Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 28th Sept 2010

မြန်မာနိုင်ငံမှ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား လွတ်ပေးရေး ကိစ္စသည် လာမည့် ရွေးကောက်ပွဲများကို လက်ခံ အသိအမှတ် ပြုနိုင်ရန် အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း အဓိက နိုင်ငံကြီးများမှ နိုင်ငံရေး ဝန်ကြီးများက မြန်မာစစ်ဖက် အစိုးရကို ပြောကြားလျက် ရှိသည်။

တနင်္လာနေ့ တံခါးပိတ် အစည်းအဝေး အပြီးတွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက "မြန်မာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် လူတိုင်း ပါဝင်ခွင့် ရှိရန်၊ ပိုမို ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်ကြောင်းကို ဝန်ကြီးများက ထပ်မံ ဖော်ပြခဲ့ကြသည်" ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကျင်းပမည် ဖြစ်သော်လည်း နှစ်ပေါင်း ၅၀ နီးပါး သက်တမ်းရှိ စစ်အုပ်ချုပ်ရေးကို ခိုင်မာအောင် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သုံးသပ် ပြောကြားသည်။

ဖျက်သိမ်းခြင်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပါတီ၏ ၂၂ နှစ်မြောက် အထိမ်းအမှတ်နေ့ကို အစိုးရက တင်းကြပ်စွာ စောင့်ကြည့် နေသည့်ကြားမှ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည်။

လာမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုနှစ် အစောပိုင်းတွင် အတိုက်အခံ ပါတီကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment