Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၁ ရက်စွဲပါ Reuters ၏ Sanctions on Myanmar ကို ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီက မြန်မာနိုင်ငံ အပေါ် ချမှတ်ထား သော အရေး ယူမှုများ ဆက်ရှိနေ သင့်သည်ဟု ထောက်ခံ ပြောဆိုလိုက်ရာ စစ်အစိုးရနှင့် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံရန် စိတ်အား ထက်သန်သော အနောက်နိုင်ငံ ကုမ္ပဏီများအဖို့ လေစိမ်း အတိုက်ခံရ သလို ရှိပေလိမ့်မည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ကုန်သွယ်ရေးနှင့် ခရီး သွားလာရေး တားမြစ်ချက် များသည် လူဦးရေ အများစုအား သိပ် မထိခိုက်သဖြင့် sanction များ ဆက်ရှိ နေသင့်ပြီး အရပ်သား အစိုးရ သစ်နှင့် ဥပဒေပြုရေးတွင် ဆက်လက် ချုပ်ကိုင်ရန် ကြိုးစားနေသော ဗိုလ်ချုပ်များကို အထီးကျန်အောင် ပြုလုပ်ရမည်ဟု ဆိုသည်။

ယခု လက်ရှိ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော sanction များကို အောက်တွင် ဖော်ပြထားသည်။

အီးယူ၏ ပိတ်ဆို့ အရေးယူမှုများ

-      ဥရောပ သမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် ယင်း၏ အဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းများ (Common Position on Myanmar) ကို ချမှတ်ခဲ့ရာ အီးယူမှ လက်နက်များ၊ လက်နက် နည်းပညာများ မြန်မာနိုင်ငံသို့ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း တားမြစ်ခြင်း၊ ပြည်တွင်း ဖိနှိပ် မည့် ပစ္စည်း ကိရိယာများ တင်ပို့ခြင်းများကို တားမြစ်ခြင်းများ ပါဝင်သည်။

-      အီးယူ အစိုးရများသည် ၂၀၀၇ စက်တင်ဘာလက ဘုန်းတော်ကြီး အရေးအခင်းတွင် နှိမ်နှင်းမှု များကြောင့် အရေးယူမှုများအား ပိုမို တင်းကြပ်ခဲ့ပြီး၊ ကုမ္ပဏီ ၁၂၀၇ ခုအား ဗီဇာ ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများ ပိတ်ဆို့ခြင်းများ ပါဝင်သည်။

၂၀၀၉ ဧပြီလတွင် အီးယူသည် စစ်အစိုးရ အဖွဲ့ဝင်များနှင့် ယင်းတို့ကို ပံ့ပိုး ကူညီ သူများအား ပိတ်ပင်မှုနှင့် ပိုင်ဆိုင်မှုများ ပိတ်ပင် ထားမှုကို သက်တမ်း တစ်နှစ် တိုးမြှင့် ခဲ့သည်။ မြန်မာ နိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား (၂၁၀၀)ခန့်အား လွှတ်ပေးရန် ကာလ ရှည်ကြာ ကပင် တောင်းဆိုခဲ့သည်။

-      မြန်မာ နိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေးနှင့် စီးပွားရေး sanction များတွင် အဓိက ပို့ကုန်များ ဖြစ်သော သစ်နှင့် ပတ္တမြားတို့ ကဲ့သို့သော ပစ္စည်းများ ပေါ်တွင် အာရုံပြုရန် သြဂုတ်လ (၁၁) ရက်နေ့က ပြင်သစ်က ပြောကြားခဲ့သည်။ ဗြိတိန် နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်မှု ကန့်သတ်ရေး ပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား တောင်းဆို ခဲ့သည်။

-      အီးယူသည် ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးရာတွင် တာဝန်ရှိသော တရားသူကြီးများအား စစ်အစိုးရ တာဝန်ရှိသူများအား ချမှတ် ထားသော အရေးယူမှု စာရင်းတွင် ထပ်တိုးခဲ့သည်။

အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများ

-      အမေရိကန် ပြည်ထောင်စု သည် ၁၉၈၈ ခုနှစ် ကျောင်းသားများ ခေါင်းဆောင်သော ဆန္ဒပြ ပွဲအား စစ်အစိုးရက နှိမ်နှင်းမှုများကြောင့် ထိုနှစ်မှ စ ကျယ်ပြန့်သော အရေးယူ ပိတ်ဆို့မှု များ ပြုလုပ်ခဲ့သည်။ ယင်းသည် ၁၉၉၇ ခုနှစ်တွင် အမေရိကန်များ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု အသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။

-      ၀ါရှင်တန်သည် မြန်မာ ဗိုလ်ချုပ်များ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်ရန် တွန်းအားပေးသည့် အနေဖြင့် sanction များကို ပိုမို တဖြည်းဖြည်း တင်းကြပ်ခဲ့သည်။

-      သမ္မတ Obama သည် ပြီးခဲ့သည့် မေလက အမေရိကန်၏ အရေးယူမှုကို ပြန်လည် သုံးသပ် ခဲ့သည်။ အစိုးရသစ်သည် တိုင်းပြည်၏ ဆိုးရွားလှသော လူ့အခွင့်အရေး အခြေ အနေများ တိုးတက်ရေး အတွက် သိသာသော ကြိုးစား အားထုတ်မှုများ ပြုလုပ်မှုကို ပြသပါက အရေးယူမှုများကို ပြန်လည် စီစစ်မည်ဟု ၀ါရှင်တန်က ပြောခဲ့သည်။

-      ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် အမေရိကန် ငွေတိုက်ဌာနသည် မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း နှင့် ယင်းတို့၏ လက်အောက်ခံများ၏ ပိုင်ဆိုင် မှုများနှင့် ငွေစာရင်း လွှဲပြောင်းမှုများကို ပိတ်ပင် ကန့်သတ်ခဲ့သည်။

-      ထိုသို့ ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန် ပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းများသည် အဆိုပါ ကုမ္ပဏီများနှင့် ငွေကြေးဆိုင်ရာ စာရင်း လွှဲပြောင်းမှုများ မပြုလုပ်ရန်နှင့် ပိုင်ဆိုင်မှု များ ပိတ်ပင်ထားပြီး အမေရိကန် တရားစီရင်ရေး အောက်တွင် ထားရှိရန် ဖြစ်သည်။

-      Burma Freedom and Democracy ဥပဒေ (၂၀၀၃)အရ မြန်မာနိုင်ငံမှ သွင်းကုန် အားလုံး ပိတ်ပင်ခဲ့သည်။ ငွေစာရင်း လွှဲပြောင်းမှုများ ကန့်သတ်ခြင်း၊ မြန်မာငွေကြေး အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများ ချုပ်ကိုင်ထားခြင်း၊ အစိုးရ အဖွဲ့ဝင်များအပေါ် ဗီဇာ ပေးခြင်းများကို ကန့်သတ်ထားခြင်းများ ပါဝင်သည်။

အခြား ပိတ်ဆို့ အရေးယူမှုများ

-       သြစတြေးလျ နိုင်ငံက မြန်မာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ၏ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှုကို ဆက်လက် ချမှတ်ထားပြီး ၁၉၈၈ ခုနှစ်မှ စ ကာကွယ်ရေး ပစ္စည်း တင်ပို့မှုကို တားမြစ်ထားသည်။

-      ၂၀၀၇ အောက်တိုဘာတွင် မြန်မာ စစ်ဖက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့် မိသားစုဝင်များ အပေါ် ငွေကြေးဆိုင်ရာ တားမြစ် ပိတ်ပင်မှု အစီအစဉ်ကို ကြေညာခဲ့ရာ အဆိုပါ စာရင်းတွင် လူ ၄၀၀ ကျော် ပါဝင်သည်။

-      ကနေဒါ နိုင်ငံသည် ၂၀၀၇ နိုဝင်ဘာလတွင် လူသားခြင်း စာနာသော အကူအညီ ပစ္စည်းများမှ လွဲ မြန်မာ နိုင်ငံသို့ ပို့ကုန် မှန်သမျှကို တားမြစ်ခဲ့ပြီး တင်သွင်းမှုကိုလည်း ပိတ်ပင် ခဲ့သည်။ စစ်ဖက် အစိုးရနှင့် အဆက်အသွယ် ရှိသော မြန်မာ နိုင်ငံသားများ၏ ကနေဒါရှိ ပိုင်ဆိုင်မှုများ ကိုလည်း ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံသို့ ငွေကြေး ၀န်ဆောင်မှု ဖြည့်ဆည်းခြင်း၊ နည်းပညာ အချက် အလက် တင်ပို့ခြင်း တို့ကိုလည်း ကနေဒါက တားမြစ်ထားသည့် အပြင် ကနေဒါ နိုင်ငံသားတို့ ထပ်မံ ရင်းနှီး မြှုပ်နှံမည့် အစီ အစဉ်သစ် များကိုလည်း တားမြစ်ထားသည်။

-      နယူးဇီလန် နိုင်ငံကလည်း မြန်မာ စစ်ဖက် ခေါင်းဆောင်များနှင့် မိသားစုဝင်များ၏ ပြည်ဝင်ခွင့် ဗီဇာကို ယခင် ကတည်းက ပိတ်ပင်ထားခဲ့သည်။

-      ဂျပန် နိုင်ငံက ၂၀၀၇ အောက်တိုဘာလတွင် မြန်မာနိုင်ငံအပေါ် အကူအညီ ပေးနေခြင်းကို ဖြတ်တောက် လိုက်သည်။

-      အာရှ နိုင်ငံ အများစုကမူ မြန်မာ အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို ဦးစား ပေးလျက် ရှိပြီး အရှေ့တောင် အာရှ နိုင်ငံများကလည်း မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများ၏ အရေးယူ ဒဏ်ခတ်မှုများ ရုတ်သိမ်းပေးရန် တောင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment