Transparency Myanmar

transparency.myanmar@gmail.com

တစညပါတီက အစိုးရသစ်ပေါ်ပြီးမှသာ မေးခွန်းမေးမြန်းခြင်းများ စတင်မည်ပာုဆို

ရန်ကုန်၊ မတ် ၂၂။


            တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ အစိုးရသစ် ပေါ်ထွက်ပြီးမှသာ ပါတီမှ မေးခွန်းများမေးမြန်းခြင်း၊ အဆို တင်သွင်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဗပိာုအလုပ် အမှုဆောင် ဦးပာန်ရွှေက ပြောကြားခဲ့သည်။

            လွှတ်တော်အတွင်း၌ မိမိတို့ပါတီမှရောက်ရှိသွားသည့် ကိုယ်စားလှယ်များသည် အာဏာလွှဲပြောင်းပြီးချိန် အစိုးရသစ်တစ်ရပ် ပေါ်လာမှသာ မေးခွန်းများ၊အဆိုများ စတင် တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ အခြေအနေအရ အခြားပါတီများမှ တင်သွင်းသည့်အဆိုများကို ထောက်ခံခြင်းကိုသာ ပြုလုပ်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသစ် အမြန်ဆုံး ပေါ်ပေါက်လာရန်သာ အဓိကဖြစ်ကြောင်း၊ ပါတီ၏ ရည်မှန်းချက်များ အရ အစိုးရသစ် ပေါ်ပေါက်လာမှသာ မေးခွန်းများ၊ အဆိုများ တင်သွင်းမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

            ယခု လက်ရှိအခြေအနေတွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့်မေးခွန်းမှ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်း မရှိသေးကြောင်း သိရသည်။ အခြားပါတီ များမှ တင်သွင်းသည့် မေးခွန်းနှင့် အဆိုအချို့ကိုသာ ထောက်ခံအားပေးနေကြောင်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment