Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာစာဖတ်သူများခင်ဗျာ..


          အဆိုးအကောင်း၊ အပြုအပျက် ဆန့်ကျင်ဘက်များ အမြဲဒွန်တွဲနေလေ့ရှိတဲ့ လောကကြီးမှာ အများအားဖြင့်ကတော့ အပြုသဘောမြင် အကောင်းတွေးတာက ရှေ့ဆက်မယ့် ခွန်အားများအတွက် လက်တွေ့ကျကျ အားဖြည့်မှုကို ပေးစွမ်းနိုင်တယ်လို့ မြင်မိပါတယ်။ မျက်မှောက် မြန်မာ့နိုင်ငံရေးအခြေအနေများမှာလည်း လူမျိုးစုံက ဘက်စုံဒေါင့်စုံကနေ ကြည့်ရှုသုံးသပ်ကြပြီး အမျိုးမျိုးပြောဆိုနေကြတာကို တွေ့မြင်နေရတဲ့အပေါ်မှာ နားလည်လက်ခံပေးနိုင်စွမ်းပေမယ့် ရှေ့ဆက်မယ့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး လျှောက်လမ်းမှာတော့ အကောင်းမြင်စဉ်းစားပေးနိုင်မှု ဆိုတဲ့အချက်ကသာ လက်တွေ့ကျတဲ့အဖြေများဆီကို ချည်းကပ်နိုင်မယ့် လမ်းများကို ပုံဖော်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အလျှောက် ယခုတစ်ပတ် သတင်းလွှာမျက်နှာဖုံးမှာ အကောင်းမြင်မြန်မာ့နိုင်ငံရေးအနေအထား ကို နောက်ဆုံးရ သတင်းများနဲ့ ခပ်ပါးပါး ပုံဖော်ထားပါတယ်။ ကျန်တဲ့ တပတ်အတွင်းမှတ်သားဖို့ လိုအပ်မယ့် သတင်းများနဲ့အတူ ပြည်တွင်းသတင်း ဂျာနယ်များထဲက ထုတ်နှုတ်ဖော်ပြထားချက်တွေ၊ အတွေးအမြင်ဆောင်းပါးတွေ (ဆောင်းပါးထဲမှာတော့ အထူးသတိပြု ကိုင်တွယ်ဖို့ လိုအပ်မယ့် မန္တလေးမှာ တွင်ကျယ်မှု အရှိန်အဆမတန်မြင့်လာတဲ့ တရုတ်လူမျိုးများ အကြောင်း)ကို ယခင် သီတင်းပတ်များလိုပဲ ထည့်သွင်းဖော်ပြထားပါတယ်။ အားလုံးနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။


လေးစားလျှက်
သတင်းလွှာအဖွဲ့

 

 









--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment