Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 8 February 2011 ရက်စွဲပါ "Two Koreas Start First Talks Since Attack" ကို ဘာသာ ပြန်ဆိုသည်)

နိုဝင်ဘာလက နှစ်နိုင်ငံ နယ်ခြား အနီး တောင်ကိုရီးယား ကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့ ပြီးနောက်ပိုင်း တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ၏ ပထမဆုံး အကြိမ် ဆွေးနွေးပွဲကို အင်္ဂါနေ့တွင် စတင် ခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်း ဌာနက သတင်း ထုတ်ပြန်သည်။

စစ်ဖက် ဆွေးနွေးပွဲများကို လုံခြုံရေး ထူထပ်သော ရှေ့တန်း နယ်စပ် ပန်မွန်ဂျုံ ကျေးရွာတွင် ဒေသ စံတော်ချိန် မနက် ၁၀ နာရီ ခန့်တွင် စတင် ကျင်းပ ခဲ့သည်ဟု အမည် မဖော် လိုသူ အရာရှိ တစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ သတင်း ဌာနက ဖော်ပြ ခဲ့သည်။

မီဒီယာများကို ပိတ်ပင် ထားသည့် အဆိုပါ ဆွေးနွေးပွဲများကို စီစဉ် ထားသည့် အတိုင်း ကျင်းပ ခဲ့သည် ဟူသော သတင်းကို ကာကွယ်ရေး ဝန်ကြီး ဌာနက ချက်ချင်း အတည်ပြု နိုင်ခြင်း မရှိပေ။ အင်္ဂါနေ့က ဆွေးနွေးပွဲများကို ယခုတိုင် ရက် သတ်မှတ် ရခြင်း မရှိသေးသည့် ထိပ်ပိုင်း အဆင့် စစ်ဖက် ဆွေးနွေးပွဲများ ကြိုတင် ပြင်ဆင်ရေး အတွက် အဓိက ရည်ရွယ် ပြုလုပ် ခြင်း ဖြစ်သည်။

သို့သော်လည်း ယခု ဆွေးနွေးပွဲကို လပေါင်း အတန်ကြာ ကြီးထွား ခဲ့သော တင်းမာမှုများ အပြီး ငြိမ်းချမ်းရေး ကမ်းလှမ်း လာသည့် အိမ်နီးချင်း နိုင်ငံ၏ ရိုးသားမှုကို စမ်းသပ် ရမည့် အခွင့် အရေး တစ်ခု အဖြစ် ဆိုးလ်က ရှုမြင် ထားသည်။

တောင်ကိုရီးယားက ၎င်း၏ ရေတပ်သား ၄၆ ဦးနှင့် အတူ နစ်မြုပ် သွားခဲ့သည့် စစ်သင်္ဘောကို မြောက်ကိုရီးယားက တော်ပီဒိုဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း မေလက စွပ်စွဲခဲ့ပြီးချိန်မှ စ၍ ဆက်ဆံရေး အေးစက် သွားခဲ့ခြင်း ဖြစ်သည်။ ယင်းစွပ်စွဲမှုကို ပြုံယမ်းကမူ ငြင်းဆန်ထားသည်။

ထို့အပြင် နိုဝင်ဘာ ၂၃ က အငြင်းပွား ပင်လယ်ဝါ ရေပြင် အနီးမှ တောင်ကိုရီးယားပိုင် ယွန်ပြောင်းကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ရန်စ ပစ်ခတ် ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦးနှင့် ရေတပ်သား ၂ ဦး သေဆုံးရကာ ကိုရီးယား ကျွန်းဆွယ်တွင် စစ်ငွေ့သန်း ခဲ့သည်။ သို့ရာတွင် ယခု နှစ်ဆန်း၌ ပြုံယမ်းက နည်းဗျူဟာ ရုတ်တရက် ပြောင်းလဲ သွားခဲ့ပြီး တွေ့ဆုံ ဆွေးနွေးစဉ် အဆက်မပြတ် မေတ္တာ ရပ်ခံမှုများ စတင် ပြုလုပ် လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment