Transparency Myanmar

transparency.myanmar@gmail.com

UN News Centre, 21st December 2010

မြန်မာ နိုင်ငံ တွင်းရှိ ဓာတု မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ တရားမဝင် ရောင်းဝယ်မှု၊ သုံးစွဲမှုတို့မှာ ပိုမို ဆိုးဝါးလာကာ အဆိုပါ နိုင်ငံတွင်းမှ တရားမဝင် ခိုးထုတ်လာသော မီသာ အင်ဖက်တာမင်းနှင့် အခြား အင်ဖက်တာမင်း အမျိုးအစား စိတ်ကြွ မူးယစ်ဆေးများသည် အိမ်နီးချင်း နိုင်ငံများနှင့် အရှေ့အာရှ၊ အရှေ့တောင် အာရှ အခြား ဒေသများကို ဆိုးကျိုး သက်ရောက်စေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မူခင်း ဆိုင်ရာ ဌာန UNODC အစီရင်ခံစာသစ်က ဆိုသည်။

ယမန်နေ့က ဘန်ကောက်တွင် ထုတ်ပြန်သော "အင်ဖက်တာမင်း အမျိုးအစား စိတ်ကြွဆေးများ ATS နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေအထား အကဲဖြတ်ချက်" အစီရင်ခံ စာအရ ရှမ်းပြည်နယ်နှင့် ထိစပ်နေသော နိုင်ငံများ အပါအဝင် မြန်မာ နိုင်ငံတွင်းမှ ၂၀၀၉ ခုနှစ်တွင် ဖမ်းဆီးရမိသော ATS ဆေးပြားများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၃ ဆ တိုးပွားလာသည်ဟု သိရှိရသည်။

"၂၀၀၉ ခုနှစ်အတွင်း အများဆုံး ဖမ်းမိတဲ့ အဆင့်မြင့် သန့်စင် ပုံဆောင်ခဲ အဆင့် အင်ဖက်တာမင်းတွေကို မြန်မာနိုင်ငံက ထုတ်လုပ်ခဲ့ပါတယ်" ဟု အရှေ့ အာရှနှင့် ပစိဖိတ် ဒေသမှ ကမ္ဘာလုံး ဆိုင်ရာ ဓာတု မူးယစ်ဆေး စောင့်ကြည့်၊ လေ့လာ၊ အစီရင်ခံစာ၊ ပြောင်းလဲရေး SMART ပရိုဂရမ်၏ UNODC ညှိနှိုင်းရေးမှူး Dcepika Naruka က ပြောကြားသည်။

"ပုံဆောင်ခဲ အဆင့် မီသာ အင်ဖက်တာမင်း ထုတ်လုပ်မှုဟာ အာရှရဲ့ ဘိန်းထုတ်လုပ်တဲ့ ဒေသ ရွှေတြိဂံ နယ်မြေမှာ ဖြစ်ပေါ်နေတယ် ဆိုတဲ့ အချက်ကို မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ စလုံးက အာဏာပိုင်တွေက အတည်ပြု ထားပါတယ်" ဟု သူမက ပြောဆိုခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အတွင်း ထိုင်းနိုင်ငံတွင် စိတ်ကြွဆေးပြား ၄၄ သန်းကျော် သိမ်းဆည်း ရမိချိန်တွင် လာအို နိုင်ငံတွင်လည်း စိတ်ကြွဆေးပြား ၂၂ သန်းကျော် ဖမ်းဆီး ရမိခဲ့သည်။

အာရှဒေသ တစ်ခုလုံးမှ ATS သုံးစွဲသူများ၏ ၅၀ % မှ ၈၀ % အကြား နေထိုင်ကြသော အရှေ့နှင့် အရှေ့တောင် အာရှ ဒေသမှ အင်ဖက်တာမင်း စိတ်ကြွဆေးများ ကိစ္စသည် အဓိက စိုးရိမ် ပူပန်စရာ ကိစ္စ ဖြစ်သည်ဟု UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘိန်းနှင့် မီသာ အင်ဖက်တာမင်း စသော မူးယစ်ဆေးဝါး အများစုကို မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက် ရှိကာ နိုင်ငံတကာ ဈေးကွက် အတွက် အဓိက ဦးတည်သော်လည်း ပြည်တွင်း စိတ်ကြွဆေး သုံးစွဲမှုမှာလည်း မြင့်တက် လာသည်ဟု အစီရင်ခံစာတွင် မှတ်ချက် ပေးထားပြီး မူးယစ်ဆေးစွဲ လူနာ ကုသရေး နယ်ပယ် အတွက် ရင်းမြစ်များ ချို့တဲ့မှုကြောင့် တိုးတက်ရေး လမ်းကြောင်းမှာ အခြေအနေ ဆိုးဝါးနေသည်ဟု ဆက်လက် ဖြော်ပထားသည်။

"ဟောဒီ အနေအထား အကဲဖြတ် အစီရင်ခံစာဟာ သူ့လိုင်းမှာတော့ ပထမဆုံးပါပဲ။ မြန်မာနိုင်ငံက ATS အနေအထားကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေဖို့ ရည်ရွယ်ထားပြီး ထိရောက် ခိုင်လုံတဲ့ တုန့်ပြန်မှုတွေကို အစီအစဉ် ရေးဆွဲနိုင်ဖို့ အတွက် ဦးတည် ထားတာ ဖြစ်ပါတယ်" ဟု အာရှ၊ ပစိဖိတ် ဆိုင်ရာ UNODC ဌာနေ ကိုယ်စားလှယ် Gary Lewis က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment