Transparency Myanmar

transparency.myanmar@gmail.com

Radio Australia News, 10th September 2010

မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ တိုင်းပြည် အပေါ် ထောက်ခံ အားပေးခြင်း အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဘေဂျင်း နှင့်အတူ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရသည်။

၎င်းသည် ထိပ်တန်း တရုတ် ခေါင်းဆောင်များနှင့် တွေ့ဆုံမှု များစွာ ပြုလုပ်ခဲ့ရာ၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် နောက်ဆုံး တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ အစိုးရ ခေါင်းဆောင်သည် ၎င်း၏ တိုင်းပြည်တွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပရန် ၂လ အလို အင်္ဂါနေ့တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်းရွေးကောက်ပွဲများသည် စစ်အုပ်ချုပ်ရေးကို အမြစ် တွယ်စေမည့် အတုအယောင် လုပ်ရပ်သာ ဖြစ်သည်ဟု အနောက်နိုင်ငံ အစိုးရများက ပြစ်တင် ရှုတ်ချလျက် ရှိသော်လည်း ဘေဂျင်းကမူ ဒီမိုကရေစီသို့ ဦးတည်သည့် အရေးကြီးသော အဆင့်အဖြစ် မြှောက်ပင့် ချီးကျူးလိုက်သည်။

"ရွေးကောက်ပွဲများ ချောမွေ့စွာ ကျင်းပနိုင်ရေးသည် ပြည်သူတို့ အတွက် အခြေခံ အကျိုး စီးပွားများ ထဲတွင် ပါဝင်ပြီး ဒေသတွင်း တည်ငြိမ်မှုနှင့် အေးချမ်းမှုကို ဖြစ်ပေါ်စေလိမ့်မည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း "နှစ်နိုင်ငံ အကြား ရှိပြီးသား အိမ်နီးချင်း ချစ်ကြည်မှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုနှင့် ယုံကြည်မှုတို့ကို ဆက်လက် တိုးမြှင့်သွားရန် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း" သမ္မတ ဟူကျင်းတောင်ကို ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment