Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့ ဖွဲ့စည်း

ဧပြီ ၄။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် အီတာလျံထိုင်း ကုမ္ပဏီလီမိတက်နှင့်အတူ အစိုးရဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင် သည့် အထောက်အကူပြုလုပ်ငန်းအဖွဲ့ကို စတင်လုပ်ကိုင်ဆာင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအဖွဲ့တွင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရှေ့နေ ချုပ်ရုံး၊ အကောက်ခွန်ဦးစီး ဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီး အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အီတာလျံထိုင်း အများပိုင် ကုမ္ပဏီလီမိတက်၊ ဒေသခံ မြန်မာကုမ္ပဏီများ၊ စီမံကိန်းတွင် လုပ်ငန်းပါဝင်လုပ်ကိုင်နေသူ ကန်ထရိုက် လုပ်ငန်းများမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ကြောင်း သိရသည်။

အဆိုပါအဖွဲ့၏ အတွင်းရေးမှူးအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးသိန်းက ဆောင်ရွက်သည်။

ယခု ဖွဲ့စည်းထားသော ထားဝယ် အထူးစီးပွားရေးစက်မှုဇုန် အထောက်အကူပြုအဖွဲ့တွင် တစ်ခုအပါအဝင်ဖြစ်သော အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာနကလည်း ထိုဒေသရှိ အလုပ်သမားများအတွက် လိုအပ်သည့် အလုပ်သမားကတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံမှ အီတာလျံထိုင်း အများပိုင်ကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာအား မေးမြန်းရာတွင် အဆိုပါအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည်မှာ မှန်ကန်ကြောင်းနှင့် အခြားသတင်း အချက်အလက်များကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။

-------------------------------------------------------------------------------------------------------------

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမြေနေရာအား BOT စနစ်ဖြင့် ငှားရမ်းထား

ဧပြီ ၄။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ငှားရမ်းထားသည့် မြေဧက ၁,၆၀,၀၀၀ အား  Italian - Thai Public Co, Ltd  ကုမ္ပဏီအား BOT စနစ်ဖြင့် ငှားရမ်းထားကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုန်ပြန်ချက်အရ သိရသည်။

အဆိုပါ စီမံကိန်း ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်နှင့် လွတ်ကင်းမှု မရှိသည့် ကျေးရွာများကို ပြန်လည်နေရာချထားပေးရန် အဓိက ရည်ရွယ်၍  ၎င်း BOTစနစ်ဖြင့် ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာ ၁၉ ရွာရှိပြီး ထားဝယ်မြစ် အနောက်ဘက်အခြမ်းရှိ ကျေးရွာများ အပါအဝင် ခမောက်ချောင်း ကျေးရွာ၊ ဝက်ချောင်း ကျေးရွာ၊ ဧကနိကျေးရွာ၊ ဘေဇွန်းကျေးရွာနှင့် ရေဖြူအနောက်ဘက်ခြမ်း ကျေးရွာများ ပါဝင်ကြောင်း။ လမ်းဖောက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် မလွတ်ကင်း၍ ပြောင်းရွှေ့ပေးရမည့် နှစ်ရှည်ဥယျာဉ်ခြံများမှ ရော်ဘာ၊ သီဟိုဠ်နှင့် ကွမ်းပင်များအတွက် သက်တမ်းအလိုက် နစ်နာကြေး ပေးရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ နှစ်ရှည်ပင်များအတွက် တစ်ပင်ချင်း သက်တမ်းအလိုက် လျော်ကြေးပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(The Myanmar Post  ဂျာနယ် အတွဲ (၃)၊ အမှတ် (၁၄)၊တွင် ပါသည့်  “ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် BOTစနစ်ဖြင့် မြေဧက ၁,၆၀, ၀၀၀အား ငှားရမ်းထားကြောင်း Italian – Thai ကြေညာ” သတင်းကို အကျဉ်းချုပ်သည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်သည့် ဝန်ထမ်း ပထမဆုံးအကြိမ် လစာရတော့မည်

ရန်ကုန်၊ဧပြီ ၄။

ယခုနှစ် မတ်လ ၃၀ရက်နေ့မှ စ၍ အုပ်ချုပ်ရေးမှူးများ အဖြစ်ပြောင်းလဲလိုက်ပြီး ပထမဆုံးအကြိမ် လုပ်ခလစာကို အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်အပ်ထားအပြီးတွင် ပေးမည်ဟု ယခင် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

အုပ်ချူပ်ရေးမှူးတစ်ဦး၏ လစာမှာ ကျပ် ၅၀၀၀၀မှ ၁၀၀၀၀၀ကြားတွင် ရှိမည်ဖြစ်ကြောင်း၊ စာရင်းကိုင်များနှင့် ရပ်ကွက်ရုံးဆိုင်ရာ တာဝန်ရှိသူ များမှာ ကျပ် ၅၀၀၀၀ ပတ်ဝန်းကျင်တွင် ရရှိမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများအဖြစ် ပြောင်းလဲခန့်အပ်မည့်သူများမှာ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိထား ရမည်ဖြစ်ကြောင်း၊ အသိုင်းအဝိုင်းကောင်းသော အုပ်ချူပ်ရေးမှူးများအတွက်မူ ဖုန်းတစ်လုံးပါ ချထားပေးကြောင်း အလုံမြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးက ပြောကြားသည်။

ယခင်က ဤကဲ့သို့လစာပေးခြင်းများ မရှိစဉ်ကမူ ရပ်ကွက်ဥက္ကဋ္ဌများသည် ရုံးလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ဝင်ငွေများရရှိအောင် လုပ် ဆောင်ကြရကြောင်း၊ ထို့ကြောင့် လာဘ်စားမှုများ မကြာခဏဖြစ်ပေါ်တတ်ပြီး ဥက္ကဋ္ဌနေရာမှာလည်း အပြောင်းအလဲများလှကြောင်း၊ ယခုကဲ့သို့ ထိုက်တန် သည့်လစာများဖြင့် ခန့်ထားမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြဿနာများပေါ်ပေါက်လာနိုင်ခြင်းများ နဲပါးသွားမည်ဟု ဥက္ကဋ္ဌဟောင်းတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

The CJs News         

-------------------------------------------------------------------------------------------------------------

သတင်းဂျာနယ်များသည် စောင့်ကြည့်ဆဲကာလကို ဖြတ်သန်းနေဆဲဟုဆို

ဧပြီ ၄ ရက်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများကို အသားပေးဖော်ပြနေကြသော သတင်းဂျာနယ်များသည် အာဏာပိုင်တို့၏ စောင့်ကြည့်ဆဲ ကာလကို ဖြတ်သန်းနေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦး က ဆိုသည်။

အဆိုပါ တာဝန်ရှိသူက “အစိုးရသစ်မလာခင် သတင်းဂျာနယ်တွေကို စိစစ်ရေးမတင်ဘဲ Deposit တင်ရမယ်ဆိုပြီး သတင်းထွက်ခဲ့တယ်။ တကယ့် အဖြစ်ကတော့ သတင်းဂျာနယ်တွေကို Cancle လုပ်လိုက်တယ်။ ဖွင့်ပေးလိုက်တဲ့အခါကျတော့ သတင်းဂျာနယ်တွေကို ချန်လှပ်ဖို့ အမိန့်ရောက်လာတယ်။ အစိုးရအသစ်ပေါ်လာပြီး ပထမဆုံးပြုလုပ်တဲ့ ပြန်ကြား ရေးဝန်ကြီးဌာန အကြီးတန်းအစည်းအဝေးမှာ ဝန်ကြီးက သတင်းဂျာနယ်တွေကို စေင့်ကြည့်ရမယ်။ သိပ်လျော့ပေးလို့ မရ သေးဘူးလို့ ပြောတယ်”ဟု ပြောကြားသည်။

“ကာလအတိုင်းအတာ ဘယ်လောက်အထိ စောင့်ကြည့်မယ်ဆိုတာကိုတော့ အစည်းအဝေးမှာ ဘာမှမပြောသွားဘူး”ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက် လက်ပြောကြားသည်။

အစိုးရသစ် မဖွဲ့စည်းခင် ရက်ပိုင်းအလိုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအား အသားပေးဂျာနယ်များ ကို ဖြေလျော့ပေးခြင်းမရှိဘဲ အခြား ရသစာပေများကို ထုတ်လုပ်ပြီးမှသာ စာပေစိစစ်ရေးသို့ တင်ပြရသောစနစ်ကို ကျင့် သုံးခဲ့သည်။

စာပေထုတ်ဝေရေးလုပ်ငန်း လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာတွင် “ အစိုး ရသစ်အနေနဲ့တော့ ဒီမိုကရေစီစနစ်လို့ လည်း ပြောနေပြီဆိုရင် မီဒီယာကိုတော့ လွတ်လပ်ခွင့်ပေးမယ်။ နိုင်ငံတစ်ခုအနေနဲ့ မပေးသေးဘူးဆိုရင်တော့လည်း အတိုင်းအတာတစ်ခုအထိတော့ လွတ် လပ်ခွင့်ပေးရမယ်။ မီဒီယာအနေနဲ့ ဒီမိုကရေစီ စည်းဘောင်တွေကနေပြီး သိက္ခာရှိတဲ့ မီဒီယာတွေအနေနဲ့ တစ်ရပ်ဖြစ်အောင် နေသင့်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ကျော်စွာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရက အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုးဆောင်ရွက်ပေးတဲ့ ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းပါတယ်။ ဝင်ထိန်းပေးမယ်ဆိုတာလည်း ဈေးကွက်ရဲ့လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့ သဘောမျိုးမဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါး ကြီး အုပ်ခြယ်လှယ်တာမျိုး မဖြစ်စေရအောင် ထိန်းကျောင်းတည့်မတ်ပေးတာမျိုးကိုသာ ရည်ရွယ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ဝင် ရောက်ထိန်းကျောင်းမှု မျိုးသာ လုပ်သွားမှာဖြစ်တဲ့အပြငƟ