Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, by AFP, 30th July 2010

မြန်မာနိုင်ငံတွင် မြောက်ကိုရီးယား၏ အထီးကျန် ခေါင်းဆောင် ကင်ဂျုံအီ၏ အတ္ထုပ္ပတ္တိအား မြောက်ကိုရီးယား သံရုံးမှ တာဝန်ခံများက ၎င်းတို့၏ ခွင့်ပြုချက် မရရှိ၍ ဟုဆိုကာ စာအုပ် ရာနှင့်ချီ၍ လိုက်လံ သိမ်းဆည်းလျက် ရှိကြောင်း၊ စာအုပ် ရေးသားသူ စာရေးဆရာက သောကြာနေ့က ပြောကြားခဲ့သည်။

နာမည်ကြီး စာရေးဆရာ ဟိန်းလတ်က AFP သို့ ပြောကြားရာတွင် ယခုလ အစောပိုင်းက ရန်ကုန်ရှိ မြောက်ကိုရီးယား သံတမန်များက ကင်ဂျုံအီ အကြောင်း မြန်မာ ဘာသာစာအုပ်အား ပြန်လည် ရုတ်သိမ်းရန် ပြောခဲ့သည်ဟု ဆိုသည်။

"သူတို့က ပြောတယ်။ ဒီစာအုပ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်နိုင်တယ်လို့ ပြောတယ်။ ဒီစာအုပ်ကို ဆက်မဖြန့်ဖို့ ပြောတယ်။ ဒီစာအုပ်မှာပါတဲ့ အချက်တွေ မှားနေလို့လို့ ပြောပါတယ်" ဟု ဟိန်းလတ်က ပြောသည်။ ၎င်းသည် ၎င်းထံတွင် ရှိသော စာအုပ် ၃၁၀ ခန့်ကို အဆိုပါ မြောက်ကိုရီးယားများအား ပေးအပ်ခဲ့သည်ဟု ဆိုသည်။

စာအုပ်များ မသိမ်းမီက အုပ် ၇၀၀ ခန့် ရောင်းခဲ့ရပြီး ဖြစ်သည်။ အဆိုပါ စာအုပ်တွင် ကိုးကားထားသော အမေရိကန်တွင် ရိုက်နှိပ် ထုတ်ဝေသော စာအုပ်များကို မြောက်ကိုရီးယားတို့ ကြိုက်ဟန် မတူကြောင်း ၎င်းက ဆိုသည်။

"သူတို့က ပြောတာက သူတို့ တိုင်းပြည်မှာ တရားဝင် ထုတ်ထားတဲ့ စာအုပ်တွေကို ကိုးကားနိုင်ပါတယ်တဲ့။ သူတို့ တိုင်းပြည်မှာ ထုတ်ဝေခြင်း မရှိတဲ့ စာအုပ်တွေမှာ အမှားတွေ မတိကျတာတွေ ပါတယ်လို့ ပြောပါတယ်" ဟု ဟိန်းလတ်က ပြောသည်။

ကင်ဂျုံအီ အတ္ထုပ္ပတ္တိအား မြန်မာနိုင်ငံတွင် တာဝန်ရှိသူများထံမှ ပုံနှိပ် ထုတ်ဝေရန် ခွင့်ပြုချက် ရပြီး ဖြစ်ကြောင်း စာရေးသူက ပြောသည်။ ယခု မြောက်ကိုရီးယား သံတမန်များ၏ လုပ်ရပ်သည် မြန်မာနိုင်ငံ၏ ခွင့်ပြုချက် ရမရ ဆိုသည်ကို မရှင်းကြောင်း ဟိန်းလတ်က ပြောသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment