Transparency Myanmar

transparency.myanmar@gmail.com

BBC News, 24th December 2010

ဂျပန် အစိုးရက လာမည့် ဘဏ္ဍာရေးနှစ် အတွက် ယန်းငွေ ၉၂.၄ ထရီလီယံ (ဒေါ်လာ ၁.၁ ထရီလီယံ) စံချိန်တင် သုံးစွဲရန် အတည် ပြုလိုက်သည်။

မတ်လ ၃၁ ရက် မတိုင်မီ ပါလီမန်က အတည်ပြု ပေးရမည့် ဘတ်ဂျက် မူကြမ်းကို ကက်ဘိနက်က သဘော တူခဲ့ခြင်း ဖြစ်သည်။

ဂျပန် နိုင်ငံ၏ စီးပွားရေးမှာ ငွေကျုံ့ခြင်းကို ခံစားနေရသည် ဖြစ်ရာ ယန်းငွေတန်ဖိုး တက်လာမှုကြောင့် ပို့ကုန် ထိခုက်ခြင်း၊ ပြည်တွင်း ဝယ်လိုအား နည်းပါးခြင်းနှင့် စားသုံးသူ ယုံကြည် စိတ်ချမှု လျော့ပါးခြင်း တို့ကို ဖြစ်ပေါ်စေသည်။

ယခု ဘတ်ဂျက်သည် စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်သော်လည်း ပြည်သူ့ ကြွေးမြီကဏ္ဍသို့ ပံ့ပိုးမည် ဖြစ်သည်။ ယခု အစီအစဉ်သည် ကြီးမားသော စီးပွားရေး မြှင့်တင်မှုကို ပေးနိုင်ဖွယ် မရှိဟု အချို့ အကဲခတ် လေ့လာသူများက ဆိုသည်။

ထိန်းချုပ် ဇက်သတ်ခြင်း

ကြွေးမြီ ဆပ်ခြင်း ကုန်ကျစရိတ်နှင့် လူမှုဖူလုံရေး အသုံးစရိတ်များက ဘတ်ဂျက်၏ ၅၅%ကို သုံးစွဲမည် ဖြစ်သည်။

ဒေသဆိုင်ရာ အာဏာပိုင်များ အတွက် အထောက်အပံ့များက ဘတ်ဂျက်၏ နောက်ထပ် ၁၈.၂ % ကို သုံးစွဲမည်ဟု သိရသည်။

လက်ကျန် ဘတ်ဂျက်ကိုမူ ကာကွယ်ရေး၊ ပြည်သူ့ ဆောက်လုပ်ရေး စီမံကိန်းများ၊ ပညာရေးနှင့် နည်းပညာ ကဏ္ဍများတွင် ဖြန့်ဝေ သုံးစွဲသွားမည်ဟု ဆိုသည်။

ဒီမိုကရက်တစ် ပါတီ ဦးဆောင်သော ဂျပန် အစိုးရက ယခုနှစ် အဆင့်နှင့် ကိုက်ညီမှု ရှိသော ချေးငွေသစ် ၄၄.၃ ထရီလီယံ ထုတ်ပေးရန် ကတိပြုထားသည်။

သို့သော်လည်း ဂျပန် နိုင်ငံမှာ ကြွေးမြီဆပ်ခြင်း ကုန်ကျစရိတ် ကြီးမားလာမှုကြောင့် အသုံးစရိတ် ဘတ်ဂျက်ကို တိုးမြှင့်ရန် ဖိအားပေးခြင်း ခံနေရသည်။

ဂျပန် နိုင်ငံ၏ အများပြည်သူ ကြွေးမြီသည် ၂၀၁၂ မတ်လ ကုန်တွင် ယန်းငွေ ၈၉၁ ထရီလီယံ (သို့) GDP ၏ ၁၈၄ % အထိ ရောက်ရှိမည်ဟု မျှော်လင့်ထားကြရာ၊ ဖွံ့ဖြိုးပြီး နိုင်ငံများအနက် အများဆုံးပင် ဖြစ်သည်။

လာမည့်နှစ် အတွက် အခွန် ကဏ္ဍငွေမှာ ယန်းငွေ ၄၀.၉ ထရီလီယံခန့် ရရှိမည်ဟု ဂျပန် အစိုးရက ပြောကြားသည်။ အထူး ရန်ပုံငွေများကို ထုတ်ယူ သုံးစွဲခြင်းမှ နောက်ထပ် ယန်းငွေ ၇.၂ ထရီလီယံ ထပ်မံ ရရှိမည် ဟုလည်း ဆိုသည်။

ကလေး ပြုစု စောင့်ရှောက်ရေး ကဏ္ဍသို့ အခမဲ့ ထောက်ပံ့မှုများ အပါ အဝင် ဘတ်ဂျက် သုံးစွဲမှု အစီအစဉ်များကို အစိုးရက ထိန်းချုပ် ဇက်သတ်ထားပြီး ဖြစ်သည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment