Transparency Myanmar

transparency.myanmar@gmail.com

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေ ရိကန် မဟာမိတ် တပ်ဖွဲ့များ လေကြောင်းမှ သာမက ရေပြင် မှပါ ဒုံးကျည်များ၊ ရော့ကက် များဖြင့် ပစ်ခတ် တိုက်ခိုက် မှုကြောင့် အပြစ်မဲ့ အရပ် သားများ သေဆုံး ခဲ့ကြ ရကြောင်း လစ်ဗျား အစိုးရက ထုတ်ဖော် ပြောဆိုသည်။ မဟာမိတ်တို့ လစ်ဗျားကို စတင် ထိုးစစ်ဆင် တိုက်ခိုက်မှု သုံးရက် မြောက်နေ့တွင် မြို့တော် ထရီ ပိုလီရှိ ခေါင်းဆောင်ကြီး ကဒါဖီ၏ အဆောက် အအုံများ ထိခိုက် ပျက်စီး သွားသည်။

လစ်ဗျားတွင် အစိုးရက အပစ် အခတ် ရပ်စဲရေး ကြေညာ ထားသည့် တိုင် ကဒါဖီကို သစ္စာ ခံသော အင်အားစု များနှင့် ဆန့်ကျင်သူ သူပုန်များ အကြား တိုက်ခိုက် မှုများ ဆက်လက် ဖြစ်ပေါ် နေဆဲ ဖြစ်သည်။ လစ်ဗျား အရှေ့ပိုင်း အက်ဒါ ဘီးယား မြို့ အပြင်ဘက်တွင် အစိုးရ တပ်ဖွဲ့ များက သူပုန် များကို နှိမ်နင်း တိုက်ထုတ် ခဲ့သည်ဟု ဆိုသည်။ တတိယ အကြီးဆုံး မြို့ဖြစ်သည့် မီဆရာတာ မြို့တွင် တပ်စွဲ ထားသော သူပုန်များ သည်လည်း ကဒါဖီ တပ်ဖွဲ့များ၏ ထိုးစစ် ဆင်မှု များနှင့် ရင်ဆိုင် နေရကြောင်း ဘီဘီစီ သတင်း ဌာနက ဆိုသည်။

ဤအတော အတွင်း မှာပင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အမေရိကန် ပြည်ထောင်စု အနေဖြင့် လစ်ဗျား အရေ အတွက် ဦးဆောင် လုပ်ကိုင် နေသော အခန်း ကဏ္ဍ အား ရက်ပိုင်း အတွင်း လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် အမေ ရိကန် အနေဖြင့် လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရာထူးမှ ဖယ်ရှား ပေးသည်ကို တွေ့မြင် လိုကြောင်း၊ သို့သော် ယခု ထိုးစစ် ဆင် တိုက်ခိုက် မှုသည် လစ်ဗျား ပြည်သူ များအား အကာ အကွယ် ပေးရေး ကိုသာ အဓိက အာရုံ စိုက်ကြောင်း ပြောကြားသည်။

မြို့တော် ထရီပိုလီ အခြေစိုက် ဘီဘီစီ သတင်းထောက် အဆို အရ မတ်လ ၂၂ ရက်နေ့တွင် ကောင်းကင်ယံ၌ ဒုံးကျည်များ၊ ရော့ကက် များကို မကြာ ခဏ တွေ့မြင် သည်ဟု ဆိုသည်။ AFP သတင်း ဌာန ရေးသားချက် အရ ခေါင်းဆောင်ကြီး ကဒါဖီ နေထိုင်သော ဝင်း အနီးတွင် ပေါက်ကွဲ သံများ ကြားရကြောင်း သိရသည်။ လစ်ဗျား နိုင်ငံပိုင် ရုပ်သံ ဌာနက မြို့တော် ထရီပိုလီသည် ရန်သူများ ဗုံးကြဲ တိုက်ခိုက် မှုဖြင့် ရင်ဆိုင် နေရ သည်ဟု ထုတ်လွှင့် ဖော်ပြသည်။ အချို့သော နေရာများ မှာလည်း တိုက်ခိုက် ဖျက်ဆီးခြင်း ခံရကြောင်း၊ သို့သော် ယင်းတိုက် ခိုက်မှု များက လစ်ဗျား ပြည်သူ များကို ခြောက်လှန့် စေနိုင်မည် မဟုတ်ကြောင်း ရုပ်သံ ဌာနက ဆိုသည်။

လစ်ဗျား အစိုးရ ပြောရေး ဆိုခွင့် ရှိသူ Moussa Ibrahim က တောင်ပိုင်း ဒေသရှိ ဆီဘား မြို့လည်း မတ်လ ၂၂ ရက် နေ့တွင် တိုက်ခိုက် ခံရကြောင်း၊ မဟာမိတ် တပ်ဖွဲ့ များသည် ထရီပို လီမြို့ အနီးရှိ တံငါ ဆိပ်ကမ်း ကိုလည်း တိုက်ခိုက် ခဲ့ကြောင်း ပြောသည်။ AFP သတင်း ဌာန ရေးသားချက် အရ ထရီပိုလီမြို့ အနီးရှိ လစ်ဗျား ရေတပ် အခြေစိုက် စခန်းလည်း ဗုံးကြဲ ခံရသည်။ Aljazeera ရုပ်သံ ဌာနက ဘန်ဂါဇီမြို့ရှိ လေတပ် စခန်း နှစ်ခု တိုက်ခိုက် ခံရပုံ များကို ထုတ်လွှင့် ပြသသည်။ မတ်လ ၂၂ ရက်နေ့ တိုက်ခိုက်မှုသည် အရပ်သား အတော် များများကို ထိခိုက် စေခဲ့ပြီး အရပ်သုံး လေယာဉ်ကွင်း တစ်ခုလည်း ပျက်စီး သွားသည်ဟု မစ္စတာ Ibrahim က ဆိုသည်။

မျက်မြင် သက်သေ များက Reuters သတင်း ဌာနကို ပြောပြ ချက် များအရ ကဒါဖီ တပ်ဖွဲ့ များက တူနီးရှား နယ်စပ် ဒေသရှိ ဇင်တန်မြို့ကို ကဒါဖီ၏ တပ်ဖွဲ့များက အမြောက်များ၊ တင့်ကား များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ နေအိမ်များနှင့် ဗလီ တစ်ခု ပျက်စီး သွားသည်။ အဆိုပါ မြို့ကို တင့်ကား စီးရေ ၄၀ ခန့်ဖြင့် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ လစ်ဗျား အရှေ့ပိုင်း ဒေသ တွင်လည်း ကဒါဖီ သစ္စာခံ တပ်ဖွဲ့ များက အတိုက် အခံ အင်အားစု များကို တင့်ကား များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ထိခိုက် သေဆုံးမှု များပြားသည်ဟု ဆိုသည်။

လစ်ဗျား အရှေ့ ပိုင်းတွင် အခြေ စိုက်သော သူပုန် ခေါင်းဆောင်များက ကုလ သမဂ္ဂ အရာရှိ ကြီးများနှင့် တွေ့ဆုံကာ လူသားချင်း စာနာ ထောက်ထား သော အကူ အညီများ ကိစ္စ ဆွေးနွေးသည်။ ဘီဘီစီ သတင်းထောက် အဆို အရ စားနပ် ရိက္ခာ များကို လတ်တလော ကာလ အတွင်း အီဂျစ် နိုင်ငံမှ တင်သွင်းလျက် ရှိကြောင်း၊ သို့သော် ပြည်တွင်း စီးပွားရေး အခြေ အနေနှင့် ပတ်သက်၍ ရှင်းရှင်း လင်းလင်း မသိရ သေးကြောင်း သိရသည်။

အမေ ရိကန် သမ္မတ ဘားရက် အိုဘားမားက အမေ ရိကန် ပြည်ထောင်စု၏ မူဝါဒသည် မွမ်မာ ကဒါဖီ နုတ်ထွက် သွားရန် ဖြစ်ကြောင်း၊ မဟာမိတ် များ၏ စစ်ဆင် ရေးသည် အရပ် ဘက် ပြည်သူ များကို အကာ အကွယ် ပေးရန်သာ ဖြစ်ကြောင်း ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment