Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၅.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ(အပိုင်း- ၁)

  1. မြစ်ကြီးနားတွင် ဗုံးကွဲ လူ ၁၀ ဦးသေ

(14 Nov 2011 ရက်စွဲပါ VOA News မှ Bomb kills 10 in Burma’s Kachin State ကို ဘာသာပြန်သည်)

  1. အာဆီယံခေါင်းဆောင်များအား မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌနေရာအတွက် ပယ်ချရန်တိုက်တွန်း

(15 Nov 2011 ရက်စွဲပါ Jakarta Post မှ Ridwan Max Sijabat ရေးသားသော Leaders urged to reject Myanmar’s bid ကို ဘာသာပြန်ဆိုသည်)

  1. Rule of Law အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေးပြောကြား

(Radio New Zealand မှ 15 Nov 2011 ရက်စွဲပါ “ Rule of Law paramount, says Aung San Suu Kyi” သတင်းကို ဘာသာပြန်ဆိုသည်)

  1. နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမည့်ကိစ္စ မြန်မာအစိုးရ အချိန်ဆွဲ

(Channel News Asia မှ၊ 14 Nov 2011 ရက်စွဲပါ Myanmar 'delays' prisoner release ကို ဘာသာပြန်ဆိုသည်)

******************************************************

ဘာသာပြန်သတင်းများ 

မြစ်ကြီးနားတွင် ဗုံးကွဲ လူ ၁၀ ဦးသေ

( 14 Nov 2011 ရက်စွဲပါ VOA News မှ Bomb kills 10 in Burma’s Kachin State ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လာသော သတင်းများအရ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မြို့တော်တွင် ဗုံးတစ်လုံး ပေါက်ကွဲရာ ကလေးတစ်ချို့ အပါအဝင် လူ ၁၀ ဦး သေဆုံးကြောင်း သိရှိရသည်။

အမည်မဖော်လိုသူ သတင်းများက တနင်္လာနေ့က ပြောကြားရာတွင် မြစ်ကြီးနား၌ တနင်္ဂနွေနေ့နှောင်းပိုင်းက ပေါက်ကွဲသော ဗုံးကြောင့် အိမ် သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါအိမ်များတွင် နေထိုင်ကြသူ အများစုမှာ အရွယ်မရောက်သေး သူများဖြစ်သည်။

အဆိုပါဗုံးအား မည်သူက ပြုလုပ်ခဲ့သည်။ အဘယ်ကြောင့် ပြုလုပ်ခဲ့သည်ဆိုသည်များကို ပြောကြားခြင်းမရှိသေးပေ။ မြန်မာအစိုးရပိုင် The New Light of Myanmar တွင် မြစ်ကြီးနား၌ စနေနေ့ကလည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြခဲ့သည်။

အစိုးရစစ်တပ်များသည် ကချင်ပြည်နယ်တွင် တိုင်းရင်းသား သူပုန်များအပေါ် စစ်ဆင်ရေးများ ဆင်နွှဲလျှက် ရှိသည်။

                                        ********************************************                       

အာဆီယံခေါင်းဆောင်များအား မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌနေရာအတွက် ပယ်ချရန်တိုက်တွန်း

(15 Nov 2011 ရက်စွဲပါ Jakarta Post မှ Ridwan Max Sijabat ရေးသားသော Leaders urged to reject Myanmar’s bid ကို ဘာသာပြန်ဆိုသည်)

အာဆီယံ၏ မြန်မာ့အရေး စိတ်ဝင်စားသူများအုပ်စုသည် ဘာလီတွင် ယနေ့စတင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံအား နောက်ထပ် အလှည့်ကျဥက္ကဋ္ဌ နေရာအတွက် ခွင့်ပြုရေးကို အချိန်ဆွဲထားရန် လိုလားလျက်ရှိသည်။

ASEAN’S Inter-parliamentary Myanmar Caucus (AIPMC) မှ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၌ နောက်ထပ်ပြောင်းလဲမှုများအတွက် တွန်းအားပေးရန် အာဆီယံခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။

AIPMC မှ အဖွဲ့ဝင်များသည် နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa နှင့် အမေရိကန်သမ္မတ Barak Obama တို့အား အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel မှတဆင့် ချဉ်းကပ်လျက် မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားအားလုံး မလွှတ်မခြင်း၊ တိုင်းရင်းသားများအပေါ် ရက်စက်မှုများ မရပ်မခြင်း မြန်မာနိုင်ငံအား ဥက္ကဋ္ဌနေရာ ခန့်ထားခြင်းမပြုရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုလျက် ရှိသည်။

AIPMC ဥက္ကဋ္ဌ Eva Sundari Kusuma ကပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ တည်ဆောက်ရေးနှင့် လူ့အခွင့်အရေး လေးစား လိုက်နာရေးကဲ့သို့သော အရေးကြီးသော ပြောင်းလဲမှုများ မပြုလုပ်ရသေးကြောင်း ဆိုသည်။

တိုးတက်မှုများရှိသော်လည်း၊ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားများကြား လက်နက်ကိုင် ပဋိပက္ခများရှိနေဆဲဖြစ်ပြီး အစိုးရသည် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးခြင်းမရှိသေးကြောင်း Eva ၏ အဆိုအရသိရှိရသည်။

“အခု ထိပ်သီးအစည်းအဝေးပာာ မပာာဗျူပာာကျတဲ့ ဖိုရမ်တစ်ခုဖြစ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ သူတို့ရဲ့ ဆွေးနွေးဖက်နိုင်ငံတွေပာာ မြန်မာနိုင်ငံမှာ နောက်ထပ် ပြောင်းလဲမှုတွေအတွက် တွန်းအားပေးနိုင်မယ့်အခွင့်အရေး ရရှိမှာဖြစ်ပါတယ်” ပာု သူမက တနလာင်္နေ့က ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် အောက်တိုဘာ ၁၂ ရက်နေ့က အကျဉ်းသား(၆၃၀၀) ကျော်လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား(၂၂၀) ကျော်သာ ပါဝင်ပြီး (၁၇၀၀) ခန့် ကျန်ရှိနေပါသေးသည်။

AIPMC အဖွဲ့ဝင်များဖြစ်သော Lily Chadidjah နှင့် Dadus Sumarwanto တို့က လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသည် မြန်မာနိုင်ငံတွင် အရေးကြီးသော ပြောင်းလဲမှုများအတွက် တက်ကြွစွာ အားပေးနိုင်ခြင်းမရှိမှုကို ကျေနပ်မှုမရှိခြင်းအား ဖော်ထုတ်ခဲ့သည်။

“အစိုးရပာာ အဓိကပြုပြင်ပြောင်းလဲမှုများကို အားပေးမည့်ကတိကဝတ်များ နည်းနေပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး မချွင်းမချန် လွှတ်ပေးဖို့နဲ့ တိုင်းရင်းသားအားလုံးနဲ့ ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ဖို့လိုပါတယ်” ပာု Lily ကပြောပါသည်။

Dadus က မြန်မာအစိုးရ၏ မြစ်ဆုံရေလှောင်တမံစီမံကိန်းနှင့် ရတနာနှင့်ရွှေ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင် လူ့အခွင့်အရေး ကျုးလွန်မှုများကို ဝေဖန်ခဲ့ပါသည်။

                                        *****************************************

Rule of Law အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေးပြောကြား

( Radio New Zealand မှ 15 Nov 2011 ရက်စွဲပါ “ Rule of Law paramount, says Aung San Suu Kyi” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက်လာပြီး တစ်နှစ်အတွင်း အစိုးရ၏ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းများကို သတိကြီးကြီးဖြင့်ကြိုဆို ပြောကြားလိုက်သည်။

လွတ်မြောက်မှု တစ်နှစ်ပြည့် မိန့်ခွန်းပြောကြားသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရ သမ္မတ၊ အလုပ်သမားဝန်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများကို တိုးတက်ပြောင်းလဲမှု လက္ခဏာများအဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

အစိုးရက နိုင်ငံရေးအကျဉ်းသား အတော်များများကို ဆက်လက် ထိန်းသိမ်းထားသော်လည်း အချို့အား လွှတ်ပေးခဲ့ခြင်းကို သူမက အသိအမှတ်ပြု ပြောဆိုသည်။

သို့သော်လည်း ကိုယ့်ကိုကိုယ် အလွန်အမင်း ကျေနပ်နေခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောဆိုလိုက်ပြီး တရားဥပဒေစိုးမိုးမှု Rule of Law ပျိုးထောင်ခြင်းသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးအခွင့်အလမ်းများ ပေးရာတွင် ရင်းနှီးမြှုပ်နှံမှုကို ဥပဒေဖြင့် ကာကွယ်ပေးသကဲ့သို့ လူ့အခွင့်အရေးကို ဥပဒေဖြင့် ကာကွယ်ပေးရန် လိုအပ်သည်ဟု သူမက ထောက်ပြပြောကြားခဲ့သည်။

ဒီလို ကာကွယ်ပေးတာမျိုး မရှိဘူးဆိုရင် အခုပြောင်းလဲ တိုးတက်မှုဟာ အဆက်မပြတ် ရေရှည်ခံလိမ့်မယ်လို့ ကျွန်မတို့ သေချာပေါက် လုံးဝ ပြောနိုင်မှာ မဟုတ်ပါဘူး ဟု သူမက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ နောက်ထပ် လွတ်ပေးလိမ့်မည်ဟူသော မျှော်မှန်းမှုများ ကြီးထွားလာချိန်တွင် သူမ၏ မှတ်ချက်ပေးမှု ထွက်ပေါ် လာခြင်း ဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။

                                        ****************************************

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမည့်ကိစ္စ မြန်မာအစိုးရ အချိန်ဆွဲ

(Channel News Asia မှ၊ 14 Nov 2011 ရက်စွဲပါ Myanmar 'delays' prisoner release ကို ဘာသာပြန်ဆိုသည်)

စစ်တပ်သြဇာ လွှမ်းမိုးမှုအောက်တွင်ရှိသော မြန်မာနိုင်ငံ၌ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမှု ဖြစ်ပေါ် လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးနောက် နှောင့်နှေးကြန့်ကြာနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

"ကျွန်တော်တို့အနေနဲ့ အခုအချိန်အထိတော့ အထက်ပိုင်းက အမိန့်တို့၊ ညွှန်ကြားချက်တို့ ပေးတာမျိုးမရှိသေးပါဘူး" ဟု အမည်မဖော်ပြလိုသူ အစိုးရအရာရှိကြီးတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားသည်။

ယခုလို နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးမည့်ကိစ္စကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက ဆွေးနွေးပွဲနောက်ဆုံးချိန်တွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောဆိုသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှာ ယခုရက်သတ္တပတ်အတွင်း အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ သွားရောက်မည်ဖြစ်ရာ အဆိုပါခရီးစဉ်မတိုင်မီ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ထွက်ပေါ်လာဖွယ်ရှိသည်ဟု မျှော်လင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။ "ကျွန်တော်ထင်ပါတယ်၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမယ့်ကိစ္စကို အချိန်ဆွဲထားတာဟာ သူတို့အနေနဲ့ သမ္မတရဲ့ လွတ်ငြိမ်းခွင့်ပြုမှုနဲ့ပဲ တဖြည်းဖြည်းချင်း လွှတ်ပေးသွားချင်တာကြောင့်ပဲဖြစ်မယ်"

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အကျဉ်းသား ၆၀၀၀ ကျော်ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးတွင် လွန်စွာအခရာကျသည့် အကျဉ်းသား အနည်းငယ်မျှသာ ပါဝင်ခဲ့ရာ အစိုးရအတိုက်အခံများက စိတ်ပျက်အားလျော့ခဲ့ကြသည်။ ဒီမိုကရေစီရေးလှုပ်ရှား သူများ၊ သတင်းစာဆရာများနှင့် ရှေ့နေများအပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေသည့် အနောက်နိုင်ငံများ၏ တောင်းဆိုချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည့်ကိစ္စကို အချိန်ဆွဲထားရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် အာဏာပိုင်များအနေဖြင့် အမှုတစ်ခုချင်းစီအပေါ် မူတည်ပြီး မည်သည့်အကျဉ်းသားများကို လွှတ်ပေးမည်ဟူသည့်အချက်ကို ဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ရသည်။

*******************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment