Transparency Myanmar

transparency.myanmar@gmail.com

Bernama, 1st Sep 2010

မလေးရှား နိုင်ငံ၏ ကုန်စည်သစ် ဖြန့်ဖြူးမှု ကဏ္ဍကို ပထမဆုံး အကြိမ် မြှင့်တင်သည့် အနေဖြင့် မလေးရှား ပြည်ပ ကုန်သွယ်မှု တိုးတက်ရေး ကော်ပိုရေးရှင်း (MATRADE) သည် အထူး ဈေးကွက် မြှင့်တင်ရေး မစ်ရှင်အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံ ရန်ကုန် မြို့တော်သို့ သွားရောက်ခဲ့သည်ဟု သိရှိရသည်။

အလားတူ မစ်ရှင် အဖွဲ့များကို ဆလိုဗေးနီးယား နိုင်ငံ ကော်ပါး ဆိပ်ကမ်းနှင့် ပြင်သစ်နိုင်ငံ မာဆေး ဆိပ်ကမ်းသို့လည်း စေလွှတ်ရန် ရှိသည်ဟု ဆိုသည်။

အထက်ပါ အထူး မစ်ရှင်သည် ရန်ကုန်မြို့တော်သို့ ပြီးခဲ့သော စနေ၊ တနင်္ဂနွေနေ့များက လာရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ မှ ၂၅ ရက်အထိ ကော်ပါးနှင့် မာဆေး ဆိပ်ကမ်း မြို့တော်များသို့ သွားရောက်မည် ဖြစ်ပြီး အာဆီယံ၊ ဥရောပ သမဂ္ဂနှင့် မြောက်အာဖရိက ဒေသများတွင် မလေးရှား ကုန်စည်သစ် ဖြန့်ဖြူးမှု ကဏ္ဍကို အရောင်း မြှင့်တင်ရေး ပြုလုပ်မည်ဟု ဆိုသည်။

အဆိုပါ မစ်ရှင် အဖွဲ့များသည် မလေးရှား ကုန်စည် ပို့ဆောင်ရေး အသင်းချုပ်၏ အကူအညီဖြင့် ကုန်ပစ္စည်းများကို သယ်ယူလျက် ရှိသည်ဟု "Matrade'' က ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

မလေးရှားနိုင်ငံ ဂျီဒီပီ၏ ၁၃ % ခန့် ရှိမည်ဟု ခန့်မှန်းရသော မလေးရှား ပြည်ပ ကုန်သွယ်ရေး ကဏ္ဍ လွယ်ကူ ချောမွေ့စေရေး ကိစ္စတွင် Matrade ၏ ကုန်စည်သစ် အရောင်း မြှင့်တင်မှုသည် အဓိက အဆင့်တစ်ခု အဖြစ် ပါဝင်ခဲ့သည်။

မစ်ရှင်များသည် အစိုးရက နိုင်ငံတွင်း ကုန်စည် ပို့ဆောင်ရေး ကုမ္ပဏီများကို ကမ္ဘာလုံး ဆိုင်ရာ လည်ပတ်မှုတွင် ပါဝင်နိုင်ရန် နိုင်ရန် နိုင်ငံခြားသို့ ထွက်၍ ရှာဖွေကြရန် အားပေးမှုကို အလေးအနက် ထားသည်ဟု ဆိုသည်။

"အခု အချိန်ဟာ ဒီကဏ္ဍမှာ မလေးရှားရဲ့ စွမ်းဆောင်နိုင်မှုကို ကမ္ဘာက သတိပြုလာအောင် စုစု စည်းစည်းနဲ့ မြှင့်တင်နေတဲ့ အချိန် ဖြစ်ပါတယ်'' ဟု MATRADE ၏ အမှုဆောင် အရာရှိချုပ် Datuk Noharuddin Nordin က ပြောကြားခဲ့သည်။

"အခု တရားဝင် မစ်ရှင်များဟာ အတွေ့အကြုံသစ်များ ရရှိစေမှာ ဖြစ်သလို၊ မလေးရှား ကုန်စည် ပို့ဆောင်သူများ အနေနဲ့ နိုင်ငံရပ်ခြား ကုမ္ပဏီများကို ပေးနိုင်မယ့် ဝန်ဆောင်မှုများ တိုးလာနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ တစ်ဝှမ်းမှာ အဓိက ပို့ဆောင်ရေးနဲ့ ကုန်စည် ပို့ဆောင်ရေး ဈေးကွက် ဖြစ်စေပါတယ်'' ဟု ၎င်းက ပြောသည်။

မလေးရှား ကုန်စည် ပို့ဆောင်ရေး ကဏ္ဍမှ မြန်မာနိုင်ငံ အတွက် မစ်ရှင်တွင် ကုမ္ပဏီ (၂၇) ခုနှင့် ကိုယ်စားလှယ် (၄၀) ခန့် မှတ်ပုံတင်ကြရာ၊ တုန့်ပြန်မှုနှင့် ပါဝင်မှုတွင် အားရစရာ ကောင်းလှသည်။

မြန်မာနိုင်ငံနှင့် နှစ်ရက်ကြာ မစ်ရှင်တွင် မလေးရှား-မြန်မာ စီးပွားရေး အခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပါပြီး၊ အဓိက ဆိပ်ကမ်း နှစ်ခုသို့ သွားရောက် လေ့လာခဲ့သည်။

မလေးရှား ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များသည် ကမ္ဘာ့ကုန်စည် စီးဆင်းရေး လမ်းကြောင်းတွင် တစ်ဦးချင်း ဝန်ဆောင်မှု ပေးရာမှ အစုအဖွဲ့ဖြင့် တဖြည်းဖြည်း စုစည်း ပါဝင်လာသည်။ နိုင်ငံတကာ ပစ္စည်း ဝယ်ယူရေး စင်တာများ၏ လိုအပ်ချက်များကို ကိုင်တွယ် ဆောင်ရွက်ပေးရန် ဒေသတွင်း ပစ္စည်း ဖြန့်ဝေရေး စင်တာများအတွက် ကုန်ပစ္စည်းများ စုစည်း ပေးသော ဝန်ဆောင်မှု၊ ကုန်ပစ္စည်း စီမံခန့်ခွဲမှု ဝန်ဆောင်မှုများ ပေးရန် ရည်ရွယ်သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment