Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန်ဒေါ်လာ လွှမ်းမိုး ကြီးစိုးထားသော နိုင်ငံတကာ ငွေကြေးစနစ်သည် အတိတ်ကာလ၏ အကျိုးရလဒ် တစ်ခုဖြစ်ကြောင်း တရုတ်သမ္မတ ဟူဂျင်းတောင်က သုံးသပ် ပြောကြားသည်။ တရုတ်နိုင်ငံသည် ယင်းအမေရိကန် ဒေါ်လာ နေရာကို မိမိ ကိုယ်ပိုင် ငွေကြေး စနစ်ဖြင့် အစားထိုးရန် လုပ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် မျှမျှတတဖြင့် ရှည်ကြာသော ဖြစ်စဉ် တစ်ခု ဖြစ်မည် ဟူသော အချက်ကို နားလည် သဘော ပေါက်ထားပါကြောင်း သမ္မတ ဟူဂျင်းတောင်က ဆိုသည်။

ယင်းမှတ်ချက်များကို အမေရိကန် သတင်းစာ နှစ်စောင်က တရုတ်သမ္မတ ဟူဂျင်းတောင် ဝါရှင်တန်သို့ နိုင်ငံတော် ခရီးစဉ်အဖြစ် လာရောက် လည်ပတ်မှု မပြုမီ ထုတ်ဖော် ရေးသားခဲ့ခြင်း ဖြစ်ပြီး ယင်းမှတ်ချက်များသည် အမေရိကန်နှင့် တရုတ် ဟူသော ဆူပါပါဝါ နှစ်နိုင်ငံ အကြား ဆက်လက် ဖြစ်ပေါ်နေသော ငွေကြေးဆိုင်ရာ တင်းမာမှုများကို ထင်ဟပ်စေသည်။

အဆိုပါ မှတ်ချက်များကို Washington Post နှင့် Wall Street Journal တို့က မေးခွန်း မေးမြန်းရာတွင် သမ္မတ ဟူဂျင်းတောင်က တုံ့ပြန် ဖြေကြားခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ဗဟိုဘဏ်က စီးပွားရေးတွင် ဒေါ်လာ ၆၀၀ ဘီလီယံ ထည့်သွင်းရန် ဆုံးဖြတ်ခဲ့မှုကိုလည်း ၎င်းက ထပ်မံ ဝေဖန် ပြောဆိုခဲ့သည်။ အချို့သော စီးပွားရေး လေ့လာ သုံးသပ်သူများက ယင်းလုပ်ရပ်သည် အခြားသော နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာ၌ ဒေါ်လာငွေ တန်ဖိုး လျော့နည်း သွားစေနိုင်သည်ဟု ဆိုကြသည်။

"အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးမူဝါဒက ကမ္ဘာလုံးဆိုင်ရာ ငွေကြေး ဖြစ်ထွန်းမှုနဲ့ ငွေကြေး အရင်းအနှီး စီးဆင်းမှု အပေါ် အဓိက ဂယက် ရိုက်ခတ်မှု ရှိနေပါတယ်။ အဲဒီအတွက်ကြာင့် အမေရိကန် ဒေါ်လာ ငွေကြေး ဖြစ်ထွန်းမှုကို ကျိုးကြောင်း ဆီလျော်မှု ရှိပြီး တည်ငြိမ်မှု ရှိတဲ့ အဆင့်တစ်ခုမှာ ထားရှိ သင့်ပါတယ်" ဟု တရုတ်သမ္မတ ဟူဂျင်းတောင်က ပြောသည်။

အရေးကြီးသော ထည့်ဝင်မှု

ထို့ပြင် ယွမ်ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်ခြင်းသည် တရုတ်ပြည် ငွေကြေး ဖောင်းပွမှုကို လျှော့ချ ပေးနိုင်သည် ဟူသော အကြံပြု ချက်များနှင့် ပတ်သက်၍ သဘော မတူနိုင်ကြောင်း ၎င်းက ဆိုသည်။

ဘေဂျင်း အစိုးရသည် ယွမ်ငွေတန်ဖိုး ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု၏ ဖိအားပေးမှုများနှင့် အစောပိုင်းက ကြုံတွေ့ခဲ့ရသည်။ တရုတ် နိုင်ငံသည် မိမိပို့ကုန်များ တင်ပို့မှုကို မြှင့်တင်နိုင်ရေး အလို့ငှာ ယွမ်ငွေ တန်ဖိုးကို ထိန်းချုပ်ထားကြောင်း အမေရိကန် ပြည်ထောင်စုက စွပ်စွဲ ပြောဆိုခဲ့သည်။

လက်ရှိ ယွမ်ငွေကြေး စနစ်အပေါ် ဝေဖန် ပြောဆိုမှုများ ရှိနေသော်ငြားလည်း သမ္မတ ဟူဂျင်းတောင်က ယွမ်ငွေကို ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးအဖြစ် သတ်မှတ် ခံရရန် အချိန်ကာလ ကြာရှည်ဦးမည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း ပြောသည်။

"တရုတ်နိုင်ငံဟာ ကမ္ဘာ့ စီးပွားရေး အတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ စီးပွားရေး ထုပ်လုပ်မှု ပမာဏ၊ ကုန်သွယ်ရေး လုပ်ဆောင်မှု ဆိုတဲ့ အကြောင်းကိစ္စအရ လုပ်ဆောင် ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ယွမ်ငွေကြေးဟာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှုမှာ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့တာပါ" ဟု ၎င်းက ဆိုသည်။

"ဒါပေမဲ့ ယွမ်ငွေကြေးကို နိုင်ငံတကာ ငွေကြေး ဖြစ်လာအောင် လုပ်တဲ့ ကိစ္စဟာ မျှမျှတတနဲ့ ရှည်ကြာမယ့် ဖြစ်စဉ်ကြီး တစ်ခု ဖြစ်မှာပါ" ဟု ဆက်လက် ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment