Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအင် စုစုပေါင်း ၁၂၄၆၆ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၂၀ ကို အကောင်အထည် ဖော်ရန် စီစဉ်လျက် ရှိကြောင်း အိန္ဒိယ နိုင်ငံပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီး ဖြစ်သော NHPC က သတင်း ထုတ်ပြန်သည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို လာမည့် ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း စတင် အကောင်အထည် ဖော်နိုင်မည်ဟု ခန့်မှန်းရသည်ဟု ဆိုသည်။ NHPC သည် အလားတူ အမေရိကန် ဒေါ်လာ ၅ ဒဿမ ၆ သန်းကုန်ကျမည့် လျှပ်စစ် စီမံကိန်းကြီးနှစ်ခုကို အကောင်အထည် ဖော်မည်ဟုလည်း ကြေညာထားပြီး ဖြစ်သည်။

ယခု စီမံကိန်းများသည် အမေရိကန်နှင့် အနောက်ကမ္ဘာတို့၏ ပိတ်ဆို့အရေးယူမှု ခံထားရသော မြန်မာနိုင်ငံအတွက် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများ စာရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ပိတ်ဆို့ အရေးယူမှုများ ခံနေရသော်ငြား အာရှနှင့် အိမ်နီးချင်းနိုင်ငံ အတော်များများ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကို ရရှိနေသည်။ နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာမှုကလည်း နိုင်ငံတွင်း အပြောင်းအလဲ ကောင်းများ ဖြစ်ပေါ်လာနိုင်မည့် အနေအထားတွင် ရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် အခန်းကဏ္ဍမှ လျှပ်စစ်စွမ်းအား စုစုပေါင်း ၃၇ ဂစ်ဂါဝပ်ခန့် ထုတ်လုပ်နိုင်မည့် အလားအလာနှင့် ရင်းမြစ်များ ရှိနေသည်။ ယခင်က ထုတ်ပြန်ကြေညာခဲ့သော လျှပ်စစ်စွမ်းအင် စီမံကိန်းကြီးများသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွယ်တန်း ရောင်းချရန် ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား သွယ်တန်း ရောင်းချနိုင်မည့် ပထဝီ အနေအထားနှင့် အလားလာများလည်း ရှိနေသည်။

IF and IP မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment