Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 21st  October 2010

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တစ်ဦးသည် မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲများအတွက် ပြည်သူများအပေါ် မသေချာ မရေရာမှု အချက်အလက် သစ်များ အကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ စစ်တပ် အုပ်ချုပ်သော တိုင်းပြည်တွင် ထောင်ထဲ၌ နှိပ်စက် ညှင်းပမ်းမှုများ၊ သတ်ဖြတ်မှုများနှင့် အဓမ္မ လုပ်အားပေး စေခိုင်းမှုများနှင့် ပတ်သက်သော အမှုသစ်များကို ပြောကြားခဲ့သည်။

သို့သော် မြန်မာ အစိုးရသည် ကုလသမဂ္ဂ အစီရင်ခံစာ အပေါ် ပြင်းထန်စွာ ငြင်းဆိုခဲ့ပြီး၊ အပြစ်ရှိမရှိ မသေချာဘဲ ဖမ်းထားသော အကျဉ်းသားများ မရှိကြောင်း ငြင်းဆိုခဲ့သည်။ နိုဝင်ဘာ (၇) ရက် မတိုင်မီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်အား နေအိမ် အကျယ်ချုပ် ဖမ်းဆီးထားခြင်းနှင့် အတူ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများအတွက် အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားရာတွင် ယခုကဲ့သို့သော အခြေအနေများ အောက်တွင် စစ်မှန်သော ရွေးကောက်ပွဲအတွက် အခြေအနေများသည် အကန့်အသတ်များ ရှိနေကြောင်း ဆိုခဲ့သည်။

၎င်းက ဖြည့်စွက် ပြောကြားရာတွင် နိုင်ငံရေး ပါတီ အများအပြားသည် ၎င်းတို့အပေါ် ထိပါးမှုများ၊ ခြိမ်းခြောက်မှုများ ရှိကြောင်း ကန့်ကွက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ်က မြန်မာနိုင်ငံ အနှံ့အပြားရှိ ထောင်များတွင် အပြစ် မရှိဘဲ ဖမ်းဆီးထားသူ အကျဉ်းသား (၂၁၀၀) ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ထိုအထဲတွင် ၁၉၈၈ ခုနှစ်မှ စ၍ထောင်ထဲတွင် သေဆုံးသူ အနည်းဆုံး (၁၄၄) ဦးခန့်ရှိပြီး (၁၃၈) ဦးမှာ ကျန်းမာရေး အတွက် ဆေးကုသရန် လိုအပ်လျက် ရှိသည်ဟု Quintana က ပြောသည်။

မြန်မာ အာဏာပိုင်များသည် ဖမ်းဆီးခံရသူများကို စနစ်တကျ နှိပ်စက်မှု ပုံစံများ ဖြစ်သော၊ ခန္ဓာကိုယ်အား နှိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း များဖြင့် ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာများအရ လည်းကောင်း၊ တိုက်ရိုက် တွေ့ရှိချက် များအရ လည်းကောင်း သိရှိရသည်။ ၎င်းက အစိုးရ မဟုတ်သော Human Rights Defenders and Promoters Network မှ အဖွဲ့ဝင် တစ်ဦး ဖြစ်သော အသက် (၃၉) နှစ်ရှိ ကိုကျော်စိုးသည် ယခုနှစ် မေလ (၁၉) ရက်နေ့က မြင်းခြံထောင်တွင် သေဆုံးခဲ့ခြင်းအား မီးမောင်းထိုး ဖော်ပြခဲ့သည်။

ကိုကျော်စိုးကို နိုဝင်ဘာ ၂၀၀၈ ခုနှစ်က တရားမဝင် အဖွဲ့အစည်း ဥပဒေ ချိုးဖောက်မှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတို့အရ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ စစ်ဆေး မေးမြန်းစဉ် အတွင်း နှိပ်စက် ညှဉ်းပမ်း ခံရရာ အရိုက်ခံရခြင်း၊ စီးကရက်မီးနှင့် တို့ခြင်းနှင့် လျှပ်စစ်ဓါတ်ဖြင့် တို့ခြင်းများ ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment