Transparency Myanmar

transparency.myanmar@gmail.com

AFP, 10th October 2010

ဘေဂျင်း၏ တင်းမာသော ပြောဆိုမှုများကြောင့် တင်းမာမှုများ ကြီးထွားနေသည့် အာရှဒေသတွင် ကျင်းပနေကျ ထိပ်တန်းအဆင့် လုံခြုံရေး ဆွေးနွေးပွဲများအတွက် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများသည် အရေးပါသော အာရှနိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများနှင့် အင်္ဂါနေ့တွင် တွေ့ဆုံမည် ဖြစ်သည်။

တရုတ်နှင့် ဂျပန် ၂ နိုင်ငံအကြား လက်ရှိ နှစ်များအတွင်း ဆက်ဆံရေး အဆိုးဝါးဆုံး ကျဆင်းခဲ့ခြင်းနှင့် တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကြောင့် စိုးရိမ်မှု ကြီးထွားလာသည့် အရှေ့တောင် အာရှဒေသတွင် အမေရိကန်က အသစ်တဖန် သံတမန်ရေး ဖိအားပေးခြင်းတို့ကြောင့် အာဆီယံ ဦးဆောင်သော လုံခြုံရေး အစည်းအဝေးကို ဗီယက်နမ်တွင် ကျင်းပခြင်း ဖြစ်သည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး တိုရှီမီ ကီတာဇာဝါက တရုတ်နိုင်ငံ၏ ရေတပ် တိုးချဲ့ ဖြန့်ကျက်လာမှုအား မည်သို့ ကိုင်တွယ်မည်ကို ဆွေးနွေးရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်နှင့် ဟနွိုင်းတွင် တွေ့ဆုံမည်ဟု သောကြာနေ့တွင် ပြောကြားသည်။

တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ဂျပန်က စက်တင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် တိုကျိုနှင့် အဆင့်မြင့် သံတမန် ဆက်သွယ်မှု အားလုံးကို ဘေဂျင်းက ဖြတ်တောက်လိုက်ပြီး ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ဂျပန်တွင် ဆင်ကာကူ၊ တရုတ်တွင် ဒိုယု ဟုခေါ်ကြသော အငြင်းပွား အရှေ့ တရုတ်ပင်လယ် ကျွန်းစုများ အနီးတွင် တရုတ် ငါးဖမ်းသင်္ဘောနှင့် ဂျပန် ကမ်းခြေစောင့် သင်္ဘော ၂ စင်းတို့ တိုက်မိကြခြင်း ဖြစ်သည်။

စက်တင်ဘာ လကုန်တွင် ဂျပန်က တရုတ် ကပ္ပတိန်ကို လွှတ်ပေးလိုက်သော်လည်း အခင်းဖြစ် ရေပြင်သို့ လွှတ်ထားသည့် တရုတ် ကင်းလှည့်ရေယာဉ် ၂စင်းမှာ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ တိုင်အောင် ဆုတ်ခွာသွားခြင်း မရှိသေးဟု တိုကျိုက ပြောကြားသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး ကီတာဇာဝါက ၎င်းအနေဖြင့် တရုတ် ကာကွယ်ရေး ဝန်ကြီး လျှန်ဂွမ်လိုင်နှင့် ဟနွိုင်း လုံခြုံရေး ဖိုရမ် အဝန်းအဝိုင်းတွင် တွေ့ဆုံရန် မျှော်လင့်ထားသည်ဟု ပြောကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment