Transparency Myanmar

transparency.myanmar@gmail.com

တရုတ် နိုင်ငံ စီးပွားရေးသည် ယခုနှစ် တတိယ လေးလပတ် အတွင်း နှေးကွေးသော နှုန်းထားဖြင့် ဆက်လက် ကြီးထွား ဖွံ့ဖြိုးလျက် ရှိကြောင်း ဘေဂျင်း အစိုးရက ထုတ်ပြန် ကြေညာသည်။ တရုတ် အစိုးရ၏ ကိန်းဂဏန်းများအရ စီးပွားရေး တက်မှုနှုန်းသည် ၁၀ ရာခိုင်နှုန်းမှ ၉ ဒဿမ ၆ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်။

အဆိုပါ အနေအထားကြောင့် တရုတ်နိုင်ငံ အနေဖြင့် အခြားသော စီးပွားရေး အင်အားကြီး နိုင်ငံများထက် သာလွန်သည့် အနေအထားတွင် ရှိနေဆဲဟု ဆိုနိုင်သည်။ သို့သော် တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည် နာလန်ထူမှုတွင် ပါဝင် လုပ်ဆောင်မှု လျော့နည်းသွားနိုင်ကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်သည်။

တရုတ် အစိုးရသည် လတ်တလော အနေအထားတွင် တရုတ် အစိုးရက စဉ်ဆက်မပြတ် တိုးတက်မှု ရှိသည့် အဆင့်သို့ ရောက်ရှိနိုင်ရေး အတွက် ငွေထုတ် ချေးမှုများကို လျှော့ချရန် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ သို့သော် တိုးတက်မှုနှုန်း နှေးကွေးနေသည့် အတွက်ကြောင့် လောင်စာ၊ သံမဏိ၊ စက်ရုံသုံး ပစ္စည်း ယန္တရားများနှင့် အခြားသော သွင်းကုန် ပစ္စည်းများ အပေါ် တရုတ်နိုင်ငံ၏ ဝယ်လိုအား ကျဆင်းလာဖွယ် ရှိသည်။

အစိုးရ၏ တရားဝင် စာရင်းဇယားများ အရ စားသုံးသူ ဈေးနှုန်းသည် ၂ နှစ်တာ ကာလအတွင်း အမြန်ဆုံးသော ခြေလှမ်းဖြင့် မြင့်တက်လျက် ရှိသည်။ တရုတ်ပြည်တွင်း စားသောက်ကုန် ဈေးနှုန်းများသည် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ မှစ၍ နှစ်စဉ် နှစ်တိုင်း ၃ ဒဿမ ၆ ရာခိုင်နှုန်းဖြင့် မြင့်တက်နေသည်။ ယခုလ အစောပိုင်း ကာလတွင် တရုတ် အစိုးရက အတိုးနှုန်းထားများ မြှင့်တင်ပေးလိုက်ပြီး ဈေးကွက် ပိုမို ကောင်းမွန်အောင် ရုတ်တရက် လုပ်ဆောင် ပေးလိုက်ကြောင်း၊ အဆိုပါ လုပ်ရပ်ကြောင့် ငွေကြေး ဖောင်းပွမှု ဆိုင်ရာ ဖိအားပေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဘေဂျင်း အခြေစိုက် BBC သတင်းထောက် Chris Hogg က ပြောကြားသည်။

တရုတ်ပြည်၏ ယခုနှစ် သီးနှံထွက်နှုန်းမှာ ကောင်းမွန်သည့် အနေအထားတွင် ရှိရာ အစား အသောက် ဈေးနှုန်း မြင့်တက်မှုကို လျော့ကျစေနိုင်သည် ဟုလည်း ၎င်းက ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment