Transparency Myanmar

transparency.myanmar@gmail.com

Bernama, 18th December 2010

ထိုင်းနိုင်ငံသည် ၎င်း၏ စက်မှု လုပ်ငန်းများတွင် လိုအပ်လျက် ရှိသော အလုပ်ကြမ်းသမား ပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် ၎င်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသည့် နိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ နီပေါနှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံများမှ အလုပ်သမားများ တင်သွင်းနိုင်ရန် စီစဉ်လျက် ရှိသည်။

ထိုင်းသတင်း အေဂျင်စီ (TNA) ၏ အဆိုအရ အလုပ်သမား ဝန်ကြီး Chalermchai Sri-on က ပြောကြားရာတွင် အလုပ်သမား တင်သွင်းရေး အစီအစဉ်ကို လေ့လာထားကြရန် သက်ဆိုင်သူ အားလုံးကို ညွှန်ကြာထားပြီး ဖြစ်ကြောင်း၊ ၎င်း၏ ဝန်ကြီှးဌာနသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စကို ၂၀၁၁ တွင် ပြန်လည် ပြုလုပ်မည်ဟု ဆိုသည်။ အဆိုပါ အလုပ်သမားများ၏ အလုပ်လုပ်ခွင့် ပါမစ်သည် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည် ဖြစ်သဖြင့် တရားဝင်အောင် ပြန်လည် ပြုလုပ်ပေးမည် ဖြစ်သည်။

Chalermchai က ပြောကြားရာတွင် အနာဂတ်တွင် နိုင်ငံခြားမှ ဝင်ရောက်လာမည့် အလုပ်သမားများကို ထိရောက်စွာ အသုံးချနိုင်ရေး အတွက် နိုင်ငံခြားသား အလုပ်သမား လိုအပ်ချက်ကို သုတေသန ပြုရန် Rajabhat Phranakorn တက္ကသိုလ်အား တာဝန် ပေးထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment