Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရအပေါ် ဝေဖန်မှုများနှင့် မြန်မာ့အရေး သတင်းများ ရေးသား ဖော်ပြလျက် ရှိသော ထိုင်းအခြေစိုက် ဧရာဝတီ (The Irrawaddy) မဂ္ဂဇင်း၏ အင်တာနက် ဝက်ဘ်ဆိုက်မှာ Hacker များ၏ ထိုးနှက် တိုက်ခိုက်မှု ခံနေရပြီး ပိတ်ပင်ခံ လိုက်ရကြောင်း ဧရာဝတီ၏ အယ်ဒီတာ ဦးအောင်ဇော်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားသည်။

ဧရာဝတီ အင်တာနက် ဝက်ဆိုက်သည် စက်တင်ဘာလ ၂၆ ရက်နေ့ည သန်းခေါင်ယံ ကျော်တွင် စတင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုတစ်ကြိမ် တိုက်ခိုက်ခံရမှုသည် ယခင် လွန်ခဲ့သော နှစ်နှစ်က ယာယီ တိုက်ခိုက်ခံရမှု ပုံစံထက် ပိုမို ရှုပ်ထွေးကြောင်း သိရသည်။

ယခု ဆိုက်ဘာ တိုက်ခိုက်မှုသည် မြန်မာနိုင်ငံထဲမှ သို့မဟုတ် မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် တရုတ်နိုင်ငံမှ တိုက်ခိုက်ခြင်း ဟုတ်၊ မဟုတ် ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဦးအောင်ဇော်က ဆိုသည်။ www.irrawaddy.org ဝက်ဆိုက်သို့ ဝင်ရောက် ကြည့်ရှုသူများ အနေဖြင့် ပင်မ စာမျက်နှာကို ဖွင့်၍ မရဘဲ ဖြစ်နေပြီး Mirror Site (နည်းပညာ အခေါ်အဝေါ်) သို့သာ ရောက်ရှိနေသည်ကို တွေ့ရကြောင်း ဧရာဝတီက ဆိုသည်။

"ဒါဟာ စစ်အစိုးရက သူ့ကို ဆန့်ကျင်တဲ့ သူတွေအပေါ် တန်ပြန် ပြုလုပ်လိုက်တဲ့ ဂိမ်းအသစ် တစ်ခု၊ စစ်မျက်နှာပြင် တစ်ခုပါပဲ။ ကျွန်တော်တို့ ဘယ်လောက် ခံနိုင်ရည် ရှိသလဲ ဆိုတာကိုလည်း ဖော်ပြပါတယ်" ဟု ဦးအောင်ဇော်က ပြောသည်။

The New York Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment