Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော်တွင် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပ ပြုလုပ်သော ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ သားသုံးဦး အနက် တစ်ဦးနှင့် အခြား မိသားစုဝင်များအား ပါတီ၏ ခေါင်းဆောင်ပိုင်း ရာထူး အပ်နှင်းရန် ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

ထို့ပြင် အဆိုပါ အစီအစဉ်သည် ကင်ဂျုံအီလ်၏ နေရာကို ဆက်ခံမည့်သူ ရွေးချယ်မည့် အစီအစဉ် တစ်စိတ် တစ်ပိုင်းလည်း ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ဖြစ်သော KCNA က အာဏာရ အလုပ်သမား ပါတီသည် ပါတီ၏ အရေးကြီးသော ခေါင်းဆောင်ပိုင်း နေရာ ရွေးချယ် ခန့်အပ်နိုင်ရေး အတွက် ကွန်ဖရင့်ကြီး တစ်ရပ်ကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာချက် ထုတ်ပြန်သည်။ မူလက အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ လဆန်းပိုင်းတွင် ကျင်းပမည်ဟု ဇွန်လ အတွင်းက ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အကြောင်းကြောင့် နှောင့်နှေးခဲ့ရသည် ဟူသော အချက်ကို KCNA က ထုတ်ပြန်မှု မပြုပေ။

ပြုံယမ်းမြို့တော် ဘူတာရုံသို့ အလုပ်သမား ပါတီ ကိုယ်စားလှယ်များ စက်တင်ဘာလ ၂၈ ရက်နေ့က ရောက်ရှိလာပုံကို APTN သတင်းဌာနက ထုတ်လွှင့် ပြသသည်။ "ကိုရီးယား အလုပ်သမား ပါတီ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို နွေးထွေးစွာ ကြိုဆိုသည်" ဟူသော ပိုစတာဖြင့် ကြိုဆိုခဲ့ကြပုံကိုလည်း ထုတ်လွှင့်ပြသည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကိုယ်စားလှယ်များ ရောက်ရှိလာမှုကို သတင်း အကျဉ်းချုံး ထုတ်ပြန် ကြေညာသော်လည်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ် သတင်း ထုတ်ပြန်မှု မပြုပေ။

မြောက်ကိုရီးယား ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော Rodong Sinmun က အလုပ်သမား ပါတီကို ချီးကျူး ဂုဏ်ပြုသော ဆောင်းပါးတစ်ပုဒ် ရေးသား ဖော်ပြသည်။ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်အပေါ် ပါတီ၏ သစ္စာ စောင့်သိမှုကိုလည်း ထုတ်ဖော်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment