Transparency Myanmar

transparency.myanmar@gmail.com

Daily Star, By Pallab Bhattacharya, 4th September 2010

အိန္ဒိယ အရှေ့မြောက် သူပုန်များအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ပူးပေါင်း နှိမ်နင်းမှုကြောင့် အစွန်းရောက်များသည် ၎င်းတို့၏ အခြေစိုက်မှုများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းသွား ကြကြောင်း ရဲထိပ်တန်း ခေါင်းဆောင် တစ်ဦးက မနေ့က ပြောကြားခဲ့သည်။

သူပုန်ထမှုများမှာ တဖြည်းဖြည်း အားနည်းသွားပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် ရှိသော သူပုန်များကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် အရောင်အသွေး မတူသော သူပုန်များသည် ၎င်းတို့၏ အခြေစိုက် စခန်းများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်း နေကြကြောင်း Tripura ပြည်နယ် ရဲညွှန်ကြားရေးမှူးချုပ် Pranay Sahaya က သတင်းထောက်များကို Agartala တွင် ပြောကြားခဲ့သည်။

အဆိုပါ အရေးကိစ္စသည် နယူးဒေလီတွင် သြဂုတ်လ ၂၅ မှ ၂၈ ထိ ပြုလုပ်သော ရဲညွှန်ချုပ်များ၏ ကွန်ဖရင့်တွင် ထွက်ပေါ်လာခဲ့ပြီး၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး P Chidamharam နှင့် ပြည်ထဲရေး အတွင်းရေးမှူး GK Pillaic တို့က ထိုကိစ္စကို ပြောခဲ့သည်ဟု ၎င်းက ပြောသည်။

"ULFA အပါအဝင် မြေအောက် အုပ်စု အားလုံးဟာ ဘင်္ဂလားဒေ့ရှ်မှာ ဖိအား အရမ်း ပေးခံရတော့ မြန်မာနိုင်ငံကို သူတို့ ရွှေ့ကြရတယ်။ မြန်မာနဲ့က လွယ်ကူစွာ ဝင်ထွက်လို့ ရပြီး ရှည်လျားတဲ့ ခြံစည်းရိုး ခတ်မထားတဲ့ နယ်စပ် ရှိတယ်၊ ရဲတွေလည်း မရှိဘူးလေ" ဟု Sahaya က ပြောသည်။

အဖွဲ့မျိုးစုံ ဖြစ်သော ULFA၊ KNLF နှင့် UNLF တို့သည် ၎င်းတို့၏ အခြေစိုက် စခန်းများကို အိန္ဒိယနှင့် ၁၆၅၀ ကီလိုမီတာ ရှည်သော နယ်စပ်ရှိ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်း သွားကြပြီး ဖြစ်သည်။

Sahaya က မေးခွန်းများကို ပြန်လည် ဖြေကြားရာတွင် အိန္ဒိယသည် အရှေ့မြောက် သူပုန်များက မြန်မာ့မြေအား အသုံးပြုနေမှု ကိစ္စအား မြန်မာ အစိုးရနှင့် စကားပြောခဲ့ကြောင်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မကြာသေးမီက National Liberation Front of Tripura (NLFT) စခန်း သုံးခုအား စစ်တကောင်း တောင်လမ်းတွင် ဖျက်ဆီးခဲ့ပြီး၊ ရဟတ်ယာဉ် ဆင်းသည့် ကွင်းအဖြစ် တည်ဆောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment