Transparency Myanmar

transparency.myanmar@gmail.com

၁၄-၃-၂၀၁၁               ဘာသာပြန် သတင်းများ
 
မြန်မာ့ နိုင်ငံရေး သမားများထဲမှ ပြုပြင် ပြောင်းလဲရေး သမားများကို ပျိုးထောင်ရန်လို


(The Australian မှ 12 March 2011 ရက်စွဲပါ Morten B. Pederson ရေးသားသော “Burma have reformers to cultivate” ကို ဘာသာ ပြန်ဆိုသည်)

          မြန်မာ နိုင်ငံတွင် ၂၂ နှစ်ကြာ စစ်တပ်မှ တိုက်ရိုက် အုပ်ချုပ် ပြီးနောက် စစ်သားနှင့် အရပ်သား အရော အစိုးရသစ် တစ်ခု ထွက်ပေါ် လာပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးနှင့် ဝန်ကြီးချုပ် ဖြစ်သူ ဦးသိန်းစိန်က အရပ်သား သမ္မတ အဖြစ် ဦးဆောင်မည် ဖြစ်သည်။ ယမန်နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲများ ကျင်းပပြီး အခြေခံ ဥပဒေ အသစ်ဖြင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်မည်ဟု ဆိုသည်။

          စနစ် အသစ်သည် ဒီမိုကရက်တစ် အစိုးရလည်း မဟုတ်၊ အရပ်သား အစိုးရ စစ်စစ်လည်း မဟုတ်ပေ။ လွတ်လပ်သော ပါတီများသည် အာဏာအတွက် ပြိုင်ဆိုင်ရန် အခွင့် အလမ်းများ ရရှိ ခဲ့သော်လည်း၊ အဓိက နေရာများကို အငြိမ်းစား စစ်တပ်မှ ပုဂ္ဂိုလ်များသာ ရရှိသည်။ သို့ဆိုရာတွင် ဦးသိန်းစိန် တစ်ဦးတည်း သာမက ဒုသမ္မတ ဦးတင်အောင်မြင့်ဦးနှင့် အခြား ကက်ဘိနက် စာရင်းတွင် စစ်သားဟောင်းများ အများစု ပါဝင်သည်။

          သို့သော် အစိုးရ သစ်သည် အဟောင်းနှင့် အရေးကြီးသော အချက်များတွင် ခြားနားလျက် ရှိသည်။ ယခင် စစ်ခေါင်းဆောင်များကို အသွင် ခြားနားသော ဖွဲ့စည်းပုံ နှစ်ခု ခွဲပစ်လိုက်သည်။ အဖွဲ့ တစ်ခုကို ကန့်သတ်ချက်များ ရှိသော ရွေးကောက်ပွဲတွင် ဝင်ပြိုင် ခိုင်းခဲ့သည်။ အရေးကြီးသော အချက်မှာ ယခု အရပ်သား ခေါင်းဆောင် သစ်များသည် စစ်တပ်မှ မျိုးဆက်သစ် ခေါင်းဆောင်များ၏ အထက်မှ တာဝန် ထမ်းဆောင် ခဲ့ဖူးသူများ ဖြစ်ပြီး၊ ၎င်းတို့ ထိန်းချုပ် ထားမည် အရပ်သား ဖွဲ့စည်းပုံကို အာဏာ လွှဲပြောင်း ပေးသွားဖွယ် ရှိသည်။ အနည်းဆုံးတော့ ထိုအချက်ကပင် အစိုးရ အဖွဲ့တွင်း အဖွဲ့ လေးများ ဖန်တီးပေး နိုင်မည် ဖြစ်ပြီး၊ တင်းမာမှုကို ဆိုလိုခြင်း မဟုတ်ပေ။

ဦးသိန်းစိန်အား ပါလီမန်သစ်မှ ရွေးချယ်သည် ဆိုသော်လည်း အမှန်တကယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးချယ်ခြင်း ဖြစ်ပြီး၊ စောင့်ကြည့် နေသူများကို အံ့အားသင့် စေခဲ့သည်။ အများစုက သမ္မတ နေရာကို ၎င်းအတွက် ချန်ထားသည်။ သို့မဟုတ်လျှင်လည်း ၎င်း၏ ညာလက်ရုံး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းကို ပေးလိမ့်မည်ဟု ငြင်းခုန်နေခဲ့ကြသည်။

လက်ရှိ နိုင်ငံရေး အသွင် ကူးပြောင်းမှုသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ပိုင် အနားယူရေး အစီ အစဉ်၏ မရှိ မဖြစ် အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ၎င်းသည် သမ္မတ နေရာကို မယူပဲ နောက်ကွယ်မှ ၎င်း၏ ယုံကြည်ရသော တပည့်များ မှတဆင့် အာဏာကို ကိုင်ထားပြီး အာဏာ ဆက်ခံရေးကို နေသားတကျ ဖြစ်အောင် ပြုလုပ်ခြင်းသည် ၎င်းအတွက် ပို၍ သင့်တော်ပေသည်။ ဦးသိန်းစိန်သည် ထူးထူး ခြားခြား ရည်မှန်းချက်များ ရှိမနေသည့် အတွက် ဗိုလ်ချုပ်မှူးကြီးအဖို့ ဦးသိန်းစိန်ကို ရွေးချယ် ရသည်မှာ ပို၍ အန္တရာယ် ကင်းပေသည်။ ၎င်းအား အစိုးရ အဖွဲ့ခေါင်းဆောင် အဖြစ် ခန့်ထား၍ စမ်းသပ်ပြီး ဖြစ်ရာ စစ်တပ်ထဲမှလည်း လေးစားမှု ရှိပြီး၊ နိုင်ငံ တကာကလည်း လက်ခံ နိုင်သောကြောင့် ဖြစ်သည်။

ဦးသိန်းစိန်သည် နိုင်ငံရေး သမား တစ်ဦး၊ စစ်သား တစ်ဦးထက် စာလျှင် မန်နေဂျာ တစ်ဦးနှင့် ပိုတူပြီး၊ လက်ရှိ အာဏာ တည်ဆောက်ပုံကို စိန်ခေါ်မည့် သဘော မရှိပေ။ ၎င်းသည် လူကြီး လူကောင်း တစ်ဦးဟု ယေဘူယျ သုံးသပ်ရမည် ဖြစ်ပြီး၊ သန့်ရှင်းသည်ဟု ဆိုရမည် ဖြစ်သည်။ ကက်ဘိနက် အသစ်တွင် ပညာရှင် အချို့ ပါဝင်လာရာ အစိုးရ အုပ်ချုပ်မှုတွင် တိုးတက်မှု အချို့ တွေ့ရနိုင်သည်။ သမ္မတ အသစ်သည် နိုင်ငံခြားသားများ အတွက် ချဉ်းကပ်ရ လွယ်ကူနိုင်ပုံ ရှိပြီး၊ နိုင်ငံခြားရေး ဝန်ကြီး အသစ် ကလည်း နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် စကား ပြောရာတွင် ပံ့ပိုးမှုများ ပေးနိုင်မည်။

သို့သော်လည်း မသေချာ မရေရာမှု များစွာ ရှိနေသေးသည်။ အဖွဲ့ အစည်း အသစ်တွင် အစိုးရ အဖွဲ့အတွင်း စစ်တပ် အတွင်း၌ သဘောထား ပျော့ပြောင်းသူနှင့် သဘောထား တင်းမာသူများကို ဟန်ချက် ညီအောင် ထားရှိပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာဖြင့် နောက်ကွယ်မှ ထိန်းချုပ် ထားမည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် ၎င်းဖွင့်ဆို ခဲ့သော ပိုမို လမ်းဖွင့်ပေးသော စနစ်အတွက် အသွင် ကူးပြောင်းရေး (သူ၏ နေရာ သေချာ စေရေး အတွက်ပါ) အဆို မှန်ကန်စေရန် စီးပွားရေးနှင့် နိုင်ငံရေး အရ ဖြေလျော့မှု များကို အကန့် အသတ်များ ပြုထားမည် ဆိုသည်ကို တွေ့နေရပြီ ဖြစ်သည်။ သို့သော် ၎င်းသည် ခြိမ်းခြောက်မှု မရှိသော နိုင်ငံရေး ပတ်ဝန်းကျင်နှင့် ပြုပြင် ပြောင်းလဲ လွယ်သော နိုင်ငံရေး ဝန်းကျင်ကို ဖြစ်စေ နိုင်မည် ဖြစ်ပြီး ၎င်းသည်လည်း လျင်မြန်စွာ ပျက်စီး သွားနိုင်သေးသည်။
မကြာမီက လွတ်မြောက် ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယခု အချိန် အထိ အငြင်း အခုန် မပြုလုပ်သည့် သဘောကို တွေ့ရပြီး၊ သူမ၏ အစိုးရ ပြောင်းလဲ လိုသည့် အစီ အစဉ်သည် အစိုးရ သစ်နှင့် ထိပ်တိုက် တွေ့ပြီး ပြင်းထန်သော ဖြစ်ရပ်များနှင့် နိဂုံးချုပ် ရဖွယ် ရှိသည်။

တိုင်းရင်းသား လူမျိုးများ၏ ဒေသများ တွင်လည်း ကာလ ရှည်ကြာ အပစ် အခတ် ရပ်စဲ ထားမှုမှာ ပျက်စီး သွားခဲ့ပြီး တိုက်ခိုက်မှုများ ဖြစ်နိုင်သည့် အန္တရာယ်များ ရှိနေသည်။

နိုင်ငံတကာ အသိုင်း အဝိုင်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများက စနစ်သစ်ကို ကြိုဆို ခဲ့ကြပြီး၊ အနောက် နိုင်ငံ အစိုးရ အများစုကလည်း စနစ်သစ်သည် ခြားနားမှု ရှိမရှိ စမ်းသပ်ရန် ပြင်ဆင် ထားကြသည်။ ဗြိတိန်ကမူ အမေရိကန် လက်သစ် ဖြစ်လာပြီး၊ အစိုးရ အဖွဲ့သစ်မှ လူများကို အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ချက်ချင်း စာရင်း သွင်းရန် တွန်းအား ပေးလျက် ရှိသည်။ ထိုလုပ်ရပ်သည် အဓိပ္ပာယ် မရှိသော သဘော ရှိပြီး၊ ပြုပြင် ပြောင်းလဲရေး သဘောထား ရှိသူများကို ပစ်ပယ်ရာ ရောက်ပြီး၊ ကမ္ဘာကြီးနှင့် ပြန်လည် ဆက်ဆံရေး လမ်းစကို ပိတ်ပင် သလို ရှိသည်။

သေချာသည့် တစ်ချက်မှာ မြန်မာ နိုင်ငံ၏ အာဏာ အခြေခံ တည်ဆောက်ပုံမှာ မပြောင်းလဲပဲ ရှိနေသည်။ ထို့အတူ ရာစုနှစ် တစ်ဝက်ခန့် ပုံဖော် လာသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် စစ်အုပ်ချုပ်ရေးက ပုံဖော်ခဲ့သည့် နိုင်ငံရေး ယဉ်ကျေးမှု အခြေခံ အကြောင်းတရား များကလည်း မပြောင်းလဲပေ။ ထို့ကြောင့် အစိုးရ အဖွဲ့သစ်သည် ပြုပြင် ပြောင်းလဲမှု များကို အချိန်မီ မလုပ်နိုင် ခဲ့လျှင်၊ ပြောင်းလဲမှု အတွက် လမ်းပွင့် လာမှုမှာ ပြန်ပိတ် သွားနိုင်သည်။

၁၉၆၂ မတိုင်မီက အစိုးရနှင့် ၁၉၈၈ မတိုင်မီက အစိုးရ နှစ်ခု ဖြစ်ပျက် ခဲ့ပုံမှာ ဤအကြောင်း ကြောင့် ဖြစ်သည်။ အဆိုပါ အစိုးရ များသည် ပြုပြင် ပြောင်းလဲရေး အစီအစဉ် များနှင့် စတင်ခဲ့ သော်လည်း၊ မကြာမီ အဝေဖန် မခံတော့ပဲ လူမှုရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် ငြင်းဆန်လာ ကြတော့သည်။ ထို့ကြောင့် ပြောင်းလဲမှု အတွက် လုပ်ကိုင်နေသူ များသည် ယခုလို အခွင့် အလမ်း ပေါ်ခိုက်တွင် ပြုပြင် ပြောင်းလဲရေး သမား ဖြစ်နိုင်ချေ ရှိသူ များကို အားပေး ကြရေးမှာ အရေးကြီး လှသည်။

ထိုသို့ ပြုလုပ်နိုင်ရန် အစိုးရသစ်တွင် ပြုပြင် ပြောင်းလဲရေး အစီ အစဉ်များ ရှိသည် ဆိုသည်ကို ရဲရဲဝံ့ဝံ့ ယုံကြည် ကြရန်နှင့် ကံကြမ္မာကို အပြည့်အဝ ယုံကြည်ရန် လိုအပ်မည် ဖြစ်ပြီး၊ ထိုစိတ်ဓာတ်ဖြင့် ဆက်ဆံ ကြည့်ကြရန် ဖြစ်သည်။ ယခုအခါ နောက်ထပ် စိတ်ပျက်ဖွယ် အဖြစ်များ၊ ထိပ်တိုက် ရင်ဆိုင်မှုများ ရပ်သင့်ပြီ ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ပြောလိုသည်မှာ ဆက်လက် ရှင်သန် နိုင်ရေး အတွက် ပြုစု ပျိုးထောင် ပေးကြပါစို့ ဟုသာ ပြောလိုသည်။

(ဤစာ ရေးသားသူ Morten B. Pedersen သည် သြစတြေးလျ နိုင်ငံ NSW တက္ကသိုလ် Defence Force Academy မှ နိုင်ငံရေး အကြီးတန်း ကထိက တစ်ဦး ဖြစ်ပြီး၊ မြန်မာ နိုင်ငံ၏ International Crisis Group မှ အကြီးတန်း သရုပ်ခွဲ ပညာရှင် ဟောင်း ဖြစ်သည်။)
------------------------------------------------------

ဂျပန်တွင် ငလျင် ကယ်ဆယ်ရေး မစ်ရှင်များစတင်

(11 March 2011 ရက်စွဲပါ BBC News မှ Japan Begins quake relief mission ကို ဘာသာ ပြန်သည်)

          ဂျပန် နိုင်ငံ အရှေ့ မြောက်ဖက်တွင် ရာပေါင်း များစွာသော အသက်များ ဆုံးရှုံး နိုင်သော ဆူနာမီ အပြီးတွင် အလွန် တစ်ရာ ကြီးမားသော ကယ်ဆယ်ရေး မစ်ရှင်သည် စတင် လုပ်ဆောင် နေပြီ ဖြစ်သည်။
          ၈.၉ Magnitude ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ၊ ဂျပန် နိုင်ငံတွင် မှတ်တမ်း တင်နိုင်သော ကာလ အတွင်း အကြီး မားဆုံး ဖြစ်ဖွယ် ရှိသည်။
          ဂျပန် နိုင်ငံ၏ စစ်တပ်သည် စစ်သား ထောင်ပေါင်း များစွာ၊ လေယာဉ်နှင့် ချီ၍ သော်လည်းကောင်း၊ သင်္ဘောများ ဒါဇင် ချီ၍ လည်းကောင်း ရွှေ့လျားမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
          မြေငလျင်ကြောင့် ရပ်ဆိုင်းသွားသော နျူကလီးယား ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိကြွများ စိမ့်ထွက်နိုင် ကြောင်းလည်း အစိုးရက သတိပေးခဲ့သည်။
          သောကြာနေ့က ဂျပန်နိုင်ငံ စံတော်ချိန် နေ့လယ်ခန့်တွင် တိုကျိုမြို့ အရှေ့မြောက် ၄၀၀ ကီလိုမီတာ (၂၅၀) အကွာတွင် ၂၄ ကီလို အနက်ရှိ ငလျင် လှုပ်ခဲ့သည်။
           အဆိုပါ ဘေးဒဏ်ကြောင့် ယခု အချိန် အထိ လူ(၃၀၀) သေဆုံးပြီး (၅၀၀)ခန့် ပျောက်ဆုံးလျက် ရှိသည်ဟု သိရှိ ရသည်။ သေဆုံးမှု မှာ (၁၀၀၀) ခန့်ထိ ရှိနိုင်ကြောင်း ဂျပန် မီဒီယာက ပြောသည်။
          ဝန်ကြီးချုပ် Naoto Kan သည် အဆိုပါ ဒေသသို့ ရဟတ်ယာဉ်ဖြင့် မသွားရောက်မီ၊ စနေနေ့ နံနက် အစောပိုင်းတွင် အရေးပေါ် ကက်ဘိနက် အစည်း အဝေး ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။
          ဂျပန် စစ်တပ် အနေဖြင့် လည်း စစ်သားပေါင်း များစွာ၊ လေယာဉ်ပျံ (၃၀၀)၊ သင်္ဘော အစီး (၄၀) ခန့်ဖြင့် ကယ်ဆယ် ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။
          ငလျင်ကြောင့် ၁၀ မီတာ၊ ပေ (၃၀) မြင့်ပြီး (၇) မီတာ ရှည်သော ဆူနာမီ လှိုင်းများ ဂျပန် ကမ်းခြေကို ရိုက် ခတ်စေသည်။
          အမေရိကန် သမ္မတ Barack Obama က ပြောကြားရာတွင် အမေရိကန် လေယာဉ်တင် သင်္ဘော တစ်စီးသည် ဂျပန် နိုင်ငံတွင် ရောက်ရှိနေပြီး၊ နောက်တစ်စီးမှာ လမ်းတွင် သွားနေဆဲ ဖြစ်ကြောင်း ပြောသည်။
          ရွံ့များ ပြည့်နေသော ရေများသည် ကားများနှင့် အိမ်များကို ဆွဲယူသွားပြီး၊ လူနေ ရပ်ကွက်များ၊ စပါး ခင်းများကို ပင်လယ် ရေငံများက လွှမ်းမိုးသွားသည်။
          အဆိုးဝါးဆုံး ထိခိုက်သော ဒေသမှာ Miyagi ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ဆိပ်ကမ်းမြို့ Sendai ဖြစ် ပြီး ရပ်ကွက် တစ်ခုတည်း မှာပင် လူသေ အလောင်း ၃၀၀ ခန့် တွေ့ရသည်။
          ဂျပန် မီးရထား ဌာနက ပြောကြားရာတွင် အရှေ့မြောက် ကမ်းခြေ တစ်လျှောက် ဆွဲသော ရထား လေးစင်း၏ သဲလွန်စ မတွေ့သေးကြောင်း ပြောကြား ခဲ့သည်။ လူတစ်ရာခန့် သယ်ဆောင် လာသော သင်္ဘော တစ်စီးမှာလည်း ပျောက်ဆုံးလျက် ရှိသည်ဟု ဆိုသည်။
          Miyagi ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ Kesenuma ကျွန်း သုံးပုံ တစ်ပုံမှာ ရေမြှုပ်သွားပြီး ကျန်အပိုင်းများတွင် ညဉ့်နက်သည် အထိ မီးလောင်လျက် ရှိသည်။
          Fukushima ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ Minamisoma မြို့တွင် အိမ်ခြေ ၁၈၀၀ ခန့် ပျက်စီး ခဲ့သည်။
          Fukushima ဒေသ အရှေ့မြောက် ဒေသတွင် ဆည်ကျိုး ခဲ့သောကြောင့် အိမ်များ ရေထဲ မျောပါခဲ့ကြောင်း ကျိုဒို သတင်း ဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
          တချိန်တည်းမှာပင် Fukushima I နှင့် II မှ ဓာတ်ပေါင်းဖို ငါးခုရှိ အအေးပေး စနစ်သည် ငလျင် ကြောင့် ရပ်ဆိုင်း သွားခဲ့ရာ ဂျပန် အာဏာပိုင်များက အရေးပေါ် အခြေအနေ ကြေညာ ခဲ့ရသည်။
          ဓာတ်ပေါင်းဖိုများမှ ထုတ်လွှတ်သော ရေနွေးငွေ့များတွင် ဓာတ်ရောင်ခြည်များ ယိုစိမ့် နိုင်ကြောင်း သတိ ပေးချက်များ ထုတ်ပြန်ခဲ့ပြီး အဆိုပါ စက်ရုံ နှစ်ခု အနီးရှိ လူထောင်ပေါင်း များစွာ ပြောင်းရွှေ့လျက် ရှိကြောင်း  သိရသည်။
          ဂျပန် နိုင်ငံ တဝှမ်းတွင် ၆.၀ Magnitude ကျော်ရှိ ငလျင်အသေး ငါးဆယ်ကျော် ဆက်တိုက် လှုပ်ခဲ့သည်။
          “ကျွန်တော့် ဘဝမှာ အကြီးဆုံး ငလျင်ပါပဲ။ သေပြီ လို့ ပဲ ထင်လိုက်တာ” ဟု Hakodate ဆိပ်ကမ်းသို့ လာရောက် လည်ပတ်သူ အသက် ၂၂ နှစ် အရွယ် ကျောင်းသား တစ်ဦး ဖြစ်သူ Sayaka Umezawa က ပြောကြားခဲ့သည်။
          တိုကျို မြို့လယ်တွင် ရုံးဝန်ထမ်း အတော် များများသည် ဓာတ်လှေကား အလုပ် မလုပ် နိုင်သဖြင့် ရုံးတွင်ပင် ညအိပ်ကြရသည်။
          ရထားများ ရပ်သွားသောကြောင့် လူသန်းပေါင်း များစွာ ပိတ်မိ နေခဲ့ပြီး အချို့မှာ လမ်းလျှောက်၍ အိမ်ပြန် ကြရသည်။
          တိုကျိုရှိ ဘွဲ့ပေးသည့် အခမ်းအနား တစ်ခုတွင်လည်း ခေါင်မိုး ပြိုကျမှုကြောင့် လူနှစ်ဆယ်ခန့် ဒဏ်ရာ ရခဲ့သည်။
          တိုကျို မြို့တော်နှင့် အနီးတဝိုက်တွင် အိမ်ပေါင်း လေးသန်းခန့် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံတွေ့ ခဲ့ရသည်။
          ပစိဖိတ် အနှံ့အပြားတွင် ဆူနာမီ လှိုင်းများသည် ဂျက်လေယာဉ် အမြန်နှုန်းဖြင့် ဖြစ်ပေါ် ခဲ့သော်လည်း ဟာဝိုင်ယီနှင့် အမေရိကန် အနောက်ဖက် ကမ်းခြေသို့ မရောက်မီ အားပျော့ သွားခဲ့သည်။
          ကယ်လီဖိုးနီးယား၊ အိုရီဂွန်နှင့် ဝါရှင်တန်ရှိ ကမ်းရိုးတန်း တလျှောက်ရှိ လူထောင်ပေါင်း များစွာကို ပြောင်းရွှေ့ စေခဲ့သည်။
          အိုရီဂွန်ရှိ ဆိပ်ကမ်း တစ်ခုတွင်လည်း လှိုင်းများကြောင့် ကြီးကြီး မားမား ထိခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။
          ငလျင်ပြီးနောက် ဆူနာမီ သတိ ပေးချက်များကို ပစိဖိတ် တစ်လျှောက် မြောက်မှတောင် အမေရိက တစ်လျှောက် ထုတ်ပြန်ခဲ့ပြီး၊ ကမ်းရိုးတန်း တစ်လျှောက် လူများကို ရွှေ့ပြောင်း စေခဲ့သည်။
          သို့သော် နောက်ပိုင်းတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျနှင့် တရုတ် နိုင်ငံ တို့တွင် သတိ ပေးချက်ကို ရုတ်သိမ်း ခဲ့သည်။
--------------------------------------------------------------

တရုတ်ထောင်ချောက် အတွင်း သက်ဆင်းခြင်း မရှိဟု ထိုင်ဝမ်ခေါင်းဆောင် ငြင်းဆို

(AFP သတင်းမှ 8 March 2011 ရက်စွဲပါ “Taiwan’s leader denies falling into China trap” သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ် သမ္မတ မာရင်ကျိုးက သူ့အား ဘီဂျင်း၏ ထောင်ချောက် အတွင်း သက်ဆင်း သွားခဲ့ကြောင်း စွပ်စွဲချက်ကို ပယ်ချ လိုက်ပြီး တရုတ် ပြည်မကြီးနှင့် စီးပွားရေးအရ ပိုမို ပေါင်းစည်းရေး အငြင်း ပွားဖွယ် မူဝါဒကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ် ထားသည်ဟု ပြောကြား လိုက်သည်။

          ထိုင်ဝမ်က ရရှိမည့် ကုန်သွယ်ရေး အကျိုး အမြတ် များအတွက် အပြန် အလှန် အားဖြင့် နိုင်ငံရေး အလျော့ ပေးမှုကို ဘီဂျင်းက အမြတ် ထုတ်မည် ဖြစ်၍ ပြန်လည် ပေါင်းစည်းရေးကို မလွှဲ မရှောင်သာ အောင် ပြုလုပ်ရန် ရည်ရွယ် နေသည် ဟူသော ထိုင်ဝမ် အတိုက်အခံ ပါတီ၏ စွပ်စွဲချက် များကို ငြင်းပယ်ကြောင်း သမ္မတ မာရင်ကျိုးက Financial Times နှင့် အင်တာဗျူးတွင် ပြောကြား ခဲ့သည်။

လာမည့် နှစ်တွင် ပြန်လည် အရွေးခံရန် မျှော်လင့် ထားသော သမ္မတ မာရင်ကျိုးက “လုံးဝ မပေါင်းစည်းရေး၊ လွတ်လပ်ရေး မကြေညာရေး၊ အင်အား အသုံးမပြုရေး စသော လက်ရှိ လိပ်ခဲ တည်းလည်း အနေ အထားကို ကျွန်တော်တို့ ထိန်းသိမ်း သွားမှာပါ” ဟု ပြောကြား ခဲ့ကြောင်း အင်္ဂါနေ့ သတင်းတွင် ဖော်ပြ ထားသည်။

          ထိုင်ဝမ် ကျွန်းသည် ပြည်မကြီးသို့ စီးပွားရေး အရ တံခါးဖွင့် ဝင်ရောက်မည့် လမ်းကြောင်းတွင် လေးပုံ တစ်ပုံမှ သုံးပုံ တစ်ပုံခန့်သာ ခရီးပေါက် သေးသည်။ သို့သော် နိုင်ငံရေး ကိစ္စများ ဆွေးနွေးရန် လိုအပ်သည့် ဖိအားများ မရှိပါဟု မာရင်ကျိုးက ပြောကြားကြောင်း သိရှိရသည်။

“အရေးကြီးဆုံး အချက် ကတော့ ပဋိပက္ခ ဖြစ်မယ့် အလား အလာကို သေးငယ် လျော့ပါးအောင် လုပ်ဖို့ပါပဲ” ဟု ဆက်လက် ပြောကြားခဲ့သည့် သမ္မတ မာရင်ကျိုးက ထိုင်ပေသည် ယခင် ခါးသီးသော ပြိုင်ဖက် ဘီဂျင်းအပေါ် အလွန် အကျွံ မှီခိုရသည့် အနေ အထားသို့ ရောက်လာ တော့မည် ဆိုသည့် အချက်ကို ငြင်းဆို လိုက်သည်။

သမ္မတ မာရင်ကျိုးသည် ဘီဂျင်းနှင့် ချစ်ကြည် ရင်းနှီးရေး မူဝါဒဖြင့် ၂၀၀၈ မေလတွင် အာဏာ ရလာခဲ့ပြီး နောက်ပိုင်း ၎င်း၏ အစိုးရက ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်း ကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်သည့် သဘော တူညီချက် တစ်ဒါဇင်ကျော်ကို တရုတ် ပြည်မကြီးနှင့် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည်။
--------------------------------------------------------

မြန်မာမှ ဘိန်းစိုက်ပျိုး ထုတ်လုပ်သူများ တရုတ်အတွက် ပြဿနာတစ်ရပ်ဖြစ်လာ

(China Daily မှ 10 March 2011 ရက်စွဲပါ “ Poppy farmers in Burma a growing problem in China” သတင်းကို ဘာသာ ပြန်ဆိုသည်)

          အိမ်နီးချင်း မြန်မာ နိုင်ငံမှ တရားမဝင် ဘိန်းစိုက်ပျိုးမှုသည် လွန်ခဲ့သည့်၃နှစ်အတွင်း ၂ဆ ပွားလာခဲ့ပြီး တရုတ် နယ်စပ် ဒေသကို ကာကွယ် နေသူများ အတွက် ကြီးမားသော ပြဿနာ တစ်ရပ် ဖြစ်လာသည်ဟု တရုတ် အနောက် တောင်ပိုင်း ယူနန်ပြည်နယ်မှ ရဲအရာရှိကြီး တစ်ဦးက ပြောကြား လိုက်သည်။

          ယူနန် ပြည်နယ် ပြည်သူ့ လုံခြုရေး ဌာန ညွှန်ကြားရေးမှုး မင်ဆုတိုင်က China Daily နှင့် သီးသန့် အင်တာဗျူး တစ်ခုတွင် ပြောကြားရာ၌ အဆိုပါ ဘိန်းစိုက်ပျိုး ထုတ်လုပ်သူ များသည် ၎င်းတို့၏ မူးယစ် ဆေးဝါး အများစုကို နယ်စပ် ဖြတ်ကျော် ခိုးထုတ်ရန် ကြိုးစား နေကြကြောင်း၊ သို့သော်လည်း မြန်မာ နိုင်ငံမှ တရုတ် နိုင်ငံ တွင်းသို့ တရား မဝင် တင်သွင်း နေသော ဓာတ်ခွဲခန်း ထုတ် မူးယစ် ဆေးပြား များ၏ ပမာဏက ဟီးရိုးအင်းနှင့် ဘိန်း ကဲ့သို့သော သမားရိုးကျ မူးယစ် ဆေးများ၏ ပမာဏထက် ကျော်လွန် သွားပြီ ဖြစ်ကြောင်း ပြောဆို ခဲ့သည်။

ယခု အပတ် ကျင်းပသော အမျိုးသား ပြည်သူ့ ကွန်ဂရက် မျက်နှာ စုံညီ အစည်း အဝေး၏ အဝန်း အဝိုင်းတွင် China Daily နှင့် အင်တာဗျူး ပြုလုပ် ခဲ့သည့် မင်ဆုတိုင်က “မြန်မာ နိုင်ငံရဲ့ ဘိန်း စိုက်ပျိုး ဧကဟာ နှစ်သောင်း ခြောက်ထောင် ရှစ်ရာ ဟတ်တာလောက် ရှိနေပါပြီ” ဟု ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု အနေ အထားကို စောင့်ကြည့်ရန် အတွက် ဂြိုလ်တု ထောက်လှမ်းရေး နည်းပညာဖြင့် လည်းကောင်း၊ မြန်မာ ပြည် မြောက်ပိုင်းကို ကွင်းဆင်း သုတေသန ပြုခြင်းဖြင့် လည်းကောင်း နှစ်နိုင်ငံ စလုံးက ကာလ ရှည်ကြာ ကြိုးပမ်း ရာမှ ရရှိသော သတင်း အချက် အလက် များကို အခြေခံကာ ယခု ကဲ့သို့ ခန့်မှန်း ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံ၏ ဘိန်းစိုက် ပျိုးမှု လတ်တလော ကြီးထွား လာသည်ဟု ဆိုသော်ငြားလည်း ၁၉၉၀ ခုနှစ် များက ဘိန်းစိုက် ဧက ၂၀၁၀၀၀ ဟတ်တာနှင့် နှိုင်းယှဉ်လျှင် ၂၀၀၇ ခုနှစ်တွင် ၁၃၄၀၀ ဟတ်တာသို့ ကျဆင်း သွားသည်ကို နှစ်နိုင်ငံ ပူးတွဲ လေ့လာရေး စီမံချက် အဖွဲ့က တွေ့ရှိ ခဲ့သည်ဟု လည်း မင်ဆုတိုင်က ထောက်ပြသည်။

ယူနန် ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံ များနှင့် ၄၀၆၁ ကီလိုမီတာခန့် နယ်စပ်ချင်း ထိစပ် နေသည်။ အဆိုပါ ဒေသမှ မြန်မာ၊ လာအို နှင့် ထိုင်းနိုင်ငံတို့ သုံး နိုင်ငံ နယ်စပ် ဆုံတွေ့သည့် ရွှေတြိဂံ နယ်မြေသည် ဘိန်းစိုက်ပျိုးမှု ကြောင့် ထင်ရှားသည်။
နယ်စပ် ဒေသ ရှည်လျားခြင်း၊ ဘိန်းစိုက်ပျိုး ဒေသများ နှင့် နီးကပ်ခြင်း တို့ကြောင့် မူးယစ်ဆေး တရား မဝင် သယ်ဆောင်သူ တစ်သောင်းကျော်ကို တရုတ် ရဲများက နှစ်စဉ် ဖမ်းမိလေ့ ရှိသည်။

မြန်မာ နိုင်ငံမှ မူးယစ်ဆေး ကုန်သည်များသည် ယူနန် ပြည်နယ်သို့ မူးယစ် ဆေးဝါး အဓိက ဖြန့်ဖြူးသူ များ ဖြစ်သည်။ ပြည်နယ် အတွင်းသို့ တရား မဝင် သွင်းလာသည့် မူးယစ်ဆေးဝါး ၈၀ %မှ ၉၀ % အတွက် တာဝန် ရှိသူများ ဖြစ်သည်ဟု မင်ဆုတိုင်က ပြောသည်။
ပြီးခဲ့သည့် ငါးနှစ်တာ တရုတ် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု ကာလ အတော အတွင်း ဘိန်းနှင့် ဆက်စပ် မူးယစ်ဆေးဝါး တရား မဝင် ရောင်းဝယ်မှုကို တိုက်ဖျက်ရန် ကြိုးပမ်း မှုများ ကြီးကြီးမား မား အောင်မြင်မှု ရခဲ့သည် ဟုလည်း မင်ဆုတိုင်က အလေး ထား ပြောကြားသည်။

ယူနန် ရဲတပ်ဖွဲ့က နှစ်စဉ် ကြားဖြတ် ဖမ်းဆီး ရမိသော ဘိန်းနှင့် ဟီးရိုးအင်း စုစုပေါင်း ပမာဏသည် လွန်ခဲ့သော ငါးနှစ်က ခြောက်တန်- ရှစ်တန်ခန့် လက်ရှိ အချိန်တွင် နှစ်တန် - သုံးတန်သို့ ကျဆင်း သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

“သမားရိုးကျ မူးယစ်ဆေးဝါး ကီလိုဂရမ် ငါးရာကျော် ဖမ်းမိတဲ့ အမှုတွေ၊ ကီလိုဂရမ် တစ်ရာကျော် ဖမ်းမိတဲ့ အမှုတွေ အရင် တုန်းက ရှိခဲ့ ပေမဲ့ လက်ရှိ နှစ်တွေမှာ ဒီလို အမှုကြီးတွေ မရှိ သလောက် နည်းသွား ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းသို့ ကျဆင်း လာခြင်းသည် ဘိန်းစိုက် တောင်သူ အများစုကို ဂျုံ အပါအဝင် ဘိန်း အစားထိုး သီးနှံများ စိုက်ပျိုး အောင် စည်းရုံး နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ သို့သော်လည်း ဓာတ်ခွဲခန်းထုတ် ဓာတု မူးယစ် ဆေးဝါးများ အင်အား ကောင်းကောင်းနှင့် ဝင်ရောက် လာနေသည်ဟု မင်ဆုတိုင်က သတိပေး ပြောကြားသည်။

“မီသိုင်းအင်ဖက်တမင်းနှင့် အက်တာဆီလို ဓာတု မူးယစ် ဆေးအမျိုး အစား သစ်တွေက သမား ရိုးကျ မူးယစ်ဆေးဝါး တွေကို အပြတ် အသတ် ကျော်ဖြတ် သွားပြီး ယူနန် ပြည်နယ် ထဲကို အလုံး အရင်းနဲ့ ဝင်ရောက် နေပါတယ်” ဟု ၎င်းက ဆိုသည်။
ယခင်က ယူနန် ရဲများ တစ်နှစ်လျှင် ဓာတု မူးယစ် ဆေးဝါး ကီလို ဂရမ် ရာဂဏန်းမျှသာ ဖမ်းမိ ခဲ့သော်လည်း ၂၀၁၀ တွင် လေးတန် ကျော်ထိ ဖမ်းဆီး ရမိ ခဲ့သည်ဟု သိရှိ ရသည်။

တားမြစ် မထားသည့် ဆေးဝါးများ အပါအဝင် ပေါင်းစပ် ပစ္စည်းများကို အသုံး ပြုကာ သာမန် ဓာတ်ခွဲခန်း လေးများတွင် အဆိုပါ မူးယစ်ဆေး အမျိုး အစား သစ်များကို အလွယ် တကူ ဖော်စပ် ထုတ် လုပ်နိုင် သည်ဟု မင်ဆုတိုင်က ပြောကြားသည်။

ယူနန် လက်နက်ကိုင် တပ်ဖွဲ့ အကြီးအကဲ ဝမ်ဟိုင်လျန်၏ အဆို အရ လွန် ခဲ့သောငါးနှစ် အတွင်း လက်နက်ကိုင် မူးယစ် ကုန်သည်များနှင့် ပစ်ခတ်မှု ဖြစ်စဉ် များတွင် ရဲ အရာရှိ ၂၅ ဦး အသက် ဆုံးရှုံး ခဲ့ရသည်ဟု သိရသည်။ ၂၀၁၀ တစ်နှစ်တည်းမှာပင် လက်နက်များနှင့် ဆက်စပ်နေသည့် မူးယစ် ဆေးဝါး အမှု ၂၈ မှု ရှိသည်ဟု ဆိုသည်။

ယူနန် ပြည်နယ် အတွင်းသို့ မူးယစ် ဆေးဝါးများ တရား မဝင် ခိုးသွင်းသည့် နည်းလမ်း များမှာလည်း အမျိုးမျိုး ပြောင်းလဲ နေသည်။ အချို့ ကုန်သည်များက မူးယစ် ဆေး ပျော်ဝင် နေသည့် ရေထဲသို့ အဝတ် အစားများ နှစ်ကာ စုပ်ယူ ပြီး နယ်စပ်ကို ဖြတ်ကျော် ပြီးချိန်တွင် အဝတ်မှ ဆေးရည်ကို ပြန်ညှစ်ယူကာ ဆေးပြား ပြန်ချက်သည်ဟု မင်ဆုတိုင်က ပြောကြားသည်။

“မူးယစ်ဆေး ပြဿနာကို ကိုင်တွယ်ဖို့ တရုတ် နိုင်ငံက တာဝန် သိသိနဲ့ လုပ်ဆောင် ခဲ့ပါတယ်၊ လမ်းက အချိုး အကွေ့ အလိမ် အကောက်တွေ များပေမဲ့ တောက်ပတဲ့ အနာဂတ်ကို မြင်နေ ရပါပြီ” ဟု မင်ဆုတိုင်က သုံးသပ် ပြောကြားသည်။
----------------------------------------------------------------
 
တရုတ်လွှတ်တော် ဥက္ကဋ္ဌက ပါတီစုံ စနစ်ကို မသင့်တော်ဟု ငြင်းပယ်

(AFP သတင်းမှ 11 Mar 2011 ရက်စွဲပါ China congress chief rules out multi-party system သတင်းကို ဘာသာ ပြန်ဆိုသည်)

          တရုတ် နိုင်ငံ၏ လွှတ်တော် ဥက္ကဌက ကြာသ ပတေးနေ့တွင် မိန့်ခွန်း ပြောကြားရာ၌ ပါတီစုံ ဒီမိုကရေစီ စနစ် သို့ ကူးပြောင်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ရာ၊ ယခင်နှစ်က ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ မှတ်ချက်များက အစပျိုး ပေးခဲ့သည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး မျှော်လင့်ချက် များကို ရေအေးဖြင့် ပက်ဖြန်း ငြိမ်းသတ် သကဲ့သို့ ဖြစ်သွားသည်။

          တရုတ်နိုင်ငံ ခေါင်းဆောင်ပိုင်းတွင် သမ္မတ ဟူကျင်းတောင် ပြီးလျင် တရားဝင် နံပါတ်နှစ် အဆင့် ရှိသော ဖူဘန်ရှိက လွှတ်တော် နှစ်ပတ်လည် အစည်း အဝေးတွင် မိန့်ခွန်း ပြောကြားစဉ် “ကွန်မြူနစ် ပါတီ လွှမ်းမိုးသော စနစ်ကို စွန့်လွှတ်ခြင်းသည် ဗရမ်းဗတာ အခြေအနေကို ဖြစ်ပေါ် စေနိုင်ကြောင်း ပြောကြားခဲ့သည်။

          “တကယ်လို့ ကျွန်တော်တို့ ဗျာများနေမယ် ဆိုရင် ရရှိ အောင်မြင် ထားပြီး ဖြစ်တဲ့ ဖွံ့ဖြိုး တိုးတက်မှု အသီး အပွင့်တွေကို ဆုံးရှုံး သွားမှာပါ။ တိုင်းပြည် ကလည်း ပြည်တွင်း ဝိရောဓိ ပဋိပက္ခ ချောက်ကမ်းပါးထဲကို ကျသွား နိုင်ပါတယ်”ဟု ရှုဘန်ဂိုက ၎င်း သဘာပတိအဖြစ် ဆောင်ရွက်သော အမျိုးသား ပြည်သူ့ ကွန်ဂရက် (လွှတ်တော် အစည်းအဝေး) တွင် ပြောကြားလိုက်သည်။

          တရုတ်နိုင်ငံ အတွက် သင့်တော်သည့် တစ်ခုထဲသော စနစ်မှာ အာဏာရှင် အုပ်ချုပ်ရေး စနစ်သာ ဖြစ် သည် ဆိုသော အယူအဆကို တိုင်းပြည်အား သွတ်သွင်းရန် အတွက် ကွန်မြူနစ် ပါတီက ဂူဘန်ဂို၏ နှစ်စဉ် မိန့်ခွန်း ကို အသုံးပြုလေ့ ရှိခဲ့သော်လည်း ကြာသပတေးနေ့က မိန့်ခွန်းကမူ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို အားပေးမည် ဟု အများက ယူဆခဲ့သည့် ဝမ်ကျားပေါင်၏ ပြီးခဲ့သော သြဂုတ်လက မှတ်ချက်များ အပေါ် နောက်ဆက်တွဲ အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

          မနှစ်က သြဂုတ်လတွင် တောင်ပိုင်း ရန်ဇင်းမြို့တော်၌ ဝမ်ကျားပေါင်က တရုတ် နိုင်ငံသည် နိုင်ငံရေး စနစ် ပြုပြင် ပြောင်းလဲရေးကို တွန်းအား ပေးရမည် ဖြစ်ကြောင်း နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့် အရေးများကို မြှင့်တင်ရမည် ဖြစ်ကြောင်း အစိုးရ၏ အာဏာကို စစ်ဆေး ထိန်းကျောင်း ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

          အထက်ပါ မှတ်ချက်များ အပါအဝင် CNN နှင့် မရှေးမနှောင်း ပြုလုပ်သော အင်တာဗျူးတွင် ထိပ်ပိုင်း ခေါင်းဆောင်များ အကြား သဘော ကွဲလွဲမှု ရှိနေကြောင်း မှန်းဆမှုများ ပေါ်ထွက် လာခဲ့သည်။ အထူးသဖြင့် အဆိုပါ ကိစ္စအပေါ် နောက်ပိုင်း ပြောဆိုသည့် မှတ်ချက်များ အားတက် သရော မရှိသည့် သမ္မတ ဟူကျင်းတောင်နှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့ သဘောထား မတိုက် ဆိုင်ကြဟု ယူဆ ခဲ့ကြသည်။
--------------------------------------------------------------
 
တရုတ်က စီးပွားရေး စီမံကိန်းကို အတည်ပြု၊ နိုင်ငံရေး ပြောင်းလဲမှု မလုပ်ဟုဆို

(Associated Press မှ 14 March 2011 ရက်စွဲပါ Christopher Budeen ရေးသားသော “China Approves Economics Plan, No Political Changes” ကို ဘာသာပြန်ဆိုသည်။)

          တရုတ် နိုင်ငံသည် စားသုံး သူများ၏ လိုအပ် ချက်များ ဖြည့်ဆည်း နိုင်ရန် ရည်ရွယ်၍ လာမည့် ငါးနှစ် အတွက် စီးပွားရေး စီမံကိန်းများကို အတည် ပြုခဲ့ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အတွက် လမ်းစ များကိုမူ ပယ်ချ ခဲ့ကြောင်း တနင်္လာနေ့က ၎င်း၏ နှစ်ပတ်လည် ဥပဒေပြု အဖွဲ့ အစည်း အဝေး အပြီးတွင် အတည် ပြု ခဲ့သည်။

          ငါးနှစ် စီမံကိန်းတွင် လျင်မြန်သော စီးပွားရေး တိုးတက်မှုမှ အရည် အသွေး ပိုမို မြင့်မား ရေးကို ဦးတည်ရန် ရည်မှန်း ချက် ပြောင်းရန် ပြုလုပ် ထားသည်။ ထို့အပြင် အဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရန် အထူးသဖြင့် ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချမ်းသာမှု ခွဲဝေမှု ပိုမို ကျယ်ပြန့်ရေး များကို အထူး အလေး ပေးမည် ဖြစ်သည်။ အကယ်၍ အကောင် အထည် ဖော်နိုင် ခဲ့ပါက ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးကို စရိတ် သက်သာသော စက်ရုံက အဓိက စားသုံးသူ ဈေးကွက်သို့ အသွင် ပြောင်း နိုင်မည် ဖြစ်သည်။

စားသုံးသူ ဈေးကွက် ကြီးလာမှသာ သွင်းကုန် တိုးမြင့်ရေးကို အထောက် အကူ ပြုမည် ဖြစ်ပြီး တရုတ် နှင့် အမေရိကန် အခြား စီးပွားရေးများ အကြား ရှိ တရုတ်၏ ကုန်သွယ်မှု ပိုငွေ ကွာဟမှုကို ကျဉ်းမြောင်း သွားစေမည် ဖြစ်သည်။

တရုတ်သည် ငွေများကို ကုမ္ပဏီများ ထံမှ လူတစ်ဦးချင်းဆီသို့ ပြောင်းရွှေ့ရန် လိုအပ် နေပါသေးသည်။ သို့မှသာ တရုတ် နိုင်ငံ၏ ဆင်းရဲသော လူများစုနှင့် ချမ်းသာသော ပညာတတ်များနှင့် တိုးတက် လာနေသော လူလတ် တန်းစားများ အကြား ကွာဟမှု ကျဉ်းမြောင်း လာမည် ဖြစ်သည်။

ကျယ်ပြန့်စွာ ချမှတ် ထားသော စီမံကိန်းတွင် ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှုတွင် ပိုမို သုံးစွဲရန်နှင့် အလုပ် မရှိသော လယ်သမား များအတွက် အလုပ်အကိုင် ရှာဖွေပေးရန် ကတိများ ပါဝင်သည်။ ထိုသို့ ပြုလုပ် ခြင်းကြောင့် ဝန်ဆောင်မှု လုပ်ငန်းနှင့် စားသုံးသူ လိုအပ်ချက် ပိုမို တိုးတက် လာရေး အတွက် ခြေလှမ်း တစ်ရပ်ပင် ဖြစ်သည်။

အဖွဲ့ဝင် သုံးထောင် နီးပါးရှိ အမျိုးသား ပြည်သူ့ ကွန်ဂရက်သည် ဆယ်ရက် အကြာ အစည်း အဝေး ပြုလုပ် ပြီးနောက် စီးပွားရေး စီမံကိန်းကို တနင်္လာနေ့က အတည်ပြု ခဲ့သည်။ ယခု ငါးနှစ် စီမံကိန်းသည် ဗဟို စီမံကိန်းနှင့် အတူတူ ပင် ဖြစ်သည်။ သို့သော် ကွန်မြူနစ် ပါတီ၏ ရည်မှန်းချက် ပန်းတိုင် အတွက် အသုံးဝင်မည့် လမ်းပြ မြေပုံ ဖြစ်သည်။

အစိုးရက ပြောကြား ရာတွင် ကွန်ဂရက် အစပိုင်းတွင် ယခုနှစ်၌ ကာကွယ်ရေး အသုံး စရိတ် ၁၂.၇% မြှင့်တင်ရန် စီစဉ် ခဲ့သည်ဟု ဆိုသည်။ ဥပဒေ ရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘေဂျင်း၏ စစ်တပ် ကြီးထွား လာမှုသည် ၂၀၁၀ တွင် ဂဏန်း နှစ်လုံးသို့ ရောက်ရှိ လာရာ အခြား တိုင်းပြည်များကို ခြိမ်းခြောက်ခြင်း မဟုတ်ဟု ဆိုသည်။

ယခု စီးပွားရေး အသွင် ပြောင်းလဲမှုသည် လာမည့် နှစ်တွင် သမ္မတ ဟူကျင်တောင်နှင့် အခြား ပါတီ ခေါင်းဆောင်များက ငယ်ရွယ်သော မျိုးဆက်သစ်များသို့ အာဏာ လွှဲပြောင်းရန် ပြင်ဆင် နေချိန်တွင် လုပ်ဆောင် လာခြင်း ဖြစ်သည်။ ၎င်းတို့သည် အသွင် ကူးပြောင်းရေးကို ချောမွေ့အောင် ကြိုးစား လုပ်ဆောင် နေကြခြင်း ဖြစ်သည်။

ကျန်းမာရေး စောင့်ရှောက်မှု တိုးချဲ့ရန် စီစဉ်ခြင်းမှာ စားသုံးသူများ အသုံး စရိတ်များ ရရှိရေး အတွက် ငွေများ ဖော်ထုတ် ပေးခြင်း ဖြစ်ပြီး ပိုမို စားသုံးမှုကို ဖြစ်စေသော တွန်းအား ဖြစ်သည်။

တရုတ် နိုင်ငံ၏ ကျေးလက် များတွင် လူဦးရေ သန်း ၈၀၀ ခန့် နေထိုင် ကြရာ စီမံကိန်းတွင် လယ်ယာ စိုက်ပျိုးရေး ခေတ်မီရေးနှင့် သီးနှံ ထုတ်လုပ်မှု တိုးတက်ရေး များအတွက် ပိုမို အသုံး ပြုရန် ကတိ ကဝတ်များ ပါဝင်သည်။ ဘေဂျင်း၏ အဓိက စိုးရိမ် ပူပန်မှုမှာ စားနပ် ရိက္ခာ လုံလောက်မှု အတွက် ဦးစား ပေးရေး ဖြစ်သည်။

၂၀၁၅ နှစ်ကုန် ထိ အကောင် အထည် ဖော်မည့် အဆိုပါ စီမံ ကိန်းတွင် လူမှုရေး အသုံး စရိတ်များ ပိုမို မြင့်မား လာရေး၊ ငွေဖောင်းပွမှု ထိန်းချုပ် နိုင်ရေးနှင့် ဆင်းရဲ ချမ်းသာ ကွာဟမှု မရှိရေး အမြန်ဆုံး ဖြစ်စေရန် လုပ်ဆောင် နိုင်ရေးများကို ဖော်ပြ ထားသည်။ လူနေမှု အဆင့် မြင့်လာခြင်း၊ ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးခြင်းနှင့် ဥပဒေ လိုက်နာ အောင် တင်းတင်း ကြပ်ကြပ် ပြုခြင်း များသည် ပြည်သူက နိုင်ငံရေး ပြောင်းလဲမှု အတွက် မျှော်လင့်ချက် ကြီးထွား လာမှုကို လျော့နည်း သွားစေနိုင်သည်ဟု ဆိုသည်။

တရုတ် ခေါင်းဆောင်များ မကြာ သေးမီက ထပ်တလဲလဲ ပြောခဲ့သော အချက်မှာ အာဏာရှင် အစိုးရသည် လူထုကြား မငြိမ်သက်မှု များကို မဖြစ်စေရန် အရေး ကြီး သဖြင့် မူဝါဒများ ပေါင်းစပ် ကျင့်သုံး ခဲ့ရသော်လည်း ယခု အခါ ပိုမို ချမ်းသာ ကြွယ်ဝရေးနှင့် ပို၍ မျှော်လင့် လာခြင်းကို သဘော ပေါက်လာပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု အခါ အစိုးရက တိုး၍ စိုးရိမ် လာရသော အချက် တစ်ခုမှာ အွန်လိုင်းမှ တရုတ် ပြည်သူများ အား တူနီးရှားနှင့် အီဂျစ်တွင် အာဏာရှင် များအား ဖြုတ်ချ သကဲ့သို့ တနင်္ဂနွေ နေ့တိုင်း ငြိမ်းချမ်းစွာ ချီတက်ရန် ဆွဲဆောင် နေမှုများ ဖြစ်သည်။ လွန်ခဲ့သော တစ်လကျော် အင်တာနက်မှ နှိုးဆော်ချက်များ ထွက်ပေါ် ပြီးချိန်မှ စ၍ ဘေဂျင်းတွင် လုံခြုံရေးများ ထူထပ်စွာ ချထား ခဲ့ရသည်။

အစိုးရသည် ပညာရေး၊ အလုပ် အကိုင် ဖန်တီးရေး၊ ဝင်ငွေ နည်းသူများ အတွက် အိမ်ရာများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပင်စင်နှင့် လူမှုရေး အာမခံများတွင် တိုးတက်၍ ၁၂.၅% တိုး သုံးမည် ဖြစ်သည်။ ရဲ၊ တရားရုံး ရှေ့နေ၊ အခြား ပြည်တွင်း လုံခြုံရေး တို့တွင် စစ်တပ် ဘတ်ဂျက်ထက် ကျော်လွန်၍ ၁၃.၈% တိုးသုံးကာ ဒေါ်လာ ၉၅ ဘီလျံ သုံးစွဲမည် ဖြစ်သည်။
------------------------------------------------------

အသက်အန္တရာယ် စိုးရိမ်ဖွယ် မြန်မာ့အဝေးပြေးလမ်း

(Asia Sentinel မှ 10 March 2011 ရက်စွဲပါ “Burma’s Highway of Death” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အဝေးပြေး လမ်းသစ်ကြီး မကျွမ်းကျင်သော ယာဉ်မောင်းများနှင့် ပြုပြင် ထိန်းသိမ်းခြင်း ညံ့ဖျင်းမှုတို့ အားလုံး ပေါင်းဆုံ သွားမှုက ကြေကွဲ ဝမ်းနည်းစရာ များကို ဖြစ်ပေါ် စေသည်။

          နှစ်ပေါင်း များစွာ အတွင်း ကုန်ကျ စရိတ် အကြီးမားဆုံးဖြင့် တည်ဆောက်ခဲ့သော ၃၂၀ ကီလိုမီတာ ရန်ကုန်-နေပြည်တော် အဝေးပြေး ကွန်ကရစ်လမ်းကို မြန်မာ့ ပထမဆုံး နိုင်ငံတကာ အဆင့်မှီ ကားလမ်း အဖြစ် ဖွင့်လှစ် ပေးခဲ့ရာ နောက်ဆုံးတွင် ဆိုက်ကား၊ နွားလှည်းနှင့် လူတစ်ဖက်စာ ကျင်းပေါက်ကြီး များကို ရှောင်စရာ မလိုတော့ပဲ သင်၏ လင်ခရူဆာ ကားသစ်ကို လီဗာတစ်ဆုံး ဖိနင်း နိုင်ပြီပာု ဆိုရပါမည်။

          ရှုပ်ထွေးမှု မရှိခြင်း၊ လူသူ နည်းပါးခြင်းနှင့် လုံလောက်သော ကျယ်ဝန်းမှု တို့ကြောင့် အဆိုပါ လမ်းသည် အထူးသဖြင့် မြို့သစ် တည်သူတို့၏ အမြင်တွင် နေပြည်တော်နှင့် ပတ်သတ် လာလျှင် အားလုံး ကောင်းပါသည်ပာု ယူဆစရာ ဖြစ်စေသည်။ ယခင်က အနည်းဆုံး ၇ နာရီခန့် ကြာသော ခရီးသည် ယခုအခါ ၄ နာရီပင် မောင်းစရာ မလိုတော့ပဲ ယာဉ်ရှုပ်ထွေးမှုလည်း နည်းပါးပြီး တရက်လျှင် မော်တော်ယာဉ် ၅၀၀၀ ခန့်သာ ဖြတ်သန်းသည်ပာု ခန့်မှန်းရသည်။

          သို့သော်လည်း ၂၀၀၉ ခုနှစ် အစောပိုင်း လမ်းဖွင့် ပြီးချိန်မှ စ၍ ယာဉ်မတော်တဆဖြစ် သေဆုံးမှု များက ဒုက္ခ ပေးခဲ့သည်။၂၀၁၀ နှစ်ကုန်တွင် ရရှိသော တရားဝင် ကိန်းဂဏန်းများက ဆိုးဝါးသော ယာဉ်မတော်တဆ ဖြစ်မှု ၁၅၆ မှုတွင် လူ ၈၀ သေဆုံးကာ ၂၇၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်နေသော်လည်း အမှန်တကယ် အရေ အတွက်မှာ ပို၍ များပြားဖွယ် ရှိသည်ပာု ဆိုသည်။

          ယာဉ်တစ်စင်းထဲ မတော်တဆ တိမ်းမှောက်မှု တစ်ခုတွင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မွေးကင်းစ အရွယ် မြေးကလေး သေဆုံးခဲ့မှု သည် လူသိများသော ဖြစ်ရပ် ဖြစ်သည်။ သေဆုံးသူ တစ်နှစ်သား အရွယ် ဆက်နိုင်လင်း၏ မိဘများ ဖြစ်သော မြို့တော်ဝန်၏ သားနှင့် ချွေးမမှာမူ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရခဲ့သည်ပာု သိရှိ ရသည်။

          မကြာသေးမီက အကယ်ဒမီ ဆုပေးပွဲ ပြုလုပ်သော သီတင်းပတ်တွင် မော်တော်ကားဖြင့် ခရီး သွားခဲ့သော ဂျပန် နိုင်ငံသား တစ်ဦး အပါအဝင် အစိုးရ ဝန်ထမ်း၃ ဦး သေဆုံးခဲ့သည် ပာုလည်း ကြားသိ ရသည်။

          အကျိုးသင့်၊ အကြောင်းသင့် အဖြေများ ရှားပါးလွန်းသော တိုင်းပြည် တစ်ခုတွင် ၂၀၀၅ ခုနှစ်က မြို့တော် ပြောင်းရွှေ့မှုသည် ဗေဒင် အယူ အဆကြောင့်ပာု အကဲခတ် လေ့လာသူများ ယူဆစရာ ဖြစ်စေ သကဲ့သို့ ယခု လူအသေပျောက် များပြား လွန်းသော နေပြည်တော် အဝေးပြေးလမ်း ယာဉ်တိုက်မှုများ အတွက် ကျိုးကြောင်း ခိုင်လုံသည့် ဖြေရှင်းမှု ရရှိရန် အထပ်ထပ် သုံးသပ်မှု ပြုလုပ်ရပါမည်။

          ပထမဦးဆုံးနှင့် အရေးကြီးဆုံးမှာ လမ်းအန္တရာယ် ကင်းရေး စံချိန် စံညွှန်းများကို ထိထိ ရောက်ရောက် လုပ်ဆောင်ရန် ပျက်ကွက်မှု၏ ရလဒ် ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။ မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းမှု ဆိုသည် မှာလည်း ဝေလာဝေးပာု ဆိုရမည်။ မော်တော်ယာဉ် များကို တစ်စစီ ကျိုးပဲ့မှသာ ပြုပြင်ကြပြီး တာယာများ မကွဲထွက်မီ လဲလှယ်ခြင်း သည်လည်း ချမ်းသာသူ အနည်းငယ်သာ တတ်နိုင်သော ကိစ္စတစ်ခု ဖြစ်နေသည်။ ယာဉ်ထိန်းရဲများက  ကားများကို တားကာ   ယာဉ် မှတ်ပုံတင် စစ်ဆေးရာ တွင်လည်း “မောင်းနှင်ရန် သင့်လျှော်မှု” ကိစ္စ လုံးဝ မပါဝင်ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစု ကဲ့သို့ပင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ထားသော လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဥပဒေများကိုလည်း လမ်းအသုံးပြုသူ များအား အကာ အကွယ် ပေးခြင်းထက် စားဝတ် နေရေး ပိုက်ဆံရှာရန် အတွက်သာ ယာဉ်ထိန်းရဲများက အသုံးချ နေကြပါသည်။

          WHO ၏ ၂၀၀၉ ခုနှစ် လမ်း အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြချက် အရ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ပြီးလျှင် အာဆီယံ ဒေသတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ကြောင်း တွေ့ရှိရသည်။ အရက်သောက် မောင်းနှင်မှုနှင့် အရှိန်လွန် မောင်းနှင်မှုများကို တားမြစ် ထားသည့်တိုင် ဥပဒေများကို ထိရောက်စွာ အကောင် အထည် ဖော်မှု အားနည်း ခြင်းကြောင့် မြန်မာ နိုင်ငံ လမ်းများ ပေါ်မှ များပြားသော သေဆုံးမှု များကို ဖြစ်ပွား စေခဲ့သည်။

          အထက်ပါ ပြဿနာ၏ အကျိုးဆက် များမှာ ရန်ကုန် ဆင်ခြေဖုံး လမ်းများ ပေါ်တွင် မရှိသလောက် ရှားပါး သော်လည်း ကျယ်ပြော လွန်းသော အဝေးပြေးလမ်း ပေါ်တွင်မူ တစ်မူ ကွဲပြား နေသည်ပာု ဆိုရမည်။ ယင်းဖြစ်ရပ် များသည် နေပြည်တော် အဝေးပြေး လမ်းကို မကြာခဏ အသုံးပြု နေကြရသော စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ ဝန်ထမ်းများ အတွင်း ဖြစ်ပွားနေခြင်း ဖြစ်သည်။ နောက်ဆုံးပေါ် မော်ဒယ် မော်တော်ယာဉ်၏ တာယာများ ပွင့်ထွက်ကာ မြို့တော်ဝန်၏ မြေးကလေး အသက်ကို နှုတ်ယူသွားခဲ့သည့် ဖြစ်ရပ်မျိုးနှင့် အလားတူ ပုံစံတူ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

          သတ်မှတ် အမြန်နှုန်းထက် ကျော်လွန်မှုနှင့် မေးခွန်း ထုတ်စရာ လမ်းဒီဇိုင်းတို့ ပေါင်းလိုက် သောအခါ ကားဘီးများ လေဖိအား ပုံမှန်ထက် ပို၍ မြင့်လာသည်။ ယာဉ်ကြော ရှင်းလင်းနေမှု ကလည်း ယာဉ်မောင်းသူများအား တစ်နာရီလျှင် ၁၅၀ ကီလိုမီတာထက် ကျော်သွားအောင် အားပေး တိုက်တွန်းသလို ဖြစ်နေသည်။ အဝေးပြေး လမ်းပေါ်မှ ကားအများစုတွင် လုံခြုံရေး ခါးပတ် ပါသော်လည်း အသုံးပြုမှု နည်းပါးသည်။ (မြန်မာ မော်တော်ယာဉ် ဥပဒေများတွင် ယာဉ်မောင်းသူနှင့် ခရီးသည်များ လုံခြုံရေး ခါးပတ် အသုံးပြုရန် ကြတ်မတ်ထားခြင်း မရှိပါ။)

          ယခင်နှစ် ပြည်တွင်း မီဒီယာပါ သတင်း တစ်ပုဒ်က ယာဉ်မောင်းသူ အများစု၏ သဘော သဘာဝကို ပြသနေသည်။ ပြီးခဲ့သော နိုဝင်ဘာ လကုန်က  ယာဉ်မတော်ဆမှု တစ်ခုတွင် သေဆုံးခဲ့သည့် ရန်ကုန်မှ မိသားစုဝင် ၄ ဦး၏ ဆွေမျိုး တစ်ယောက်က ပြောကြား ထားသည့် အတိုင်း မီဒီယာများက ဖော်ပြခဲ့ရာ “အဝေးပြေး လမ်းပေါ်တွင် အရှိန်လျှော့ရန် ပြောသည့် အခါ တိုင်းတွင် ထိုမိသားစုထဲမှ ဖခင် ဖြစ်သူက ရန်ကုန် နေပြည်တော် ခရီးကို အချိန် ၃ နာရီ ခွဲမျှနှင့် ရောက်အောင
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

0 comments:

Post a Comment