Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 21st October 2010

အာဆီယံ ခေါင်းဆောင်များသည် လာမည့် အပတ် ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအား အားလုံး ပါဝင်ရန်၊ လွတ်လပ်၍ တရားမျှတရန် တောင်းဆို လိမ့်မည်ဟု ကြာသပတေးနေ့က သတင်း ကြေညာချက် မူကြမ်းတွင် ပြောသည်။

အာဆီယံ နိုင်ငံများမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အိမ်နီးချင်း ခြောက်နိုင်ငံမှ ခေါင်းဆောင်များသည် ဗီယက်နမ် နိုင်ငံ မြို့တော်တွင် အောက်တိုဘာလ (၃၀) ရက်နေ့တွင် တွေ့ဆုံကြမည် ဖြစ်သည်။

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် နှစ် (၂၀) အတွင်း ပထမဆုံး အကြိမ် ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်ပြီး၊ ဝေဖန် သုံးသပ်သူများက စစ်တပ် အုပ်ချုပ်မှု အမြစ် တွယ်ရေး အတွက် လိမ်ညာမည် ဖြစ်ကြောင်း ပြောခဲ့ကြသည်။

"ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် စည်းလုံးရေးကို အလေးထား ပြောကြားလိုပြီး၊ ရွေးကောက်ပွဲကိုလည်း အားလုံး ပါဝင်ပြီး လွတ်လပ်၍ တရား မျှတစေလိုပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူ ပြုမည် ဖြစ်သည်" ဟု အရှေ့အာရှ ထိပ်သီး အစည်းအဝေး ဥက္ကဋ္ဌ၏ သတင်း ထုတ်ပြန်ချက် မူကြမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပြီး၊ ရွေးကောက်ပွဲအပြီး ရက်များ မကြာမီ အကျယ်ချုပ် ပြီးဆုံးမည်ဟု မျှော်လင့်ရသည်။ သူမသည် ရွေးကောက်ပွဲတွင် ပါဝင်လိမ့်မည် မဟုတ်ပါ။

အနောက်နိုင်ငံ အစိုးရများနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ဒေါ်အောင်ဆန်းစုကြည်နှင့်  အခြား အတိုက်အခံများကို လွှတ်ပေးခြင်း မရှိလျှင် ရွေးကောက်ပွဲသည် အများ လက်ခံဖွယ် မရှိကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment