Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေ တိုးပွားလာသောကြောင့် ကာစီကွန်းဘဏ် (Karsikorn Bank) က မြန်မာဘာသာဖြင့်လည်း အသုံးပြုနိုင်သော အလိုအလျောက် ငွေထုတ် ယူနိုင်သောစက် (ATM-Automated Teller Machine) အလုံးပေါင်း ၁၀၀ ထုတ်လုပ် လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသား ဖော်ပြသည်။

ငါးဖမ်းလုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင် လုပ်ကိုင်သူ မြန်မာ အလုပ်သမား အများဆုံး နေထိုင်ရာ ဆတ်မတ်ဆတ်ခွန် ပြည်နယ်၊ မောင်ခရိုင်ရှိ ATM စက်များ၏ ၈၀ ရာခိုင်နှုန်းမှာ မြန်မာဘာသာဖြင့် အသုံးပြုနိုင်သည်။  ကျန်ရှိသော ATM စက်များမှာ Phetchaburi၊ Prachuap Khiri Khan၊ Ranong နှင့် Trat ပြည်နယ်တို့တွင် ထားရှိကြောင်း K Bank ၏ စီနီယာ ဒုတိယ ဥက္ကဋ္ဌ ဝီရာဝတ်ပန်သာဝမ်ကွန်းက ပြောကြားသည်။

မြန်မာ အလုပ်သမားများကို အလုပ် ခန့်အပ်ထားသူ စီးပွားရေး လုပ်ငန်းရှင်များက အလုပ်သမားများ လွယ်ကူ ချောမွေ့စွာ ငွေထုတ်ယူနိုင်ရေးအတွက် မြန်မာ ဘာသာဖြင့်ပါ အသုံးပြုနိုင်သည့် ATM စက်များ ထုတ်လုပ်ပေးရန် အဆိုပြုခဲ့ကြသည်။

K Bank သည် မြန်မာဘာသာ ပါဝင်သည့် ATM စက်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ဆတ်မတ်ဆတ်ခွန် ပြည်နယ်အတွက် စတင် ထုတ်လုပ်ပေးခဲ့သည်။ "မြန်မာဘာသာနဲ့ အသုံးပြုလို့ ရတဲ့ ATM စက်တွေ စတင် မိတ်ဆက် လိုက်ပြီး နောက်ပိုင်း မြန်မာ Customer တွေ ATM စက်ကို အသုံးပြုပြီး ငွေအပြောင်းအလဲ လုပ်တာ၂၀ ရာခိုင်နှုန်းအထိ မြင့်တက် ခဲ့တာကို တွေ့ရတယ်။ ဘဏ်မှာ ငွေစုတာတို့၊ ငွေထုတ်တာတို့၊ ငွေလွှဲတာတို့ အဲဒါတွေကို အဓိက လုပ်ကြတာပါ" ဟု မစ္စတာ ဝီရာဝတ်ပန်သာဝမ်ကွန်းက ပြောကြားသည်။

K Bank သည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို အစရှိသည့် ဘာသာ စကားများဖြင့်လည်း အသုံးပြုနိုင်သည့် ATM ဝန်ဆောင်မှုစက်များကို ထုတ်လုပ်ရန်လည်း စီစဉ်လျက် ရှိကြောင်း၊ ဘဏ် Customer များ၏ Demand ပေါ်တွင် မူတည်ပြီး သတ်မှတ်ထားသော နေရာ ဒေသများတွင် ထားရှိသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် K Bank အနေဖြင့် အဓိက Customer များဖြစ်သော ထိုင်းပြည်သူများကိုသာ ဦးစားပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။ ATM စက်၏ ဖန်သားပြင်တွင် ဘာသာ စကားမျိုးစုံ ပေါ်နေခြင်းကြောင့် ထိုင်းလူမျိုး Customer များ အနေဖြင့် ရှုတ်ထွေးမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှုတို့ ဖြစ်ပေါ်စေနိုင်သည်။

လတ်တလော အနေအထားတွင် KBank အနေဖြင့် မြန်မာ Customer များအတွက် ငွေချေးသည့် ဝန်ဆောင်မှု တိုးချဲ့ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ အကြောင်းမှာ Demand လျော့နည်းမှုနှင့် အရဲစွန့်ရမှုတို့ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း မစ္စတာ ဝီရာဝတ်ပန်သာဝမ်ကွန်းက ပြောကြားသည်။ KBank သည် ထိုင်းနိုင်ငံ တစ်ဝန်းလုံးသို့ ATM စက် အလုံးပေါင်း ၇၅၀၀ ထုတ်လုပ်ထားပြီ ဖြစ်ပြီး ထိုစက်များတွင် ထိုင်း၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန် အစရှိသည့် ဘာသာစကား လေးမျိုးကို အဓိက အသုံးပြုနိုင်အောင် ထည့်သွင်းထားကြောင်း သိရသည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment