Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (3)
yangonchronicle 2011- (3)

၁၅.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ(အပိုင်း- ၃)

  1. တရုတ်တို့၏ ယွမ်နှင့် ပတ်သက်၍ လုပ်ဆောင်မှု လုံလောက်မှု မရှိသေးပာု Obama ပြော

(13 Nov 2011 ရက်စွဲပါ BBC News မှ Obama says China has not moved quickly enough on Yuan ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်ပြည်၏တတိယဝေဒနာ

(New York Times သတင်းစာမှ၊ 7 Nov 2011 ရက်စွဲပါ David Bandurski ရေးသားသော China's Third Affliction ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ 

တရုတ်တို့၏ ယွမ်နှင့် ပတ်သက်၍ လုပ်ဆောင်မှု လုံလောက်မှု မရှိသေးပာု Obama ပြော

(13 Nov 2011 ရက်စွဲပါ BBC News မှ Obama says China has not moved quickly enough on yuan ကို ဘာသာပြန်သည်)

အမေရိကန်ပြည်ထောင်စုသမ္မတ Barak Obama က တရုတ်နိုင်ငံသည် ၎င်း၏ ငွေကြေးတန်ဖိုး တက်လာရန် လုပ်ဆောင်နေမှုမှာ လုံလောက်မှု မရှိသေးကြောင်း ပြောကြားခဲ့သည်။

ပာာဝိုင်ယီတွင် ကျင်းပသော အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Apec) ထိပ်သီးအစည်းအဝေးတွင် သမ္မတ Barak Obama က ပြောကြားခဲ့ရာတွင် တရုတ်သည် အခြားနိုင်ငံများကဲ့သို့ပင် စည်းကမ်းစည်းမျဉ်းများကို လိုက်နာရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်နှင့် တရုတ်ကြားရှိ ပဋိပက္ခတွင် အဓိကအချက်မှာ ယွမ်၏ တန်ဖိုးပင် ဖြစ်သည်။

တနင်္ဂနွေနေ့က Apec အဖွဲ့ဝင်(၂၁) နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု အားကောင်းအရေးအတွက် ကုန်သွယ်မှု တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။

သို့သော် တရုတ်၏ငွေကြေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပျက်ယွင်းစေကြောင်း Obama က သတိပေးခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ငွေကြေးသည် ရှိသင့်သည့်တန်ဖိုးအောက် ၂၀% မှ ၂၅% လျော့နည်းနေသည်ကို စီးပွားရေး ပညာရှင်အများစုက သဘောတူ ကြသည်ပာု အမေရိကန်သမ္မတက ပြောသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံတွင် အမေရိကန်ပစ္စည်းများဈေးကြီးနေပြီး အမေရိကန်နိုင်ငံတွင် တရုတ်ပစ္စည်းများ ဈေးပိုပေါနေခြင်းကြောင့် တရုတ် နိုင်ငံသည် မတရားသဖြင့် ကုန်သွယ်မှုအသာစီးရနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ပြီးခဲ့သည့်နှစ်က အနည်းငယ်တိုးတက်မှုရှိခဲ့ပေမယ့်၊ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး” ပာု ပိာုနိုလူလူတွင် နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီး သမ္မတ Obama ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကုန်သွယ်မှုဖြေလျော့ပေးခြင်း

တနင်္ဂနွေနေ့က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ခေါင်းဆောင်များက ပြောကြားရာတွင် ဥရောပ ဘဏ္ဍာရေး အကျပ်အတည်းနှင့် ဂျပန်ငလျင်ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များသည် အားလုံး အတူတကွ ပူးပေါင်းအဖြေရှာရေးကို အားကောင်းလာစေသည်ပာု ဆိုသည်။

“၂၀၀၈-၂၀၀၉ ကမ္ဘာ့စီးပွားရေးကပ်အပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ကောင်းမွန်ရေး အဆက်မပြတ် တိုးတက်မှုအတွက် နောက်ထပ် ကုန်သွယ်မှု ဖြေလျော့ပေးမှုများ လိုအပ်သည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်” ပာု ဖော်ပြထားသည်။

သို့သော် ဝေဖန်သုံးသပ်သူများက ပြောကြားရာတွင် အထက်ပါ ကတိပြုမှုများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း ရှိ၊မရှိ ခေါင်းဆောင်များ ပြန်သွားပြီးနောက်တွင် စောင့်ကြည့်ရမည်ပာု ဆိုခဲ့ကြသည်။

ကုန်သွယ်မှု တိုးမြှင့်ခြင်းဆိုသည်မှာ နိုင်ငံခြား ပြိုင်ဆိုင်မှုအတွက် ဈေးကွက်ဖွင့်ပေးခြင်းပင်ဖြစ်ပါသည်။ အချို့  အာရှပစိဖိတ်တိုင်းပြည်များသည် ယခင်က ထိုသို့ပြုလုပ်ရန် တွန့်ဆုတ်နေခဲ့ကြပါသည်။

သမ္မတ Obama သည် ၎င်း၏ အပိုင်းအနေဖြင့် ဒေသတွင်းက နယ်စပ်များအား ဖွင့်ပေးကြရန် တွန်းအားပေးခဲ့ပြီး အာရှပစိဖိတ်ဒေသတွင် အမေရိကန်နှင့် ဆက်ဆံရေးသည် အမေရိကန်၏ ကြီးပွားတိုးတက်မှုအတွက် လုံးဝအရေးပါနေကြောင်း ပြောကြားခဲ့သည်။

၎င်းသည် အမေရိကန် ဦးဆောင်သော ဒေသတွင်း လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ဖြစ်သော Trans Pacific Partnership (TPP) အတွက် ထိပ်သီးအစည်းအဝေးတွင် ထောက်ခံမှုများ ပိုမိုရရှိရန် လုပ်ဆောင်နိုင်ပါသည်။

ဒေသတွင်းသဘောတူညီမှု

တနင်္ဂနွေနေ့က ကနေဒါနှင့် မက္ကဆီကိုတို့က ၎င်းတို့သည် ကုန်သွယ်မှု အတားအဆီးများ ဖယ်ရှားမည့် အစည်းအဝေးသို့ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ TPP ရဲ့ အချက်အလက်တွေကို ကြည့်တော့ ကနေဒါ အနေနဲ့ အလွယ်တကူ လိုက်နာနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရှေ့ဆက်ဖို့ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်” ပာု ကနေဒါ ဝန်ကြီးချုပ် Stephen Harper က ပြောကြားခဲ့သည်။

ကနေဒါသည် ဂျပန်နိုင်ငံက သဘောတူညီချက်အတွက် ဆွေးနွေးရာတွင် ပါဝင်ရန် သဘောတူပြီးနောက် ပါဝင်လာသော နိုင်ငံဖြစ်သည်။

                                        *******************************************

တရုတ်ပြည်၏ တတိယဝေဒနာ

(New York Times သတင်းစာမှ၊ 7 Nov 2011 ရက်စွဲပါ David Bandurski ရေးသားသော China's Third Affliction ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ရုံတွင်းသို့ အတန်းလိုက်ဝင်လာသည့် ရုပ်ရှင်ရှိုးပွဲလာ ပရိသတ်များနေရာယူနေကြပုံကို စူးစူးစိုက်စိုက်နှင့် တအံ့တသြကြည့်ကာ ဒါရိုက်တာ Zhao Dayong က ကျွန်တော့်ကို ယခုလိုစတင် ပြောဆိုသည်။ "တစ်ရုံလုံးပြည့်လုနီးပါးပဲနော်"။ ယခုလို အချိန်သမယမျိုး ဖြစ်လာမည်ဟု လွန်ခဲ့သည့် ၂ နှစ် လောက်က ကျွန်တော်ရော၊ ဒါရိုက်တာ Zhao ပါ စိတ်ကူးနိုင်ခဲ့ခြင်းမရှိပါ။ ထိုစဉ်က မြန်မာနိုင်ငံနယ်စပ်ဒေသမှ များစွာမဝေးကွာလှသည့် တရုတ်ပြည် တောင်ပိုင်းဒေသ၊ တောင်တန်းများပေါ်မှ Fugong မြို့တွင် နေထိုင်သော လီဆူးတိုင်းရင်းသားများအကြောင်း မှတ်တမ်းရိုက်ကူးနေခဲ့ကြသည်။ ခွင့်ပြုချက် မရရှိခဲ့သော လွတ်လပ်သည့် မှတ်တမ်းဇာတ်ကားဖြစ်သည့် ဒါရိုက်တာ Zhao ၏ "Ghost Town" မှာနောက်ဆုံးတွင် ပရိသတ်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ ထိုဇာတ်ကားမှာ တရုတ်ပြည်တွင် ဖွံ့ဖြိုးတိုးတက်မှု များစွာနောက်ကျ ကျန်ရစ်ပြီး ဝေးလံခေါင်သီသည့်ဒေသက ကွန်မြူနစ်တီလေး တစ်ခုအကြောင်းကို ရဲရဲဝံ့ဝံ့ရိုက်ကူးထားခြင်းဖြစ်ပါသည်။ သို့သော် ၂၀၀၉ ခုနှစ် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Lincoln Center တွင် ပွဲဦးထွက် ပြသစဉ်က ကြည်နူးလွမ်းဆွတ်ဖွယ် အသိအမှတ်ပြုမှုမျိုး ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ထို့အတူကျွန်တော်၏ အတွေးစများသည်လည်း ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြသခဲ့သည့် ရုပ်မြင်သံကြား အစီအစဉ်တစ်ခုဆီသို့ တဖြည်းဖြည်းချင်း ရောက်ရှိသွားသည်။ ယင်းအစီအစဉ်မှာ ဘေဂျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးတွင် စနစ်တကျ စီစဉ်ကျင်းပသည့် အဆင့်မြင့် ခေါင်းဆောင်ကြီးများ ဆွေးနွေးပွဲကိုပြသခြင်းဖြစ်သည်။ ဆွေးနွေးပွဲကို တရုတ်ပြည် ပေါလစ်ဗျူရိုအလုပ်အမှုဆောင်ကော်မတီ၏ အဖွဲ့ဝင်ကိုးဦးက သဘာပတိအဖြစ် ဦးဆောင်သည်။ အလံနီများနှင့် ကြီးမားသည့် ရွှေရောင်တူနှင့် တံစဉ်တံကြီးရှေ့တွင် တရုတ်သမ္မတကြီး ဟူဂျင်တောင်က ကွန်မြူနစ် ပါတီ၏ "ကြီးမားသော ဖွံ့ဖြိုးမှုနှင့် ဆိုရှယ်လစ်ယဉ်ကျေးမှုအရ ကြွယ်ဝချမ်းသာမှု မြှင့်တင်ဖော်ထုတ်ရေး" ဟု အမည်ရသည့် စာတမ်းကို တင်သွင်း ဖတ်ကြားသည်။ စာတမ်းတွင်ပါဝင်သည့် ဆုံးဖြတ်ချက်အကျဉ်းချုပ်မှာ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ယဉ်ကျေးမှုဟူသည် ပါဝါအပျော့ဖြစ်သည် ဟူသောအချက်ကို နားလည် သဘောပေါက်သည့် အားလျော်စွာယဉ်ကျေးမှုဆိုင်ရာဖန်တီးမှုများ တစ်ခေတ်ဆန်းနိုင်အောင်ဦးဆောင်မှု ပြုသွားမည် ဟူ၏။

ယခုကဲ့သို့ ကြီးကျယ်ခမ်းနားလှသော အိုင်ဒီရော်လော်ဂျီမျိုးပါသည့် အသုံးအနှုန်းမျိုး နှင့် ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများ၏ ကြီးမားသော နိုးထမှုဖြစ်အောင် မည်သို့မည်ပုံ ဦးဆောင်နေပါသည်ဟူသော ကြွားလုံးပါသည့် မိန့်ခွန်းမျိုး၏ နောက်ကွယ်က ဆိုလိုရင်းမှာအခြားမဟုတ်ပေ။ ယဉ်ကျေးမှု ကိစ္စက တရုတ်ပြည်၏ နိုင်ငံရေးရည်မှန်းချက်များအားလုံးကို ဖြည့်ဆည်းပေးနိုင်သေးသရွေ့ တရုတ်ခေါင်းဆောင်များက အားပေး အားမြှောက် ပြုပေးနေမည်ဟူသော အချက်ပင်ဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ အထက်ပါစာတမ်းပါ ဆုံးဖြတ်ချက်က ယခုလို အလေးအနက် ဖွင့်ဆိုထားသည်။

“တရုတ်ပြည်၏ အောက်ခြေလူထု၊ တစ်နည်းအားဖြင့် “ယဉ်ကျေးမှုလုပ်သား”(Cultural Worker) များအနေဖြင့် ပါတီ၏ အဓိကဦးတည်ချက်ကို ထိန်းသိမ်းတည့်မတ်ပေးရမည်ဖြစ်ပြီး ယဉ်ကျေးမှုဖန်တီးရာတွင် မှန်ကန်တိကျကာ ပတ်ဝန်းကျင်နှင့်အသားကျနိုင်သော လုပ်ဆောင်မှုမျိုး ဖြစ်အောင် လုပ်ကိုင်ရမည်”

               တရုတ်နိုင်ငံအတွက် ယဉ်ကျေးမှုကို ထိန်းချုပ်သည်ဟူသောကိစ္စမှာ အသစ်အဆန်းမဟုတ်ပေ။ တရုတ်ကွန်မြူနစ် အစိုးရသည် ၁၉၄၂ ခုနှစ်၊ ခေါင်းဆောင်ကြီးမော်စီတုန်းက စာပေနှင့် အနုပညာ အခန်းကဏ္ဍအပေါ် တရားသေသဘောမျိုးဖြစ်အောင် လုပ်ဆောင်ခဲ့သည့် အချိန်မှစ၍ ရှုပ်ထွေး လိမ်ပွေသော ယဉ်ကျေးမှုကို လက်ကိုင်ထားခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း တရုတ်တို့၏ ရိုးရာဓလေ့များအားလုံး ပျက်စီး ကွယ်ပျောက် သွားခဲ့သည်။ ယခုလို အောက်တိုဘာလအတွင်း ကွန်မြူနစ်ပါတီ(CCP)က  စာတမ်းတစ်စောင်ကို အလောတကြီး ထုတ်ပြန်ခဲ့သည့် ဖြစ်ရပ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တရုတ်ပြည်၏ ပါဝါနှင့် နေရာ အခန်းကဏ္ဍကြီးမားအောင် ယဉ်ကျေးမှုစွမ်းအားဖြင့် လုပ်ဆောင်သွားရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ ကွန်မြူနစ်ပါတီသည် မီဒီယာနှင့် ယဉ်ကျေးမှုအပေါ် ပြင်းပြင်းထန်ထန်ထိန်းချုပ်ပြီး  အများပြည်သူလူထု၏ သဘောထား အမြင်ကို ထိန်းကျောင်းပေးခြင်း အားဖြင့် တရားဝင်အခွင့်အာဏာ ဖြစ်ပေါ်လာအောင် နှစ်ပေါင်းများစွာကြိုးပမ်းခဲ့သည်။

ယခုအခါတွင်မူ CCP က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့သဘောထားအမြင်ကို ၎င်းစိတ်တိုင်းကျ လွှမ်းမိုးချုပ်ကိုင်ရန် မျှော်လင့်ထားပုံရသည်။ ယခုလို ကွန်မြူနစ်အစိုးရ၏ သင်္ကြန်အမြှောက်နှင့်တူသော လုပ်ရပ်များနှင့် ပြောဆိုမှုများကြောင့် တရုတ်အရေး လေ့လာစောင့်ကြည့်သူများက ကမ္ဘာ့ အသိုင်းအဝိုင်းတွင် တရုတ်ပြည်နှင့်ပတ်သက်၍ အဆိုးမြင်လာကြမည်ကို စိုးရိမ်လျက်ရှိကြသည်။ အဆိုပါ ယဉ်ကျေးမှုကိစ္စကိုလည်း ၎င်းတို့က “တတိယ ဝေဒနာ” ဟု ဝေဖန်ပြောဆိုကြပါသည်။ တရုတ်ပြည်သည် ဆင်းရဲမွဲတေမှုဝေဒနာကို ကုသရာတွင် ပြယုဂ်နိုင်ငံတစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ခေတ်မီ၍ အင်အား ကြီးမားသော တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့ပြီရာ ပြည်ပနိုင်ငံများ၏ ရန်စခြိမ်းခြောက်မှုများနှင့်လည်း ရင်ဆိုင်စရာမရှိတော့ပေ။ သို့သော် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးကြီးစိုးမှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရုတ်၏ အနေအထားမှာ ဘောင်ခတ်ခံထား ရသလို ဖြစ်လာခဲ့သည်။ တရုတ်ပြည်ဆိုလျှင် နိုင်ငံတကာ လူ့အခွင့်အရေအသိုင်းအဝိုင်းက အမြဲပင်တစေ ပြင်းထန်စွာဝေဖန်ကြသလို အနောက် မီဒီယာများကလည်း ဝေဖန်ရေးသားကြသည်ချည်းသာဖြစ်သည်။ သို့အတွက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူများ၏ မိမိတို့အပေါ် ဆန့်ကျင်သည့် အမြင်များ တစ်စထက်တစ်စ များပြားလာပြီဟု တရုတ်ခေါင်းဆောင်များကပို၍ ခံစားမိလာကြသည်။ အနောက်ယဉ်ကျေးမှုနှင့် တန်ဖိုးများ ကမ္ဘာလုံး အသွင် ဆောင်လာချိန်တွင် တရုတ် ယဉ်ကျေးမှုနှင့် တန်ဖိုးများ မရှိသလောက်ဖြစ်နေပေရာ ကွန်မြူနစ်အစိုးရ ခေါင်းဆောင်များက တစ်စုံတစ်ခု လုပ်ကိုင် လာလိုပုံ ရပါသည်။

၎င်းတို့က ယခုလို တိကျပြတ်သားသော သတ်မှတ်မှတ်ချက်များနှင့် စည်းမျဉ်းများ သတ်မှတ်ခြင်းဖြင့် ပါဝါအပျော့လိုအပ်ချက်ဖြစ်ပေါ်မှုကို အဆုံးသတ်နိုင်မည်ဟုလည်း မျှော်လင်းထားပုံရသည်။ သို့သော် ပြဿနာရှိသည့်အချက်မှာ ဖိနှိပ်တင်းကြပ်မှုပေါ်အခြေခံထားကာ နိုင်ငံတာ် ထိန်းချုပ်မှု အောက်မှ ယဉ်ကျေးမှုကို စီးပွားရေးဆန်ဆန် လုပ်ကိုင်မည်ဆိုပါက တရုတ်နိုင်ငံရေးစနစ်၏ တရားမျှတမှုမရှိသော အရေးကိစ္စများကို မီးမောင်းထိုးပြ လိုက်ရာ ရောက်သွားနိုင်ခြင်းပင်ဖြစ်သည်။ တရုတ်ပြည်၏  တတိယဝေဒနာမှာ မိမိဘာသာမိမိ စွဲကပ်အောင်လုပ်ယူသည့် ရောဂါတစ်မျိုးပင် ဖြစ်တော့ သည်။ နာမည်ကျော် တရုတ်လူမျိုး Blogger တစ်ဦးဖြစ်သော Han Han က “ယဉ်ကျေးမှုကိစ္စကို ဆင်ဆာတည်းဖြတ်တဲ့ အစိုးရတွေအနေနဲ့ သူတို့ရဲ့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ကိုင်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်ဖွယ်ရာ ရှိချင်မှရှိတော့မှာပါ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးရဲ့ လှောင်ပြောင် သရော်မှု ဒဏ်ကိုတော့ ကြံ့ကြံ့ခံနိုင်အောင် မဖြစ်မနေပြင်ဆင်ထားဖို့လိုပါတယ်” ဟု ဆိုသည်။

ဘေဂျင်းအစိုးရက ရုပ်ရှင်လုပ်ငန်းဘတ်ဂျက်ဖြင့် ဝါဒဖြန့်ဇာတ်ကားကောင်းများ ထွက်ပေါ်လာအောင် ထောက်ပံ့မှုများ ပြုလျက်ရှိသော်လည်း စစ်မှန်သော ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှုများဖြစ်ပေါ်ရန် လွယ်ကူချောမွေ့မည်မဟုတ်ပေ။ လွတ်လပ်သည့် အနုပညာရှင်များ၊ စာရေးဆရာ များနှင့် Zhao ကဲ့သို့သော ရုပ်ရှင်ဒါရိုက်တာကြီးများ အနေဖြင့် ဆင်ဆာတည်းဖြတ်ခံရမည့်ကိစ္စကို ရှောင်ရှားကြမည်သာဖြစ်သည်။

အောက်တိုဘာလက ဘေဂျင်းတွင်ပြုလုပ်သည့် အဆိုပါ တရုတ်ကွန်မြူနစ်ပါတီ ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် မကြာမီပင် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ မီဒီယာသတင်းပေးပို့ချက်များ ထွက်လာသည်။ ယင်းမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်မှု” ဟူသည့် ဇာတ်ကားကို Lincoln Center ၌ အောက်တိုဘာလ ၁၇ ရက်နေ့က ပြသခဲ့ရာ ရွှေပွဲလာပရိတ်သတ် တစ်ဦးတလေမျှပင်မရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဇာတ်ကားကို “အရှေ့ဆီမှ ကတိကဝတ်” ဟူသည့် စီရီးဇာတ်လမ်းတွဲ ပြသနိုင်ရေးအတွက် မိတ်ဆက်သည့်သဘောဖြင့် ပြသခဲ့ခြင်းဖြစ်သည်။ သို့သော် ထူးခြားသည်မှာ တရုတ် ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ ပွဲစီစဉ်သူများပင် ရှိုးပွဲသို့ တက်ရောက်မှုမရှိခြင်းပင်ဖြစ်သည်။

******************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment