Transparency Myanmar

transparency.myanmar@gmail.com

Monsters and Critics, 21st October 2010

မြန်မာ အစိုးရ အနေဖြင့် နိုဝင်ဘာ ၇ ရက် အထွေထွေ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်အောင် လွှတ်ပေးခြင်းဖြင့် ဒီမိုကရေစီကို အားပေး ထောက်ခံ ပံ့ပိုးသင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ဘန်ကီမွန်းသည် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးကို ထပ်မံ တောင်းဆိုခဲ့ခြင်းမှာ မြန်မာနိုင်ငံမှ စစ်ဖက် အစိုးရက လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု တာဝန် ခံထားသောကြောင့် ဖြစ်သည်။ အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများသည် ဒီမိုကရေစီ လုပ်ငန်းစဉ် အတွင်းမှ အုပ်စု အချို့ အတွက် နိုင်ငံရေး နယ်ပယ်ကို ဖြည့်ဆည်းပေးထားသည်။

အားလုံးနှင့် သက်ဆိုင်ခြင်း၊ လက်ခံ ယုံကြည်ထိုက်ခြင်း၊ ပါဝင် ယှဉ်ပြိုင်သင့်ခြင်း၊ ပွင့်လင်း မြင်သာခြင်း စသော အတိုင်းအတာများဖြင့် ရွေးကောက်ပွဲများကို ကျင်းပခြင်း ဖြစ်ကြောင်း သေချာအောင် ပြုလုပ်ရေးမှာ လက်ရှိ အာဏာပိုင်များ အတွက် အလိုအပ်ဆုံး ဖြစ်သည်ဟု မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အနေအထား အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်ပြရာတွင် ဘန်ကီမွန်းက ပြောကြားခဲ့သည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ထပ်မံ ပြောကြားလိုပါတယ်၊ သူတို့ ပြောထားတဲ့ တာဝန်မှုတွေကို ထင်ထင်ရှားရှား သက်သေပြတဲ့ အနေနဲ့ပေါ့" ဟု ဘန်ကီမွန်းက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့် ရွေးကောက်ပွဲမျးကို သပိတ်မှောက်ရန် ဆုံးဖြတ်ထားသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် သူမ၏ ပါတီ အနိုင် ရရှိခဲ့ပြီးနောက် စစ်ဖက် အုပ်ချုပ်သူများက သူမအား အနှစ် ၂၀ နီးပါး အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ၁၉၉၁ တွင် သူမ ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ အစိုးရ အနေဖြင့် နိုဝင်ဘာလတွင် လက်ခံ ယုံကြည် ထိုက်သော ရွေးကောက်ပွဲများကို ဖော်ဆောင်ရန် ပျက်ကွက်ခဲ့ပါက အမျိုးသား ပြန်လည် ပေါင်းစည်းမှု ဖြစ်ပေါ်ရေးနှင့် နိုင်ငံရေး လူမှုရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး အတွက် လက်ခံ ယုံကြည်နိုင်မှုကို ထိခိုက်စေလိမ့်မည်ဟု ဘန်ကီမွန်းက ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment