Transparency Myanmar

transparency.myanmar@gmail.com

China Daily, 8th September 2010

မြန်မာနိုင်ငံ နှင့် စစ်ဖက် ဆက်ဆံရေး အရေးကြီးပုံကို တရုတ်နိုင်ငံက စွဲစွဲမြဲမြဲ မှတ်ယူ ထားသည်ဟု တရုတ် ထိပ်တန်း စစ်ဖက် အရာရှိက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီက မြန်မာနိုင်ငံ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင် သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ အကြား၊ နှစ်နိုင်ငံ တပ်မတော်များ အကြား အပြန်အလှန် ဆက်ဆံရေး မှန်မှန် တိုးတက်လာခြင်းကို ဂုဏ်ပြုသည့် အနေဖြင့် ချန်ဘိုင်ဒီက ပြောကြားရာတွင် ကဏ္ဍနယ်ပယ် ပေါင်းစုံ၌ အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်မှုများက နှစ်နိုင်ငံ စလုံး အတွက် ခိုင်မာသော အကျိုးကျေးဇူးများကို ဆောင်ယူ ပေးနိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

အစဉ်အလာ ချစ်ကြည် ရင်းနှီးမှုကို ဆက်လက် သယ်ဆောင်ရန် နှစ်နိုင်ငံ တပ်မတော်များ အတူတကွ ဆောင်ရွက် သွားကြရန် မျှော်လင့်သည်ဟုလည်း ချန်ဘိုင်ဒီက ဆိုသည်။

သူရ ဦးရွှေမန်းကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကာကွယ်ရေး တည်ဆောက်မှုများ အတွက် တရုတ်နိုင်ငံ၏ ကိုယ်ကျိုး မဖက်သော အကူအညီများကို ချီးကျူး ဂုဏ်ပြုလိုက်ပြီး၊ နှစ်နိုင်ငံ အကြား လက်တွေ့ ကျသော ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment