Transparency Myanmar

transparency.myanmar@gmail.com

စာပေလောကမှ အနားယူတော့မည်ဖြစ်သော မောင်စူးစမ်း 

(ဘုန်းထက်လင်း)

"ဒုတိယပင်လုံအယူအဆက ရေးချင်တာက အိုင်ဒီယာပဲ။ ငါတို့ အိုင်ဒီယာကို ချပြရရင် ဘယ်နေရာကပဲဖြစ်ဖြစ်ပေါ့။ The Voice တို့ အခြားဂျာနယ်တို့မှာလည်း ရေးခဲ့တာပဲ။ ဒီလူမျိုးစု ပြဿနာကို ဒီထက်တောင်အကျယ်ချဲ့ရေးချင်သေးတယ်။ ဒီလို အရေးကြီးတဲ့ပြဿနာကို တိုင်းပြည်က ကိုင်တွယ်ရမှာ၊ နိုင်ငံရေးပါတီတွေက ကိုင်တွယ်ရမှာမဟုတ်ဘူး။ ဒီ ဒီမိုကရေစီရေးတို့၊ လူမျိုးစုရေး တို့ဆိုတာက State building ,National Building ။ ဒါကို နိုင်ငံရေးသမားတွေရဲ့ ကြွေးကြော်သံမဖြစ်စေချင်ဘူး။ ပထမဆုံး အဲဒါကို ရေးလိုက်တာပဲ။ The Voice မှာပါတယ်။ ဒါကို ထပ်ရေးတာပဲ။ စာရေးဆရာဆိုတာ ကိုယ့်အမြင် အိုင်ဒီကို ကျယ်ပြန့်ချင်တာပဲ" ယင်းမှာ နိုင်ငံရေး၊ စီးပွားရေး ဆောင်းပါးများကို ဆယ်စုနှစ်ချီပြီးရေးသားခဲ့သည့် စာရေးဆရာ မောင်စူးစမ်း မှ ဖေဖော်ဝါရီ ၁၀ ထုတ် Popular News အင်တာဗျူးမှ ဖြေကြားခဲ့သည့် စကားဖြစ်သည်။ ဆရာ မောင်စူးစမ်းသည် ၄ရက်နေ့ ထုတ် မြန်မာ့အလင်းဆောင်းပါး၌ ဒုတိယပင်လုံ၏ အနှစ်သာရမဲ့မှု ဆောင်းပါးကို ရေးသားခဲ့ခြင်းကြောင့် စာပေလောက၌ ဝေဖန်များပေါ်ပေါက်လာခဲ့သည်။ " အရင်ကတော့ မြန်မာ့အလင်းနေ့စဉ်တို့၊ လုပ်သားတို့မှာ ပင်တိုင်ဆောင်းပါးရှင်။ အခုကတော့ ဟုတ်ပါတယ်။ ဒုတိယပင်လုံကိစ္စရေးပေးလို့လည်းဆိုလို့ ရေးလိုက်တာပါ။ အခုခောတ်မှတော့ ဒါပထမဦးဆုံးပေါ့" ဟု မောင်စူစမ်းက အဆိုပါ အင်တာဗျူးတွင်ဖြေကြားခဲ့သည်။

     အမည်ရင်းမှာ ဦးတင်ရွေဖြစ်ပြီး ပြည်တွင်းထုတ်ဂျာနယ်၊ မဂ္ဂဇင်းများ၌ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ ကမ္ဘာ့စီးပွားရေး များကို "မောင်စူးစမ်း"၊ "ချမ်းအေး" ကလောင် အမည်များဖြင့် ရေးသားခဲ့သူဖြစ်သည်။ ယခုတော့ သူ၏ ကျန်းမာရေးအခြေအနေကြောင့် စာရေးသားခြင်းမှ အနားယူတော့မည်ဖြစ်သည်။ " အသက်ကြီးလာတော့ ကယ်ဒီယမ်(Calcium) ဓာတ်ချို့တဲ့လာတယ် ထင်တယ်။ အခုလက်တွေက စာမရေးနိုင်တော့ဘူး။ အနားယူချင်တာကြာပါပြီ။ ဒါပေမဲ့ ခုမှ အနားယူ ဖြစ်တာ" ဟု ဆရာ မောင်စူးစမ်းက လက်ချောင်းများ ပုံမှန်အနေအထားမရှိတော့သော ၎င်း၏ ညာဘက်လက်ကိုပြ၍ ရှင်းပြကြောင်း The Voice Weeklyဂျာနယ်မှ ဖော်ပြထားသည်။

     ဆရာ မောင်စူးစမ်းသည် အသက် ၈၄ နှစ်အရွယ်ရှိပြီး တရားရုံးချုပ် ရှေ့နေအဖြစ်လည်းကောင်း၊ နိုင်ငံရေးသမားတစ်ဦး အဖြစ်လည်းကောင်း၊ လူသိများထင်ရှားသော စာရေးဆရာ တစ်ဦးအဖြစ် လည်းကောင်း ဘဝမျိုးစုံကို ဖြတ်သန်းကျင်လည် ခဲ့သူဖြစ်သည်။   ref: the voice journal

_______________________________________________________________________

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment