Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၄.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ (အပိုင်း -၂)  

  1. APEC ထိပ်သီးအစည်းအဝေးတွင် ပစိဖိတ် တစ်ခုလုံး ကုန်သွယ်ရေးအစီအစဉ်၏ အရေးကြီးသော အချက်များ Obama ချမှတ်

(12 Nov 2011 ရက်စွဲပါ BBC News မှ Obama outlines pan- Pacific trade plan at APEC Summit ကို ဘာသာပြန်သည်)

  1. မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန် နီးကပ်နေပြီ

(Reuter မှ 13 Nov 2011 ရက်စွဲပါ “Myanmar to free more political prisoners “soon”” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

APEC ထိပ်သီးအစည်းအဝေးတွင် ပစိဖိတ် တစ်ခုလုံး ကုန်သွယ်ရေးအစီအစဉ်၏ အရေးကြီးသော အချက်များ Obama ချမှတ်

( 12 Nov 2011 ရက်စွဲပါ BBC News မှ Obama outlines pan- Pacific trade plan at APEC Summit ကို ဘာသာပြန်ဆိုသည်)

အမေရိကန်သမ္မတ Barack Obama သည် ဟာဝိုင်ယီတွင် ကျင်းပသော APEC ထိပ်သီးအစည်းအဝေးတွင် ပစိဖိတ်တစ်လွှား လွတ်လပ်သော ကုန်သွယ်မှုဇုန် ဖန်တီးရေးအတွက် ကျယ်ပြန့်သော အဓိက အချက်အလက်များကို ကြေညာခဲ့သည်။

“ဒီကိစ္စ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် ကိုယ့်ကိုကိုယ် ယုံကြည်ပါတယ်” ဟု အိုဘားမားက APEC တွင် ပြောကြားခဲ့သည်။

APEC မှ ကိုးနိုင်ငံသည် Trans-Pacific Partnership (TPP) တွင် ပါဝင်လျက်ရှိပြီး လောလောဆယ်တွင်မူ တရုတ်သည် ဆွေးနွေးမှုတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်းဖော်ပြခြင်း မရှိသေးပေ။

အီရန်အတွက် တုံ့ပြန်မှု

ဟိုနိုလူလူတွင် စနေနေ့က အိုဘားမားက မိန့်ခွန်းပြောကြားခဲ့ရာ၌ “ကျွန်တော်တို့ဟာ အတူတကွ ပို့ကုန်မြှင့်တင်ရေး လုပ်နိုင်မယ်၊ စားသုံးသူတွေကို ကုန်ပစ္စည်းတွေ ပိုမိုဖန်တီးပေးနိုင်ပါမယ်၊ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်ပါမယ်၊ အနာဂတ်ဈေးကွက်မှာ ပြိုင်ဆိုင်ခြင်း၊ အနိုင်ရခြင်းတွေ ရှိပါမယ်” ဟု ပြောကြားခဲ့သည်။

ဒေသတွင်းအား ဖွံ့ဖြိုးတိုးတက်မှု၏ မောင်နှင်အားအဖြစ် ဖော်ပြခဲ့ပြီး TPP အတွက် ညှိနှိုင်းမှုများကို အစောဆုံး နောက်နှစ်တွင် အပြီးသတ် နိုင်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်မိကြောင်း ဖော်ပြခဲ့ပါသည်။ TPP သည် အခြားကုန်သွယ်မှု အဖွဲ့များအတွက် စံပြဖြစ်နိုင်ကြောင်း အမေရိကန် ခေါင်းဆောင်က ပြောကြားခဲ့သေးသည်။

အိုဘားမားသည် APEC ထိပ်သီး အစည်းအဝေး၏ အရန်ဆွေးနွေးမှုအဖြစ် ရုရှားသမ္မတ Dmitry Medvedev နှင့် တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အခြားသော အကြောင်းအရာများအပြင် အာဖဂန်နစ္စတန်၊ အီရန်နှင့် ဆီးရီးယား အရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။ အိုဘားမားက ပြောကြားရာတွင် ၎င်းတို့သည် သာမန်တုံ့ပြန်မှုကို ပုံဖော်ရန် ပြန်လည် အတည်ပြုခဲ့ကြကြောင်း၊ သို့မှသာ အီရန်သည် ၎င်း၏ နျူကလီးယား အစီအစဉ်များ လုပ်ဆောင်လာပါက နိုင်ငံတကာ ကတိကဝတ်များကို လိုက်နာရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ တရုတ် သမ္မတ ဟူကျင်တောင်း နှင့် တွေ့ဆုံပါက ကမ္ဘာ့စီးပွားရေး ပြန်လည်ချိန်ညှိရန် လိုအပ်ပုံကို ဆွေးနွေးမည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ရဲရင့်မှု

TPP တွင် လက်ရှိအားဖြင့် ချီလီ၊ နယူးဇီလန်၊ ဘရူနိုင်းနှင့် စင်္ကာပူတို့ ပါဝင်လျှက်ရှိရာ စီးပွားရေးမှာ သေးငယ်နေ သော်လည်း အမေရိကန်၊ သြစတြေးလျ၊ မလေးရှား၊ ဗီယက်နမ်နှင့် ပီရူးတို့ ဝင်ရောက်ရန် ညှိနှိုင်းလျက် ရှိသည်။ ကမ္ဘာပေါ်တွင် တတိယ စီးပွားရေးအင်အား အကြီးဆုံးဖြစ်သော ဂျပန်နိုင်ငံကလည်း ယခုအခါ ဆွေးနွေးမှုတွင် ပါဝင်လို ကြောင်း ပြောကြားလာသည်။

သမ္မတ အိုဘားမားက ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda ၏ ရဲရင့်မှုနှင့် ယုံကြည်မှုကို အစွမ်းကုန် လေးစားကြောင်း ပြောကြားခဲ့သည်။ Noda သည် ဂျပန်လယ်သမားများ ပြင်းထန်စွာ ဆန့်ကျင်နေသည့်ကြားမှ ဆွေးနွေးပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။

အိုဘားမားသည် APEC ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ်သစ်နှင့် ပထမဆုံးအကြိမ် အရေးပါသော တွေ့ဆုံမှုအပြီးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ Mr. Noda က အမေရိကန်သမ္မတ အိုဘားမားကို ပြောကြားခဲ့ရာတွင် ၎င်းအနေဖြင့် ဂျပန်နိုင်ငံ၏ အမဲသား တင်သွင်းမှုကို ကန့်သတ်ထားမှုများအား ပြန်လည် သုံးသပ်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် အမေရိကန် အမဲသားဈေးကွက်ကို တိုးချဲ့ရန် လေ့လာလျက်ရှိကြောင်း ဆိုခဲ့သည် ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်သမ္မတ ဟူကျင့်တောင်သည် TPP ဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိသော်လည်း အနာဂတ်တွင် APEC အဖွဲ့ဝင်များအားလုံး ပါဝင်နိုင်မည့် ဒေသတွင်း လွတ်လပ်သော ကုန်သွယ်မှု ဧရိယာအတွက် ရေရှည်ရည်မှန်းချက်ကို ၎င်းတို့အနေဖြင့် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်မှ ဘီဘီစီ သတင်းထောက် Kim Ghattas ကပြောကြားရာတွင် အမေရိကန်၏ အနာဂတ်တွင် စီးပွားရေးအရလည်းကောင်း၊ မဟာဗျူဟာအရလည်းကောင်း၊ အာရှသည် မရှိမဖြစ် ဟု အမေရိကန်က ရှုမြင်လျက်ရှိကြောင်း ဆိုခဲ့သည်။

                                        **********************************

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန် နီးကပ်နေပြီ

(Reuter မှ 13 Nov 2011 ရက်စွဲပါ “Myanmar to free more political prisoners “soon”” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် တစ်လခန့်အတွင်း အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် ဒုတိယအကြိမ်ပေးရန် ပြင်ဆင်နေပြီဖြစ်၍ မကြာမီအတွင်း ကြေညာဖွယ်ရှိသည့် အစီအစဉ်တွင် နိုင်ငံရေးအကျဉ်းသားများ ပိုမိုပါဝင် လွတ်မြောက်လာလိမ့်မည်ပာု အကြီးတန်းတာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် အသေးစိတ်ကြေညာမှု လာမည့်နှစ်ရက်အတွင်း ပေါ်ထွက်လာဖွယ်ရှိပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျ သူများပာု သတ်မှတ်ခေါ်ဝေါ်သည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်လိမ့်မည်ပာု ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက Reuters သို့ ပြောကြားခြင်း ဖြစ်သည်။

ပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ တာဝန်ရှိသူက “ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများလို့ ရည်ညွှန်းသူတွေ လွတ်လာဖို့ အရမ်းကို နီးကပ်နေပါပြီ။ ကျန်ခဲ့မယ့်သူတွေကိုလည်း သူတို့မိသားစုတွေနဲ့ နီးတဲ့ အကျဉ်းထောင် တွေကို ရွှေ့ပေးမှာပါ” ပာု ပြောကြားသည်။

တစ်ရက် နှစ်ရက်လောက်ပဲစောင့်ရမှာပါ ပာု ၎င်းက ပြောကြားသော်လည်း ထင်ရှားသော နိုင်ငံရေးသမားများ ပါ/မပါ ကို ပြောကြားရန် ငြင်းဆိုသည်။

မတ်လ အတွင်းက အာဏာရလာသော မြန်မာ အရပ်ဖက်အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသား ၂၃၀ ခန့်ကို အောက်တိုဘာ (၁၂) ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ချုပ်ချယ်တင်းကြပ်ထားခဲ့သော ဗိုလ်ချုပ်ကြီးများ၏ ဝက်အူအရစ်လျော့မှု လက္ခဏာအဖြစ် အနောက်နိုင်ငံများက ကြိုဆိုခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကလည်း “မြန်မာနိုင်ငံတွင် တကယ်ပြောင်းလဲမှုများ လုပ်နေသည့် လက္ခဏာများ တွေ့ရကြောင်း၊ အကယ်၍ နိုင်ငံရေးအကျဉ်းသားများ အကုန်လုံးလွှတ်ပေးပြီး၊ ယခုထက်ပို၍ ပြုပြင်ပြောင်းလဲလာမည်ဆိုပါက အမေရိကန် ပြည်ထောင်စုကလည်း မိတ်ဆွေအဖြစ်ဆက်ဆံရန် ဆန္ဒရှိနေကြောင်း” သောကြာနေ့က ပြောကြားခဲ့သည်။

ဘာလီထိပ်သီးညီလာခံ နီးကပ်လာ

အကယ်၍ နောက်နှစ်ရက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမည်ဆိုပါက ဘာလီကျွန်း အာဆီယံ ထိပ်သီး ညီလာခံအဖွင့်နှင့် တိုက်ဆိုင် နေပါလိမ့်မည်။

သတ်မှတ် အလှည့်ကျချိန်ထက် ၂ နှစ်စော၍ အာဆီယံဥက္ကဋ္ဌနေရာယူရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို ယခု လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုက ပို၍ ခိုင်မာအောင် အားဖြည့်ပေးနိုင်သည်။

ထို့အပြင် မြန်မာအစိုးရ လိုလားနေသော နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် တိုင်းပြည်၏ နာတာရှည် စီးပွားရေးခြုံး ခြုံးကျဝေဒနာကို ကုစားရန် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ အကူအညီတောင်းခံမှုတို့ကိုပါ အထောက်အကူ ဖြစ်စေလိမ့်မည်ပာု အကဲခတ်ပညာရှင်များက ဆိုကြသည်။

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် နိုင်ငံတော်သမ္မတ အားတောင်းဆိုသော အိတ်ဖွင့်ပေးစာကို တနင်္ဂနွေနေ့ထုတ် နေ့စဉ်သတင်းစာများတွင် ဖော်ပြခဲ့သည်။ အစိုးရက ထိန်းချုပ်ထားသော နေ့စဉ်သတင်းစာများသည် တပ်မတော်အစိုးရ၏ အာဘောင်္အဖြစ် နှစ်ပေါင်းများစွာ အသုံးတော် ခံခဲ့ကြ သည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြထံမှ ပေးစာတွင် နောက်ထပ်လွှတ်ပေးရမည့် နိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့် ရှိကြောင်းနှင့် မလွှတ်ပေးနိုင်သူများကိုလည်း မိသားစုများနှင့်နီးသည့် ထောင်များသို့ ရွှေ့ပြောင်းသင့်ကြောင်း ဖော်ပြထားသည်။

မကြာသေးမီက အစိုးရက ပြသခဲ့သော ဖြေလျှော့မှု လက္ခဏာများတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုခြင်း၊ သတင်းမီဒီယာများ၏ ဝေဖန်ထောက်ပြမှုကို လိုက်လျောခွင့်ပြုလာခြင်း၊ သမ္မတ ဦးသိန်းစိန်နှင့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်တို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းတို့ ပါဝင်ပါသည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျနိုင်ငံများက အရှေ့တောင်အာရှမှ အထီးကျန် အာဏာရှင်နိုင်ငံအပေါ် ချမှတ် ထားသော အရေးယူဒဏ်ခတ်မှု Sanctions များကို ရုတ်သိမ်းမပေးမီ နိုင်ငံရေးအကျဉ်းသား အကုန်လုံးကို လွှတ်ပေးရမည်ပာု သတ်မှတ် တောင်းဆို ထားကြသည်။

မြန်မာနိုင်ငံသည် နောက်မြီးဆွဲ၍ ခိုလိုက်နေပြီး ၂၀၁၅ တွင် အီးယူစတိုင် ပေါင်းစည်းမည့် အဖွဲ့၏ ရည်မှန်းချက်ကို နှောင့်နှေးအောင် ပြုလုပ် နေသည်ပာု စွပ်စွဲမှုများ ယခင်ကပင် ရှိခဲ့သည်။

ယခုကဲ့သို့ ဘာလီကျွန်း ထိပ်သီးညီလာခံ ကျင်းပကာနီးအချိန်တွင် ကပ်၍ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို ကြေညာခြင်းသည် ပြစ်တင် ဝေဖန်ခြင်းမခံရအောင် ကြိုတင်ကာကွယ်မှုတစ်ခုသာ ဖြစ်သည်ပာု အကဲခတ်စောင့်ကြည့် သူများက သုံးသပ်ပြောကြားသည်။

ယခုအချိန်အထိ မြန်မာအစိုးရ ပြုလုပ်ခဲ့သမျှ အပြောင်းအလဲ လုပ်ဆောင်ပြသမှုများသည် အရေးကြုံသည့် အချိန်တွင် အချိန်တိုင်ပင်ကိုက်၍ တစ်ချက်ခုတ်၊ သုံးချက်လေးချက် ဖြစ်အောင် ဗျူပာာမြောက် အကွက်ချလုပ်ဆောင်တတ်သော ဗိုလ်ချုပ်မှူးကြီးပောာင်း သန်းရွှေ၏ “စင်နောက်က လက်ရာများ” သာ ဖြစ်သည်ပာု ပြည်တွင်းလေ့လာ စောင့်ကြည့်သူအချို့က မှတ်ချက်ပေးပြောဆိုသည်။

“ဦးသိန်းစိန် ဘာလီကျွန်းမသွားခင်မှာ မနက်ဖြန် အချိန်ကောင်းရွေးပြီး ကြေညာမယ်လို့ သတင်းကြားပါတယ်” ပာု အမည်မဖော်လိုသူ အာရှ သံတမန်တစ်ဦးက ဆိုပါသည်။

“ဘာလီထိပ်သီးညီလာခံမှာ ဦးသိန်းစိန် မျက်နှာမပျက်ရအောင် ဒီကိစ္စက အထောက်အကူပြုမယ်ဆိုတာ သေချာတာပေါ့ဗျာ” ပာု အဆိုပါ သံအရာရှိက ဆက်လက်ပြောကြားသွားသည်။

***************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment