Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၈ ရက် ၂၀၁၁ ရက်စွဲပါ Monsters and Critics မှ Myanmar opposition calls for review of sanctions ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများကို အားပေးနိုင်ရန် စီးပွားရေးအရ အရေးယူ မှုများကို မည်သို့ ပြုပြင်နိုင်မည် ဆိုသည့် ကိစ္စနှင့် ပတ်သက် အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ တို့အား မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီက အင်္ဂါနေ့က တောင်းဆိုခဲ့သည်။

မြန်မာ နိုင်ငံ၏ စီးပွားရေး အခြေအနေမှာ sanction ကြောင့် သိသိ သာသာ အတိုင်းအတာ တစ်ခုအထိ ထိခိုက်ခြင်း မရှိကြောင်း၊ ရနိုင်သော သက်သေ အထောက် အထားများက ညွှန်းဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယင်း၏ လေးမျက်နှာရှိ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံ၏ အတိအကျ ပြောဆိုရန် ခက်ခဲသော လက်ရှိ စီးပွားရေး ပြဿနာများသည် စစ်အစိုးရ၏ စီးပွားရေး မူဝါဒများကြောင့် ဖြစ်ကြောင်း NLD က အပြစ်တင်ခဲ့ပြီး စီးပွားရေး မူဝါဒများသည် ဈေးကွက် အင်အားစုများကို ဘာမျှ မလုပ်နိုင်အောင် တားဆီး ထားပြီး ခရိုနီ ဦးစားပေး ၀ါဒ (Cronyism) ကိုသာ အသုံးပြုကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့ အားလုံးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် စစ်တပ်၏ နှိမ်နှင်းမှုကြောင့် ၁၉၈၈ မှစ အကူအညီ ပေးရေး အစီအစဉ်များ ရပ်ဆိုင်း သွားခဲ့သည်။

အနောက်နိုင်ငံ အများစုသည် ထိုစဉ်ကတည်းက အကူအညီများ ရပ်ဆိုင်းခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် နိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုကို တားမြစ်ခဲ့သည်။

အမေရိကန်နှင့် အီးယူတို့သည် အုပ်ချုပ်သူ ဗိုလ်ချုပ်များနှင့် ယင်းတို့၏ စီးပွားရေး ခရိုနီများ အပေါ် ငွေကြေး ဆိုင်ရာ အရေးယူမှုများ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး အပြီးတွင် sanction များ ရုတ်သိမ်းရေးနှင့် ပတ်သက် ငြင်းခုန်မှုများ ရှိလာခဲ့သည်။

NLD ပါတီသည် ရွေးကောက်ပွဲဝင်ရန် ငြင်းဆန်မှုကြောင့် တရားဝင် နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ရေး ဆုံးရှုံးခဲ့ရသော်လည်း နိုင်ငံတကာက ယင်း၏ ခေါင်းဆောင်အပေါ် လေးစားမှုကြောင့် ပါဝါ ရှိသော အတိုက်အခံ အဖြစ် ဆက်လက် ရပ်တည်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမ လွတ်မြောက်ပြီးနောက် စီးပွားရေး sanction များနှင့် ပတ်သက် NLD ၏ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်မည်ဟု ပြောခဲ့သည်။

"NLD အနေနဲ့ sanction များနှင့် ပတ်သက် အမြင်များ သဘော တူညီမှု ရရှိရေး အတွက် အမေရိကန်၊ အီးယူ၊ ကနေဒါ နှင့် သြစတြေးလျ တို့နှင့် ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနှင့် သန်စွမ်းသော စီးပွားရေး ၀န်းကျင်များ ပေါ်ပေါက်ရေးအတွက် sanction များကို မည်သို့ ပြန်လည် ပုံစံသွင်း ပြင်ဆင်မည် ဆိုသည်ကို လည်း ဆွေးနွေး လိုပါသည်"ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

အနောက် နိုင်ငံများ၏ sanction ရုပ်သိမ်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာ လွှမ်းမိုး မှုကို သူမ အနေဖြင့် စစ်အစိုးရနှင့် လည်းကောင်း၊ အစိုးရသစ်နှင့် လည်းကောင်း ဆွေးနွေးရေး အတွက် ဖဲတစ်ချပ် အဖြစ် အသုံးပြု နိုင်သည်။

လက်ရှိတွင် မြန်မာပြည်၏ အစိုးရသစ်ကို စစ်တပ်မှ ထွက်သော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းလိမ့်မည်ဟု မျှော်လင့်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment