency.myanmar@gmail.com

Associated Press , By Robert Wielaard, 26 April 2010

          ဥရောပသမဂ္ဂ(EU)သည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တနင်္လာနေ့က သက်တမ်းတိုးခဲ့ပါသည်။ သို့သော် မြန်မာအစိုးရနှင့် ဆက်ဆံရေး တိုးတက်ရန်လည်း စိတ်အား ထက်သန်သည်ဟု ဆိုပါသည်။

          EU နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းလမ်းများ အရ လှုပ်ရှား နေသည်ကို မတွေ့ရကြောင်း နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပြောကြားခဲ့ပါသည်။

          EU သည် ပုံမှန်လုပ်နေကျအတိုင်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများကို နောက်ထပ် တစ်နှစ် ထပ်တိုးခဲ့ပါသည်။

          စီးပွားရေးပိတ်ဆို့မှုများတွင် ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ မြန်မာအစိုးရ ခေါင်းဆောင်များနှင့်  နီးစပ်သူများ၊ တရားသူကြီးများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားခြင်းများ ပါဝင်ပါသည်။

          သို့သော် ကြေညာချက်တွင် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့သည် မြန်မာနိုင်ငံတွင် စစ်မှန်သော တိုးတက်မှုများ ရှိခဲ့ပါက အပေါင်းလက္ခဏာဆောင်သော တုန့်ပြန်မှုများ ပြုလုပ်ရန် အဆင်သင့်ရှိ ကြောင်း ပြောဆိုခဲ့ပါသည်။

          EU သည် မြန်မာအာဏာပိုင်များနှင့် ဆက်လက် စကားပြောသွားရန်၊ အခြားသက်ဆိုင်သော ပြင်ပပုဂ္ဂိုလ်များကိုလည်း စကားပြောရန် အဆင်သင့်ရှိကြောင်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြ ထားပါသည်။

          EU နိုင်ငံခြားရေး ဝန်ကြီးများက ပြောကြားရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာရေးအတွက် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အကူအညီပေးရန်နှင့် ယုံကြည်မှုတည် ဆောက်နိုင်ရေးအတွက် အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် စူးစမ်းရှာဖွေရေး မစ်ရှင်တစ်ခု စေလွှတ်ရန် ပြင်ဆင်လျက် ရှိသည်ဟု ဆိုပါသည်။

          သို့သော် မြန်မာနိုင်ငံဖက်တွင် အဆိုပါ EU သံတမန်မစ်ရှင်အား လိုလိုလားလား လက်ခံလိုခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment