Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 21st October 2010

မြန်မာ နိုင်ငံ၏ လာမည့် ရွေးကောက်ပွဲများ အပေါ် တစ်ကမ္ဘာလုံးက အကြီးအကျယ် ပြစ်တင်နေမှုကို နိုဘယ်ဆုရ စီးပွားရေး ပညာရှင် Amardxa Sen က ဗုဒ္ဓဟူးနေ့တွင် ကာကွယ် ထုချေ ပြောကြားခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီရေး ကြိုးပမ်း အားထုတ်မှုများကို အကြီးအကျယ် နှောင့်နှေး စေလိမ့်မည်ဟု သတိပေး ပြောကြားလိုက်သည်။

မြန်မာ နိုင်ငံတွင် ကလေးဘ၀ကို ဖြတ်သန်းခဲ့ဖူးသော နာမည်ကျော် စီးပွားရေး ပညာရှင်က ရွေးကောက်ပွဲ အပေါ် တစ်ကမ္ဘာလုံးက ဂရုတစိုက် မရှိခြင်းကို ယင်းတွေ့မြင် ရသည့်အတိုင်း ပြစ်တင် ဝေဖန်လိုက်ပြီး သူ၏ စူးရှသော စကားလုံးများကိုမူ သူ၏ ဇာတိ အိန္ဒိယနိုင်ငံ၏ သဘောထား အတွက် "ချန်"ထားလိုက်ပုံ ရသည်။

ယခင်က BURMA ဟုသာ သိရှိထားကြသော မြန်မာနိုင်ငံမှ စစ်ဖက် အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်ရန် စီစဉ်နေသည်။ ယင်းတို့က နိုင်ငံခြားမှ စောင့်ကြည့် လေ့လာသူများနှင့် ပြည်ပ မီဒီယာများကို ပိတ်ပင် ထားသည့်အပြင် အတိုက်အခံ  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထားသည်။

လာမည့် ရွေးကောက်ပွဲတွင် မဲလိမ်မှုများ ရှိလာမည့် အတွင်း သရုပ် သဏ္ဍာန်ကို တစ်ကမ္ဘာလုံးက လူသိရှင်ကြား ဆွေးနွေး ကြခြင်းထက် ရွေးကောက်ပွဲ အတု ကျင်းပမည့် နေ့ရက် နီးကပ်လာခြင်းကြောင့် ယခုအချိန်တွင် ပို အရေးကြီးသည့် အရာ မရှိနိုင်တော့ဟု Harvard University ပါမောက္ခက ဆိုသည်။

ရွေးကောက်ပွဲ အပြီး အရာရာ ပြောင်းလဲသွားနိုင်သည်ဟု ကံကြမ္မာ မျှော်လင့်မှုကို ထုတ်ဖော် ပြောဆိုမှုများသည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အပေါ် အကြောင်းရင်း ခွဲခြမ်း စိတ်ဖြာ လေ့လာမှုနှင့် လုံးဝ ဆန့်ကျင်နေသည်ဟု Amartya Sen က Johns Hopkins University တွင် ဟောပြော ပို့ချစဉ် ပြောကြားခဲ့သည်။

"အခု အချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရေပြင်ကို ရေနောက် ဖြစ်အောင် လုပ်နေတဲ့ စစ်အစိုးရရဲ့ ၀ါဒဖြန့် အောင်ပွဲကြောင့် အရာရာဟာ အကြီးအကျယ် နောက်ဆုတ်သွားနိုင်ပါတယ်" ဟု Sen က ဆိုသည်။

တိုင်းရင်းသား ကျေးရွာပေါင်း ထောင်နှင့် ချီ ဖျက်ဆီးကာ တိုင်းရင်းသား မျိုးနွယ် မိန်းကလေး များကို မတရား ကျင့် စစ်လက်နက် တစ်ခုသဖွယ် အသုံးပြုခဲ့ခြင်းကြောင့် စွပ်စွဲခံနေရသည့် စစ်အစိုးရ၏ လူသား မျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအပေါ် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးမှု အမြန်ဆုံး စတင်ရန် Sen က တောင်းဆိုလိုက်သည်။

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား အစိုးရက ကုလသမဂ္ဂ စုံစမ်း စစ်ဆေးမှုကို ယေဘုယျအားဖြင့် ထောက်ခံကြောင်း ပြောကြားခဲ့သော်လည်း စစ်အစိုးရအပေါ် နှစ်ပေါင်းများစွာ ပစ်ပယ်ထားခဲ့ခြင်းသည် ရလဒ်ကောင်း မထွက်ပေါ်ခဲ့ဟု ဆိုကာ စစ်အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းရန် ယခင် နှစ်က ချမှတ်ခဲ့သော မူဝါဒ ဖက်မှ ရပ်တည်လျက် ရှိသည်။

အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက မြန်မာ စစ်ဖက် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဇူလိုင်လက လက်ခံ ကြိုဆိုခဲ့ခြင်းကိုလည်း Amartya Sen က ပြစ်တင် ဝေဖန်လိုက်သည်။ မဟတ္တမ ဂန္ဓီ၏ နိုင်ငံသည် တရုတ်သြဇာ ကြီးလာခြင်းကို စိုးရိမ် ပူပန်ခြင်းကြောင့် ကွန်မြူနစ် တိုင်းပြည်ကို အားကျမခံ အတုယူခဲ့ပြီး အိန္ဒိယ နိုင်ငံ၏ ၀ါဒရေးရာ ဆုံးရှုံးခဲ့ရသည်ဟု Sen က ပြောကြားသည်။

ကမ္ဘာပေါ်ရှိ လူသားဆန် ကရုဏာ အကြီးဆုံး နိုင်ငံရေး ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်သော၊ မိမိ၏ ဇာတိ ဒီမိုကရေစီ နိုင်ငံမှ ၀န်ကြီးချုပ်က မြန်မာနိုင်ငံမှ ရက်စက် ကြမ်းကြုတ်သော သားသတ်သမား များကို ကြိုဆိုကာ ရင်းနှီးဖော်ရွေ နီးစပ်သော ပုံစံကို မြင်တွေ့ရသည်မှာ မိမိ၏ နှလုံးသားကို နာကျင်စေသည်ဟု Sen က ပြောကြားသည်။

"ကမ္ဘာကို ကျွန်တော်တို့ (အိန္ဒိယ) လွှမ်းမိုးနိုင်မှု ပါဝါ သုညအဆင့်ကို ရောက်နေချိန်မှာ ကျွန်တော်တို့က ဂုဏ်သိက္ခာ တရားနဲ့ ပတ်သက်ပြီး ကမ္ဘာကို ဟောပြောရင်း အချိန်ကုန်ခဲ့ပါတယ်။ တရုတ်နိုင်ငံလောက် မများပေမယ့် လွှမ်းမိုးနိုင်တဲ့ ပါဝါ အနည်းငယ် ရလာချိန်မှာတော့ တာဝန်ရှိမှုကို လုံးဝ လစ်လျူရှုလိုက်ရတော့မှာ ဖြစ်ပါတယ်" ဟု ယင်းက ဆက်လက် မှတ်ချက် ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment