Transparency Myanmar

transparency.myanmar@gmail.com

(The Straits Times မှ 28 January 2011 ရက်စွဲပါ "Thai government Army deny coup claims" ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းအစိုးရသည် မျှော်မှန်းထားသော ရွေးကောက်ပွဲများ မတိုင်မီ လမ်းပေါ် ဆန္ဒပြပွဲများ အရှိန်မြင့် လာသည့် ကြားမှပင် စစ်တပ်က အာဏာ သိမ်းမည့် အလား အလာနှင့် ရင်ဆိုင် နေရသည်ဟု အတိုက်အခံတို့က ပြောဆိုနေခြင်းကို အစိုးရက ကြာသပတေးနေ့တွင် ပယ်ချ လိုက်သည်။

စစ်တပ်က ထိုင်းနိုင်ငံရေးကို ကြားဝင်ရန် အလား အလာ ရှိနေသည်ဟု အစိုးရ ဆန့်ကျင်သည့် ရှပ်နီ အုပ်စု ခေါင်းဆောင်၊ နိုင်ငံရေး သမား တစ်ဦးက ပြောကြားမှုကို ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီဗားက ပယ်ချလိုက်သည်။

"မဟုတ်ပါဘူး၊ သူတို့ အာဏာ သိမ်းဖို့ မကြံစည်ပါဘူး" ဟု ပြောကြားခဲ့သော ဝန်ကြီးချုပ်က စစ်တပ် ဦးစီးချုပ် ပရာရွတ် ချန်အိုချာသည် ၎င်းအား ထုတ်ပယ်ရန် စီစဉ်မည် မဟုတ်ဟူသော အချက်ကို ယုံကြည် စိတ်ချမှု ရှိကြောင်း ဆက်လက် ပြောသည်။

ယင်းကဲ့သို့ သေချာပေါက် ပြောဆိုမှုများကို ဒုတိယ ဝန်ကြီးချုပ် ဆူသက်သောင် ဆာဗန်က အစောပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း ၁၉၃၂ ခုနှစ် နောက်ပိုင်း ထိုင်းနိုင်ငံတွင် ၁၉ ကြိမ်မြောက် စစ်တပ် အာဏာသိမ်းမှု ဖြစ်လာဖွယ် ရှိသည့် စစ်တပ်၏ လှုပ်ရှားမှုကို အကွဲ အပြဲ ကြီးမားနေသော ထိုင်းနိုင်ငံတွင်း အုပ်စု အချို့က ထောက်ခံ ကြဖွယ် ရှိသည်ဟု ဝန်ခံခဲ့သည်။

"အာဏာ သိမ်းဖို့ တောင်းဆိုနေတဲ့ အုပ်စုတွေ ရှိပါတယ်၊ ဒါပေမဲ့ ဒီလို မတောင်းဆို ကြပါနဲ့၊ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အဖြေ မဟုတ်ပါဘူး၊ ရှပ်နီတွေရဲ့ သူရဲကောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို စစ်တပ်က အာဏာ သိမ်းခဲ့တာ ၅ နှစ်တောင် မပြည့် သေးပါဘူး" ဟု ယင်းက ဆိုသည်။

ထိုင်းစစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆွန်ဆန် ကွေကမ်နတ်ကလည်း ယင်းကဲ့သို့ အစီအစဉ်များ မရှိဟု ငြင်းဆိုခဲ့သည်။ "စစ်တပ် အကြီးအကဲက အာဏာ သိမ်းမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးပါပြီ၊ လက်ရှိ အနေအထားမှာ ဘယ်လို စစ်တပ် ခေါင်းဆောင်ကမှ အာဏာ သိမ်းဖို့ သတ္တိ မရှိပါဘူး" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment