Transparency Myanmar

transparency.myanmar@gmail.com

www.huffingtonpost.com, 21st October 2010

မြန်မာ နိုင်ငံတွင် လာမည့် သီတင်းပတ် သုံးပတ် မပြည့်တပြည့် အချိန်အတွင်း နှစ်ပေါင်း ၂၀ တွင် ပထမဆုံး လွှတ်တော် ရွေးကောက်ပွဲများကို ပြုလုပ်တော့မည် ဖြစ်သည်။ စိတ်မကောင်း စရာမှာ ရွေးကောက်ပွဲများကို နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုနှင့် အကြောက် တရားများဖြင့် နောက်ပြန် ဆွဲချမည့် လောင်းရိပ် မိုးနေခြင်း ဖြစ်သည်။

မြန်မာ လူဦးရေ သန်း ၅၀ အနက် အများစုမှာ ဆင်းရဲတွင်း နက်ကာ လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကို ခံစားနေရသည်။ အစိုးရနှင့် ဆန့်ကျင်သည့် သဘောထားကို ထုတ်ဖော်သူများမှာ အနှောင့်အယှက် ပေးခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်း၊ တစ်ခါတစ်ရံ သေဒဏ် ချမှတ်ခြင်း စသည်တို့နှင့် ရင်ဆိုင်နေရသည်။

ထို့အပြင် ယခု အချိန်အထိ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာလည်း ၂၂၀၀ ကျော်ပြီ ဖြစ်သည်။

၁၉၉၀ ခုနှစ် နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီက အနိုင် ရရှိခဲ့သော်လည်း ဒီမိုကရေစီ မလိုလားသော စစ်ဖက် အုပ်ချုပ် သူများက ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ် မပြုဘဲ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်။ ယင်းကိစ္စကြောင့် ထိုအချိန် မှစ စစ်ဖက် အစိုးရကို ပြည်တွင်းရော ပြည်ပကပါ ယုံကြည်ခြင်း အလျဉ်း မရှိတော့ပါ။

ယခု လာမည့် ရွေးကောက်ပွဲများသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲများ၏ အရိပ်မည်းကို အစားထိုးရန် အခွင့်အလမ်း ရှိနေသည်။ သို့သော်လည်း နိုင်ငံရေး ပါတီများမှာ လုံခြုံရေး တရားဥပဒေ စည်းကမ်းများနှင့် နိုင်ငံ တည်ငြိမ်မှုကို အန္တရာယ် ရှိနိုင်သည့် မဲဆွယ် စည်းရုံး လှုပ်ရှားမှုများ မပြုလုပ်ရန် တားဆီး ခံနေရသောကြောင့် ရွေးကောက်ပွဲ သစ်များ၏ သိက္ခာ အရည်အသွေးမှာ စွန်းပေနေခဲ့ပြီး ဖြစ်သည်။ ယင်းဥပဒေသည် ငြိမ်းချမ်းသော နိုင်ငံရေး လှုပ်ရှားမှုများကို ရာဇ၀တ်မှုဖြင့် အရေးယူရန် ခွင့်ပြု ထားသည့် အတွက် အဓိပ္ပာယ်များစွာ ကျယ်ပြန့်လွန်းနေသည်။

ငြိမ်းချမ်းစွာ နိုင်ငံရေး အမြင် ကွဲလွဲမှုကို ဖိနှိပ်ရန်အတွက် လက်ရှိ အစိုးရကေ၀၀ါးသည့် စကားလုံးများ ပါဝင်သော လုံခြုံရေး ဥပဒေများကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ ရွေးကောက်ပွဲများ နီးကပ်လာသည် နှင့်အမျှ နိုင်ငံရေး လှုပ်ရှားသူများ အထူးသဖြင့် တိုင်းရင်းသား အုပ်စုများနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော NLD ပါတီဝင်များ အပေါ် ဖိနှိပ် ချုပ်ချယ်မှုများ တိုးမြင့်လာမည်ကို စိုးရိမ် ပူပန်လျက် ရှိနေကြသည်။

မြန်မာ အစိုးရ အနေဖြင့် နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ အပေါ် ဖိနှိပ် ချုပ်ချယ်မှုများကို ရပ်ဆိုင်းသင့်နေပြီ ဖြစ်ပြီး မြန်မာ ပြည်သူ ပြည်သားများ အားလည်း ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲ အလွန်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်၊ အသင်း ဖွဲ့စည်းခွင့် စသော အခွင့်အရေးများကို ခံစားခွင့် ပေးရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment