Transparency Myanmar

transparency.myanmar@gmail.com

Daily Times, 2nd Sept 2010

စွမ်းအင် လုံလောက်မှု မရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လျှပ်စစ် ဓါတ်အား ၅၇၄ မဂ္ဂါဝပ်ခန့် တင်ပို့ရန် ရည်ရွယ်ကာ ရေအားလျှပ်စစ် စီမံကိန်း ၂ ခု တည်ဆောက်ရန် မြန်မာက သဘော တူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လတ်တလော မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အာဏာကုန် လွှဲအပ်ခြင်း ခံရသည့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့သည် နယ်စပ်ဖြတ်ကူး လျှပ်စစ်ဓါတ်အား ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မြန်မာ အစိုးရ၏ သဘော တူညီမှုကို ရရှိခဲ့သည်ဟု စွမ်းအင် ဝန်ကြီးဋ္ဌာန ထိပ်တန်း တာဝန်ရှိသူက ပြောကြားသည်။

အိမ်နီးချင်း ၂ နိုင်ငံ အကြား လျှပ်စစ် ဓါတ်အား ရောင်းဝယ်ရေးနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရန် မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒါကာသို့ မကြာမီ လာရောက်လိမ့်မည် ဟု၎င်းကဆိုသည်။

ယခင် တစ်ပတ် မြန်မာခရီးစဉ်တွင် ပါဝင်ခဲ့သည့် အဆိုပါ တာဝန် ရှိသူက ပြောကြားရာ၌ "မြန်မာ နိုင်ငံသည် နောက်ဆုံး စာချုပ်ကို လက်မှတ် မထိုးမီ ဘင်္ဂလားဒေ့ရှ်ထံမှ ငွေပေးချေမှု အာမခံချက်ကို တောင်းခံလိမ့်မည'်' ဟု ဆိုသည်။ မြန်မာ နိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ် အဖွဲ့တွင် စွမ်းအင် ဝန်ကြီးဋ္ဌာနနှင့် စွမ်းအင် ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့မှ ထိပ်တန်း တာဝန်ရှိသူများ ပါဝင်ကြသည်ဟု သိရှိရသည်။

လျှပ်စစ် ဓါတ်အား ထုတ်လုပ်နိုင်စွမ်း  ၅၀၀ မဂ္ဂါဝပ်နှင့် ၇၅ မဂ္ဂါဝပ် အသီးသီး ရှိသော ရေအားလျှပ်စစ် စက်ရုံများကို ဘင်္ဂလားဒေ့ရှ် ကော့ဘဇား ခရိုင်နှင့် နီးကပ်သော ရခိုင်ပြည်နယ်တွင်း မိကျောင်းနှင့် လင်မရို ဒေသများတွင် တည်ဆောက်ရန် စီစဉ်ထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ ဓါတ်အား ရောင်းချမည့် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် မြန်မာနိုင်ငံမှ ရွှေတောင် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ တစ်ခုတို့ သဘော တူညီမှု ရရှိပြီး ဖြစ်သည်။ ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ရန် အတွက် ရခိုင်ပြည်နယ် အတွင်း မြေငှားရမ်းမှု လုပ်ငန်းမှာလည်း ပြီးစီးသွားပြီဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment