Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံတွင် မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း ၁၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အချို့သော လမ်းပိုင်းများမှာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ရထား ခရီးစဉ်များပင် စတင် ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရေးသား ဖော်ပြသည်။

လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော မီးရထားလမ်းများသည် အရှေ့နှင့် အနောက် ဒေသများကို ဆက်သွယ်ပေးမည် ဖြစ်ပြီး တောင်ကုန်း တောင်တန်း ဒေသများကို ဖြတ်သန်း ဖောက်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

"အမျိုးသား မီးရထားလမ်း ကွန်ယက်ကြီး ပြီးဆုံးသွားပါက ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ လူမှု-စီးပွားရေး ဘဝများ ပိုမို တိုးတက် မြင့်မားလာမည် ဖြစ်သည်" ဟု နိုင်ငံပိုင် သတင်းစာ The New Light of Myanmar က ဆိုသည်။

အတိတ် ကာလက မြန်မာနိုင်ငံ မီးရထားလမ်းများမှာ မြောက်ဘက် မြစ်ကြီးနားမှ ရန်ကုန်၊ တောင်ဘက်တွင် ရေး၊ အရှေ့ဘက်တွင် လားရှိုး နှင့် အနောက်ဘက်တွင် ပြည်အထိသာ ဆက်သွယ် ရောက်ရှိနိုင်ခဲ့သော်လည်း ယနေ့ခေတ် အခါတွင်မူ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ဒေသ အသီးသီးသို့ ဆက်သွယ် ဖောက်လုပ်ထားသော မီးရထားလမ်းများ ပေါ်ထွက်လာပြီ ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အရှေ့ပိုင်း ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆက်သွယ် ဖောက်လုပ်ထားသည့် လမ်းပိုင်း၊ တောင်ဘက် စွန်းပိုင်း မြိတ်မြို့အထိ ဆက်သွယ်သည့် ရထားလမ်းများလည်း ဖောက်လုပ်ခဲ့ကြောင်း သတင်းစာက ဆိုသည်။

မြန်မာ တပ်မတော် အစိုးရ လက်ထက်တွင် ရထားလမ်း အရှည် ၂၄၀၀ ကီလိုမီတာအထိ ဖောက်လုပ်နိုင်ခဲ့ရာ ယခုဆိုလျှင် မြန်မာနိုင်ငံ၏ စုစုပေါင်း မီးရထားလမ်း အရှည်မှာ ၄၈၀၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

ယခင်က ဘူတာရုံပေါင်း ၄၈၇ ခုသာ ရှိခဲ့ရာမှ တပ်မတော် အစိုးရ လက်ထက်တွင် ၄၀၆ ခု တည်ဆောက်နိုင်ခဲ့ရာ ယခုဆိုလျှင် ဘူတာရုံပေါင်း ၉၈၃ ခုအထိ ရှိလာပြီ ဖြစ်သည်။

လက်ရှိ အနေအထားတွင် ခရီးသည် ၇၃ သန်း နှင့် ကုန်ပစ္စည်း တန်ချိန် သုံးသန်းအား နှစ်စဉ် မီးရထားဖြင့် ပို့ဆောင်ပေးနိုင်ပြီ ဖြစ်သည်။ အတိတ် ကာလတွင် ခရီးသည် ၃၆ သန်းနှင့် ကုန်ပစ္စည်းတန် တစ်သန်းကျော်သာ ပို့ဆောင်ပေးနိုင်ခဲ့သည် ဟု နိုင်ငံပိုင် သတင်းစာက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မော်တော် ကားလမ်း အရှည် ၁၂၈၀၀၀ ကီလိုမီတာခန့် ရှိပြီ ဖြစ်ကြောင်း၊ အတိတ် ကာလတွင် ၁၆၀၀၀ ကီလိုမီတာသာ ရှိခဲ့ကြောင်း၊ ယခင်က တံတား အစင်းပေါင်း ၉၀၀၀ ခန့်သာ ရှိရာမှ ယခုအခါ ၂၁၀၀၀ အထိ ရှိလာပြီ ဖြစ်ကြောင်း The New Light of Myanmar က ဆက်လက် ရေးသားသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment