Transparency Myanmar

transparency.myanmar@gmail.com

Inner City Press, By Matthew Ruscell Lee, 17th June 2010

အာဏာရှင် အစိုးရပင် ဖြစ်စေကာမူ၊ စစ်အစိုးရပင် ဖြစ်စေကာမူ အစိုးရအဖွဲ့၏ စွမ်းဆောင်ရည် တိုးတက်အောင် ပြုလုပ်ပေးခြင်း လုပ်ငန်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က လုပ်ဆောင်လျက် ရှိသည်။ ကြာသပတေးနေ့က Inner City Press သည် UNDP အုပ်ချုပ်ရေး အရာရှိ Helen Clark အား သူမ ပြောခဲ့သည့် မြန်မာနိုင်ငံတွင် UNDP လုပ်နိုင်သော ကိစ္စရပ်များကို နိုင်ငံရေးအရ အကြောင်းရင်းခံများက ကန့်သတ်မှု ပြုနေကြောင်း ကိစ္စအား ရှင်းလင်း ပြောပြရန် မေးမြန်းခဲ့သည်။ သူမက ယခုအချိန်တွင် Millennium Development Goals အစီအစဉ်အရ တိုးတက်မှုများ ပြုလုပ်ရန် သိပ်မလွယ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

Ms. Clark သည် အမြင် ပြောင်းသွားခဲ့ပြီး၊ မြန်မာနိုင်ငံတွင် အကန့်အသတ်ဖြင့် ပြုလုပ်ရသော UNDP ၏ လုပ်ရပ် အပေါ် အပြစ်မဖို့သင့်ကြောင်း၊ အလှူရှင်များ၏ နိုင်ငံရေး ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ဖွင့်ရလျှင် အရေးယူ ပိတ်ဆို့မှုများကြောင့် ဖြစ်ကြောင်း သူမက ဆိုသည်။ Clark က မြန်မာနိုင်ငံသည် မြောက်ကိုရီးယား အပါအဝင် အခြားနိုင်ငံများ နှစ်စဉ်ရသော ဖွံ့ဖြိုးမှု အကူအညီ အနည်းဆုံးရသော နိုင်ငံများထက်ပင် ဖွံ့ဖြိုးမှု အကူအညီ အနည်းငယ်သာ ရကြောင်း အလေးထား ပြောကြားခဲ့သည်။ နိုင်ငံရေးမှာမူ အလွန် ရှုပ်ထွေးသော အကြောင်းရပ် ဖြစ်ကြောင်း သူမက ပြောသည်။

ထိုကိစ္စမှာ အမှန်ပင် ဖြစ်သည်။ မြန်မာ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား ဖျက်သိမ်းခဲ့ပြီး၊ ရွေးကောက်ပွဲကို စစ်တပ်နှင့် ပတ်သက်သော ကိုယ်စားလှယ်များ အတွက်သာ ပြုလုပ်မည် ဖြစ်သည်။ ဤကဲ့သို့သော အစိုးရမျိုး၏ စွမ်းဆောင်ရည် မြင့်မားရေး အတွက် UNDP က ကူညီပေးသင့်ပါသလော။

ဗြိတိသျှ သံအမတ်ကြီး Lyall Grant က ဝင်ရောက် ပြောဆိုရာတွင် အရေးယူမှုများမှာ အစိုးရကိုသာ ရည်ရွယ် ချမှတ်ထားခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

ကုလသမဂ္ဂ ကလေးငယ်များနှင့် လက်နက် ပဋိပက္ခ ကိုယ်စားလှယ် Radhika Coomaraswamy က ပြောကြားရာတွင် မြန်မာ အစိုးရသည် ရွေးကောက်ပွဲကြောင့် ကလေး စစ်သားများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်နေမှုများကို လုံးဝ ရပ်ဆိုင်းထားကြောင်း ဆိုသည်။ ဇွန်လ ၁၆ ရက်နေ့က လုံခြုံရေး ကောင်စီ အပြင်ဖက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးအား Inner City Press က ရပ်တန့်၍ အဘယ်ကြောင့် ရပ်ဆိုင်းသွားရသနည်းဟု မေးမြန်းခဲ့သည်။ သံအမတ်ကြီးက ပြောကြားရာတွင် မြန်မာ အစိုးရသည် Ms. Coomaraswamy နှင့် အနီးကပ် လုပ်ဆောင်လျက် ရှိကြောင်း၊ သူမ၏ စာရင်းတွင် ကလေး စစ်သား စုဆောင်းသူ အဖြစ် စာရင်းသွင်းထားမှုကို ဖျက်ပေးစေလိုကြောင်း ပြောသည်။ အမှန်တကယ်ပင် UNDP က ထိုကိစ္စကို အကူအညီ ပေးမည်လော။

Inner City Press က Ms. Clark အား ဆိုမာလီ၏ လုံခြုံရေး ကဏ္ဍတွင် UNDP ၏ အခန်းကဏ္ဍအား မေးမြန်းခဲ့သည်။ ဆိုမာလီ အစိုးရသည် ကလေးစစ်သား ၂၀% အသုံးပြုလျက် ရှိသည်။ "ကျွန်မတို့ စစ်သားတွေကို လေ့ကျင့် မပေးပါဘူး။ ကျွန်မတို့ အဲဒီကိစ္စနဲ့ လုံးဝ မနီးစပ်ပါဘူး" ဟု Clark က ဖြေသည်။ UNDP သည် TFG လုံခြုံရေး အတွက် ငွေကြေး ထောက်ပံ့ပေးသည်။ ၎င်းတို့ မည်မျှလောက် အသုံးပြုသည် ဆိုသည်ကိုသာ အငြင်းပွားနေသည်။

အောက်ခြေမှတ်စု

UNDP သည် မြောက်ကိုရီးယား အစီအစဉ်များကို ပြန်လည်ဖွင့်လှစ်ရာတွင် နိုင်ငံတကာ ငွေရေးကြေးရေး အရာရှိအဖြစ် Mr. Vijay Thapa ကို စာရင်းပေးခဲ့သည်။ သံချောင်းခေါက်သူ တစ်ဦးက မေးမြန်းရာတွင် အတွေးထဲတွင် ပဋိပက္ခ ဖြစ်နေသော အချက်တစ်ခုမှာ Mr. Thapa သည် မြောက်ကိုရီးယားတွင် ၂၀၀၃  ခုနှစ်ကတည်းက ငွေရေးကြေးရေး အရာရှိ တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဖြစ်နေခြင်း ဖြစ်ကြောင်း၊ ငွေအတု ပြုလုပ်ကြောင်း မတွေ့ရှိမီ လေးနှစ်ခန့်က မဟုတ်ပေဘူးလားဟု မေးသည်။ Mr. Thapa သည် ငွေတု ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အမေရိကန် တောင်ပိုင်း ရှေ့နေနှင့် စကားပြောရန် ပျက်ကွက်သူ မြောက်ကိုရီးယားရှိ UNDP ဝန်ထမ်းများတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ မြောက်ကိုရီးယားရှိ UNDP ၏ လုပ်ရပ် အမှားများ အတွက် စီမံခန့်ခွဲမှု တာဝန်ရှိသူများတွင် ဇာတ်ကောင်ဟောင်း တစ်ဦး ဖြစ်သည်။ တစ်ဦးကမူ Mr. Thapa အား ခန့်ထားရခြင်းမှာ မြောက်ကိုရီးယား အစိုးရ၏ တောင်းဆိုမှုကြောင့် မဖြစ်နိုင်သလောဟု တွေးပေသည်။ ထိုသို့ ခန့်ထားခြင်းကြောင့် မြောက်ကိုရီးယား အစိုးရ စွမ်းဆောင်ရည် ပိုမို မြင့်တက်လာမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment