Transparency Myanmar

transparency.myanmar@gmail.com

           အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဒေသတွင်း ပြဿနာများ ဖြေရှင်းပေးရေး အတွက် ဆေးကြိမ်လုံးတစ်ခု မဟုတ်ပေရာ စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံ တွင် ကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိမည်ဟု ကျိန်းသေ မပြောဆိုနိုင်ကြောင်း အာဆီယံအကြီးအကဲ ဆူရင်ပစ်ဆာဝမ်က အသိပေး ပြောဆိုလိုက်သည်။

မြန်မာဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီများ ပါဝင်ယှဉ်ပြိုင်မှု မပြုဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်ကိစ္စမှာ ပြဿနာတစ်ရပ် ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။ နိုဝင်ဘာ လဆန်းပိုင်းတွင် ကျင်းပဖွယ်ရှိသည်ဟု ခန့်မှန်းရသော အဆိုပါ ရွေးကောက်ပွဲသည် အများ၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

အကြောင်းမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိအောင် ဥပဒေများက ထိထိရောက်ရောက် တားမြစ်ထားသောကြောင့်ပင် ဖြစ်သည်။

"အဲဒါပြဿနာဆိုတာ လူတိုင်းသိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အာဆီယံဆိုတာလည်း ဒေသတွင်း အရေးကိစ္စတိုင်းအတွက် ဆေးကြိမ်လုံးတစ်ခု မဟုတ်ဘူး" ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က မြန်မာရွေးကောက်ပွဲအရေးနှင့် ပတ်သက်ပြီး အာဆီယံကို ကာကွယ်ပြောကြားသည်။ ဒေသတွင်း ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အာဆီယံမှာ တစ်ခါတရံတွင် အစွယ်မရှိသူအဖြစ် ရှုတ်ချပြောဆိုခြင်း ခံရသည်။

အာဆီယံသည် အရှေ့တောင်အာရှဒေသ ငြိမ်းချမ်းမှု၊ စီးပွားရေး တိုးတက်မှုတို့ကို ထိန်းသိမ်း ထားနိုင်ခဲ့ပါသည်ဟု ၎င်းကဆိုသည်။ "ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအတွက် ကျွန်တော်တို့ လုပ်ကိုင်ပေးနိုင်ခဲ့ပါတယ်" ဟု ဆိုသည်။

လူ့အခွင့်အရေး ကိစ္စဆိုင်ရာ ဆောင်ရွက်ချက်များအတွက် အချိန်လိုအပ်လိမ့်မည်ဟု အာဆီယံ ဥက္ကဋ္ဌ ဆူရင်ပစ်ဆာဝမ်က ဆိုသည်။ သို့သော် ယခုအခါ အဖွဲ့ဝင်များအချင်းချင်း ယခင်ကထက်ပို၍ ပွင့်လင်းမြင်သာမှုရှိသော၊ ယုံကြည်စိတ်ချရသော ပုံစံမျိုးဖြစ်လာစေရန် ဆွေးနွေးလျက် ရှိသည်ဟု ဆိုသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment